ဟုတ်ကဲ့ခင်ဗျာ။ ။ (၁၉၉၀) ရွှေးကောက်ပွဲအောင်မြင်ရေး ပိသုကာကြီး ဖြစ်တဲ့ ဦးကြည်မောင် ကွယ်လွန်ခြင်း (၆)နှစ်မြောက် အခမ်းအနားတရပ်ကို ထိုင်း-မြန်မာနယ်စပ် မဲဆောက်မှာကျင်းပခဲ့ပါတယ်။ ဦးကြည်မောင် ဆိုတာ ဟာ NLD ရဲ့ ပုံရိပ်စစ်တစ်ခုဖြစ်ခဲ့တဲ့အပြင် အဲဒီထက် ရှေးကျတဲ့ သမိုင်းတွေကို လေ့လာကြည့်ရင်လည်း (၁) ဟင်္သာတ ကိုကြည်မောင် (ဒဂုံဆောင်၊ ရန်ကုန်တက္ကသိုလ်)ကျောင်းသားတစ်ဦးအနေနဲ့ တတိယကျောင်း သားသပိတ်မှာ ပါဝင်ဆင်နွဲခဲ့ပြီး ဗိုလ်အောင်ကျော်တို့နဲ့အတူ အင်္ဂလိပ်နယ်ချဲ့ နံပါတ်တုတ်စာမိခဲ့သူ၊ (၂) ဂျပန် ဘုရင် စစ်တက္ကသိုလ် (ဂျပန်နိုင်ငံ)ဆီကို စစ်ပညာသင်ကြားပြီး
`ဗိုလ်ကြည်မောင်´မှသည် `ဗိုလ်မှူးကြီးကြည်မောင်၊ နတခတိုင်းမှူး၊ လယ်ယာစိုက်ပျိုးရေးဌာနတာဝန်ခံ(၀န်ကြီးအဆင့်) တာဝန်ယူပြီးကာမှ ဗိုလ်နေ၀င်းကို အာခံအန်တုပြီး တာဝန်မှ ရပ်စဲခြင်းခံရသူ၊ (၃) သမိုင်းဝင် ဗိုလ်မှူးကြီးဗထူး (ကွယ်လွန်)၏သား `ဗိုလ်မြင့်ထူး´ကို လမ်းညွှန်စောင့်ရှောက်ခဲ့မှုကို သွေးတိုးမြှောက်ပင့်ခဲ့သည်ဟု ထိုစဉ် မဆလအစိုးရက ယူဆကာ ထိန်းသိမ်းခံခဲ့ရသူ၊ (၄) ၁၉၈၈ ခုနှစ် ရှစ်လေးလုံး လူထုအရေးတော်ပုံကြီးကာလတွင် ဦးအောင်ကြီးနှင့်အတူ မဆလ အစိုးရ၏ ရက်ပိုင်းထိန်းသိမ်းခံခဲ့ရသူ၊ (၅) ဦးအောင်ကြီးအုပ်စုတွင် ပါဝင်သော်လည်း ဦးအောင်ကြီး၏ `NLD တွင် ကွန်မြူနစ်များ ပါဝင်နေသည်´ဟူသည့် စွပ်စွဲချက်ကို လက်မခံပဲ ဒေါ်စုနဲ့ ဦးတင်ဦးတို့နဲ့ အတူ ပါဝင်ရပ်တည်ခဲ့သူ၊ (၆) စာဖတ်အားကောင်းအောင် လေ့ကျင့်ပုံ၊ စာမှတ်အားကောင်းအောင် လေ့ကျင့်ပုံတို့အပြင် ခေတ်အမြင်၊ ခေတ်အတွေး၊ အထွေထွေဗဟုသုတများကို NLD လူငယ်များနဲ့ အခြားကျောင်းသား လူငယ်အင်အားစုများအား လက်တွေ့ကျကျ သင်ကြားပြသပေးခဲ့သူ စသဖြင့် သတိရစရာများအပြင်- `ခင်ညွန့်လို လူစားမျိုးကိုတော့ နူရက်ဘတ် စစ်ခုံရုံးတင်ရမှာပဲ´ဆိုတဲ့ သမိုင်းဝင်စကားကို ပြောကြားခဲ့သူတစ်ဦး၊ သမိုင်းဂုဏ်ရောင်ပြောင်ခဲ့သူ တစ်ဦးအကြောင်းကို ကျနော်တို့ ဒီကနေ့ သတိတရ ပြောဖြစ်ခဲ့ကြပါတယ်။
** သတင်းမှတ်တမ်း- မြန်မာပြည်သား **

No comments:
Post a Comment