ရဲခေါင်ပြောက်ကျား ချေဂွေဗားရား ကျဆုံးခဲ့ရသော ၁၉၆၇ ခုနှစ် အောက်တိုဘာလ ၉ ရက်နေ့ကို ဂုဏ်ပြုသောအားဖြင့် ၂၀၀၈ ခုနှစ်၊ အောက်တိုဘာ ၉ ရက်နေ့မှစ၍ အဖိနှိပ်ခံမြန်မာပြည်သားများအတွက် ရည်ရွယ်လျက် မြန်မာပြည်သားဘလော့ဂ်ကို အမှတ်တရ တင်ဆက်လိုက်ပါသည်။ ** ခွန်အားမျှဝေ... တို့တတွေသည်... မလွဲမသွေ ပြည်သူတွေအတွက်... **

Monday, August 23, 2010

သူရဲကောင်းစိတ်ဓါတ်များ မွေးမြူပေးကြပါ။

> " ငါတို့ ဗမာပြည်ဝယ် မိဘတိုင်းက ကွယ်xxx ဗိုလ်အောင်ဆန်းလို သူရဲကောင်းတွေ မွေးရမယ် " ထိုသီချင်းစာသား လေးကို အလွန်ကြိုက်၏ ။ လူတော်တော်များများလည်း လွန်စွာ ကြိုက်နှစ်သက်လှသည် ကို တွေ့ရတာဘဲ ။ ငယ်ငယ်တုန်းက တော့ သူရဲကောင်းဆိုတာ မွေးကတည်းက အလွန်သတ္တိရှိသော သူဟု ထင်မြင်ယူဆခဲ့တာလည်း အမှန်ပါ ဘဲ ။ နောက်ပိုင်းစာတွေ များများဖတ်မိလာသော အခါ သူရဲကောင်းဆိုသော သဘာဝကို ပိုမိုသိရှိနားလည် သဘောပေါက်လာမိသည် ။ လူတိုင်းလူတိုင်း သူရဲကောင်းစိတ်ဓါတ်ကို မွေးမြူကြရင် ကိုယ်တိုင် သူရဲကောင်း ဖြစ်လာနိုင်တယ်ဆိုတာကို တကယ်နားလည် သဘောပေါက်လာတယ် ။

ဒါပေမယ့် ဒီနေ့မြန်မာနိုင်ငံလက်ရှိအနေအထား ကိုကြည့်လိုက်ရင်တော့ အဲဒီ သီချင်းကို ရင်ထဲက စိတ်ပါလက်ပါ ဆိုခဲ့ကြတဲ့လူကြီးတွေ မိဘနေရာကို ရောက်နေကြပါပြီ ။ဒါပေမယ့် ကျွန်တော့ မိဘ အပါအ၀င် တော်တော်များများက သူတို့ သားသမီးတွေ သူရဲကောင်းဖြစ်မှာကို မသိစိတ်က စိုးရိမ်နေကြတယ် ။ ဒါကြောင့် နိုင်ငံရေးဆိုတာကို သားသမီးတွေ နဲ့ မပက်သက်အောင် တဖြည်းဖြည်းပုံသွင်းလာကြာတာကို တွေ့ရတော့ သူတို့ တွေ ငယ်ငယ်က ဆိုခဲ့တဲ့ သီချင်းလေးဘဲ ပြန်ဖွင့်ပြပြောဆိုရမလို ဖြစ်နေပြီ ။ သားသမီးတွေ ကို တကယ်ချစ်တဲ့ မိဘဆိုရင် လမ်းမှန်ပြပေးရမယ်လို့ဘဲ ထင်ပါတယ် ။ သူတို့တွေ သားသမီးတွေကို စိုးရိမ်စိတ်နဲ့ ပြောကြလို့ နိုင်ငံရေးဆိုတာ လူငယ်တွေ အနနဲ့ မသီစရာ ကြောက်စရာ သဘောမျိုးခံယူလာကြတာတော့ မကောင်းပါဘူး ။

သူတို့ တွေ တကယ်တန်းပြောပြသင့်တာက သူတို့တွေရဲ့ ငယ်ဘ၀တွေ နဲ့ အခုချိန်နဲ့ နှိုင်းယှဉ်ရင် ဘယ်လို ကွာခြားသွားပြီ ။ဟိုအရင်ခတ်က ၀န်ထမ်းတစ်ယောက်လုပ်စာကို တစ်မိသားစုလုံး ထိုင်စားလို့ရတယ် ။ အခုအနေအထားက တစ်အိမ်လုံးလုပ်နိုင်ကိုင်နိုင်တွေလုပ်နေကြတာတောင် ၀မ်းဝရုံဘဲရှိတော့တာ ။ ဒီလိုပြောင်းလဲလာရတဲ့ အဓိကအကြောင်းတွေကို ပြောပြရမှာ ။ အခုတော့အကြောက်တရားတွေ ကို ပြောကြား ကိုယ့်သားသမီးကို သူရဲကောင်းမဖြစ်စေချင်တာ မိဘတွေ ချစ်တာ မဟုတ်ဘူး ၊ နှစ်သလိုဖြစ်နေပြီဆိုတာ ဆင်ခြင်ကြည့်ကြဖို့ကောင်းပါပြီ ။ ကိုယ့်သားသမီး သူရဲကောင်းပါ ဆိုတာ ဂုဏ်ယူချင်တဲ့မိဘတွေ များလာမှ အာဏာရှင်စနစ်ဆိုးအောက် ကလွတ်မြောက်ပြီး တိုင်းပြည် တိုးတက်ထွန်းကားလာမှပါ ။ သူရဲကောင်းဆိုတာ ပြည်သူလူထုက အမြဲတမ်လေးစားချစ်ခင် ယုံကြည်မှုကို ခံရတယ်ဆိုတာ ဗိုလ်ချုပ်အောင်ဆန်းကို ကိုကြည့်လိုက်တာနဲ့ သိသာပါတယ်။ အဲဒီလိုပါဘဲ ကိုယ်တိုင် သူရဲကောင်းဖြစ်လာရင် ပြည်သူလူထု ကလေးစားချစ်ခင်ကြမှာဘဲ ။

ကျွန်တော်တို့ နိုင်ငံဟာ အခုအချိန်မှာ နိုင်ငံတကာအလယ်နဲ့ နိုင်းယှဉ်ကြည့်၇င် အရမ်းကို အောက်တန်းကျနေပါပြီ ။ စိတ်ဓါတ်တွေလည်း ပျက်ပြားကုန်ကြပါပြီ ။ သာသနာဆိုတာလည်း ရစရာ မရှိတော့ဘူး ။ နိုင်ငံတကာက လူတွေက မြန်မာလူမျိုးဆိုရင် ဗုဒ္ဓဘာသာနဲ့ တွဲမြင်လေ့ရှိတယ် ။ အခုတော့ရတနာ သုံးပါးမှာ တစ်ပါး အပါအ၀င်ဖြစ်နေတဲ့ သံဃာကို စော်ကားလည်း ထိုင်ကြည့်နေရတာဘဲ ။ အာဏာရှင်တွေ စော်ကားသမျှ ခေါင်းငုံ့ခံနေကြတာ ပြည်သူလူထု မှာ အကြောက်တရားတွေ ဖုံးလွှမ်းနေကြလို့ပါဘဲ ။ အခုချိန်မှာတောင် ရယက ဥက္ကဌလောက်ကို မျက်နှာချိုသွေးနေကြရတဲ့ မြန်မာလူမျိုးတွေ ၊ နောင်ဆို ဘာတွေဆက်လက် ဖြစ်ပွားလာနိုင်လဲ အနည်းငယ်စဉ်းစားပြီး အသိတရားရဖို့ ချိန်တန်နေပါပြီ။ အဲဒီလို အကြောက်တရားတွေ ဖုံးလွှမ်းလာလေ သူတို့ပိုမိုစော်ကားလေ ဆိုတာ မမေ့ကြပါနဲ့ ။ နိုင်ငံအရေး ကို အတိုကောက်နဲ့ အဆင်ပြေအောင် နိုင်ငံရေးလို့ ခေါ်ကြတာပါ ။ နိုင်ငံအရေးဆိုတာ နိုင်ငံသားအားလုံးနဲ့ သက်ဆိုင်ပါတယ် ဆိုတာတော့အားလုံး သိပြီးသားပါ ။ ဒါဆို ကျွန်တော်တို့ တစ်တွေ နိုင်ရာတာဝန်ထမ်းသင့်ကြတယ်လို့ ပထမဆုံး အနေနဲ့ ဆုံးဖြတ်ချက်တွေ ချလိုက်ကြရင်မကောင်းဘူးလား ။

ရွေးကောက်ပွဲဆိုတာ နိုင်ငံတကာ ဖိအား (၀ါ) ပြည်ပရောက်မြန်မာ့ဒီမိုကရေစီ အင်အားစုသယ်ဆောင်လာတဲ့မုန်တိုင်း ကို ကာကွယ် ဖို့ ဟန်ပြလုပ်နေတယ်ဆိုတာ အားလုံး အသိပါဘဲ ။ သူတို့တွေမှာ ကြိုတင်စီစဉ်ပြီးသား ။ ဒါပေမယ့် လူထုကို သေနတ်ပြခြိမ်းခြောက်ပြီး တစ်အိမ်တစ်ယောက် မလာ မနေရ စနစ်နဲ့ အတင်းသဘောတူခိုင်းခဲ့တဲ့ အခြေခံဥပဒေဆိုတာ သူတို့ တွေမေ့နေကြတာလား ၊ ဒါမှမဟုတ်ရင် အခြေခံဥပဒေလိုဘဲ ပြည်သူလူထုကို အနိုင်ကျင့်မဲပေးခိုင်းမယ်လို့ သူတို့တွေ တွေးထင်ထားကြတာလား မသိပါဘူး ။ တစ်သွေးတစ်သံ တစ်မိန့် ဆိုတဲ့ စကားအောက်မှာ ဒုက္ခရောက်နေကြတဲ့ တပ်မတော် များ အပါအ၀င် ပြည်သူ့ဝန်ထမ်းတွေ များစွာ ရှိပါတယ် ။ သူတို့တစ်တွေလည်း အာဏာရှင်လက်အောက် က ရုန်းထွက်ချင်နေကြတယ်ဆိုတာ ကို အတွင်းစကားတွေနဲ့ တော်တော်များများကြားသိထားရတယ် ။ တကယ်တမ်းလည်း ဟုတ်ပါတယ် အာဏာရှင်တွေရဲ့ အုပ်ချုပ်ရေး ယန္တရားကို အဓိက မောင်းနှင်ပေးနေတာကလည်း တပ်မတော်သားတွေနဲ့ ၀န်ထမ်းတွေပါဘဲ ။ အာဏာရှင်တွေ စည်းစိမ်ချမ်းသာ အမျိုးမျိုးခံစားနေကြပေမယ့် သူတို့တွေဘ၀ကတော့ ပြည်သူများနဲ့ မခြား နင်းပြားတွေပါဘဲ သူတို့တွေကို အမှန်တရားဆိုတာ နားလည် သဘောက်ပေါက်လာအောင် ပြောဆိုပေးကြပါ ။

ကိုယ့်ရဲ့ရန်သူကို တိုက်မယ်ဆိုရင် ဟာကွက် ပျော့ကွက်ကို အရင်ဆုံးရှာဖွေကြရမယ်။ အင်နည်း အနည်းဆုံး အချိန်မှာ ၀င်ရောက်တိုက်ခတ်တတ်ရမယ်ဆိုတာ တဲ့ အခြေခံသဘောတရားကို တော့ လူတော်တော်များများ သိရှိနားလည်ပြီးသားပါ ။ အာဏာရှင်လူတစ်စု အတွင်းမှာတောင် စစ်မှန်တဲ့ ယုံကြည်မှုနဲ့ တည်ဆောက်ထားတာမဟုတ်ကြလို့ တစ်ယောက်နဲ့ တစ်ယောက် ယုံကြည်မှုမရှိကြပါဘူး။ သူတို့ အစီအမံက ၀န်ကြီးချုပ် အပါအ၀င်အုပ်ချုပ်ရေး ပိုင်းက အရာရှိတော်တော်များများကို လူဝတ်လဲပြီးေ၇ွးကောက်ပွဲ ၀င်ခိုင်းမယ် ။ ပြီးရင် ဦးသန်းရွှေက အာဏာကို ဆက်လက်ထိမ်းသိန်းကြမယ်လို့ ကြံစည်ခဲ့ကြတယ် ။

တကယ်လည်းလူဝတ်လဲခိုင်းမယ်ဆိုတော့ သိတဲ့အတိုင်း အချင်းချင်း မယုံကြည်မှုက ပြဿနာ စလာကြမှာပါဘဲ ။ ယူနီဖောင်းချွတ်လိုက်တာနဲ့ သူတို့ရခဲ့သမျှ အာဏာတွေ ရုပ်သိန်းခံရတာ နဲ့တူတူပါဘဲ ။ သူတို့လောက ကလည်းအာဏာမရှိတာနဲ့ တပြိုင်နက်ထဲ ချောင်ထိုးပြီးသားဆိုတာ ပြည်သူလူထုအားလုံး သိပြီးသားဖြစ်မှာပါ ။ အဲဒီအချိန်ဟာ ကျွန်တော်တို့ ပြည်သူလူထု လုပ်ရှားဖို့ အကောင်းဆုံး အချိန်ပါဘဲ ။ အတွင်းအက်နေတဲ့ အချိန်မှာ အပြင်ကတစ်ချက်လောက် ၀ိုင်းပြီး ထုနှက်လိုက်တာနဲ့ အားလုံးလိုချင်တဲ့ အာဏာရှင်စနစ်ဆိုးကြီးကို ဖြိုခွင်းနိုင်မှာပါ ။

ဒီမိုကရေစီကို လိုချင်ရင် ဒီမိုကရေစီ ရနိုင်မည့် နည်းလမ်းကို ချဉ်းကပ်ကြတာ အမှန်ဆုံးပါဘဲ ။ ကျွန်တော်တို့ မြန်မာလူမျိုးတွေ ဒါနပြုတဲ့ နေရာမှာ အားနည်းချက် တစ်ခုရှိပါတယ် ။ ဘုရားပုထိုးစေတီကျောင်းကန် ဇရပ်တွေ ဆောက်လုပ်လှူဒန်းဖို့ဆို စိတ်အားထက်သန်ကြပေမယ့် လူမှုရေး အလှူဆို အားနည်းကြသေးတယ်။ အခုတော့ ဆရာတော် ဦးညဏိဿရ ၊ ဦးသုမင်္ဂလ ၊ ရွေပြည်သာ ဆရာတော်နှင့်တကွ သံဃာတော်များ ၊ ကိုကျော်သူ ၊ လမ်းပြကြယ်ဦးအေးမြင့် အစရှိသည့် ပြည်သူ့ အကျိုးဆောင် များကြောင့် လူမှုရေးအလှူတွေ ကို လှူတတ်လာကြပြီ ။ ဒါပေမယ့်လည်း အားရကျေနပ်နိုင်တဲ့ အဆင့်တော့ မဟုတ်သေးပါဘူး ။ နိုင်ငံအကြိုးသယ်ပိုးနေတဲ့လူတွေကို ၀ိုင်းဝန်းကူညီကြတာဟာ အမျိုးဘာသာ သာသနာ အားလုံးကို လှူဒန်းတာနဲ့ အတူတူပါဘဲ ။ အာဏာရှင်စနစ်ဆိုးကို ဖြုတ်ချဖို့ကြိုးစားတာဟာ မြန်မာလူမျိုးတွေကို ဒုက္ခဆိုးကြီးထဲက ကူညီလိုက်တာနဲ့တူတူပါဘဲ ။ မီးလောင်တယ်ဆိုရင် ကြားတာနဲ့ ကူညီပေးသင့်တယ် ။ ငါအိမ်နဲ့တော့ဝေးပါသေးတယ် ဆိုတဲ့အတွေးနဲ့ နေလိုက်လို့အဲဒီလောင်တဲ့မီး အားကြီးလာရင် ကိုယ်အိမ်လဲ မီးထဲပါသွားနိုင်တယ်ဆိုတာ ဥပမာထား စဉ်းစားစေလိုပါတယ် ။ အဲဒီတော့ စစ်မှန်တဲ့ ဒီမိုကရေစီ အတွက် တိုက်ပွဲဝင်တဲ့ သူရဲကောင်းတွေ ရှိနေတဲ့ အချိန်အခါလေးမှာ မိမိတို့ တတ်နိုင်တဲ့ ဘက်က ပါဝင်ကူညီကြပါလို့ ရိုးသားစွာဘဲ မေတ္တာရပ်ခံ အပ်ပါတယ်။

နောက်ဆုံးအနေနဲ့ပြေချင်တာကတော့ မိမိတို့ နိုင်ရာတာဝန်ကို ထမ်းဆောင်ပေးကြပါ ။ လူကြီးမိဘများအနနဲ့ သားသမီးများတွေ ရင်ဘတ်ထဲက အကြောက်တရားကို မောင်းထုတ်ပြီး သူရဲကောင်းများစိတ်ဓါတ်များ ဖြစ်ပွားလာအောင် သွန်သင်ဆုံးမပေးကြပါ ။ တစ်ဦးရဲ့ အမှားကို တစ်ဦးက ပြစ်တင်ပြောဆိုနေကြမည့် အစား လမ်းမှန်ပြပေးကြပါ ။ တစ်ယောက်နဲ့ တစ်ယောက် လုပ်နိုင်တာချင်း မတူတာကို အားလုံးနားလည်ပေးကြပါ ။ ကိုယ်တိုင်ဦးဆောင်ဆန္ဒမပြရဲကြပေမယ့် လက်ခုပ်တီးပြီးအားပေးတယ်ဆိုရင်တောင် ခဲနဲ့ပေါက်တာမဟုတ်တဲ့အတွက် သူရဲ့လုပ်ရပ်ကို ချီးကြူးရမှာပါ ။ လူကိုယ်တိုင် မပါဝင်နိုင်လို့ငွေအားနဲ့ကူညီရင် လည်း ချီးကြူးပေးကြရမှာဘဲ ။ အားလုံးရဲ့ဦးတည်ချက်က အာဏာရှင်စနစ်ဖြုတ်ချရေး ဖြစ်တာကြောင့် တစ်ဦးနဲ့ တစ်ဦး အဖွဲအစည်း တစ်ခုနဲ့ တစ်ခု ပူးပေါင်းဆောင်ရွက်ကြပါလို့ အသိပညာရှင် အတတ်ပညာရှင်တွေကို မေတ္တာရပ်ခံ ပန်ကြားအပ်ပါတယ်။

မြန်မာလူမျိုးတွေဟာ အင်မတန်သတ္တိရှိကြပါတယ် ဆိုတာ ကျွန်တော် ယုံကြည်ပါတယ် ။အမှန်တရားမှာ အင်အားရှိတယ်ဆိုတာ ဒေါ်အောင်ဆန်းစုကြည်ကို ဒီနေ့ အာဏာရှင်လူတစ်စု အရမ်းကြောက်နေ ကြတာကိုသာ ကြည့်ကြပါ ။ တကယ် ဒီမိုကရေစီဆိုတဲ့ လွတ်လပ်ပြီး တရားမျှတတဲ့ တိုင်းပြည်ကို ရောက်ချင်တယ်ဆိုရင် ကိုယ်နိုင်ရာ တာဝန်ကို ထမ်းဆောင်ပေးကြပါ ။ ပြည်ပရောက် မြန်မာလူမျိုးတွေဟာ ပြည်တွင်းအင်အားစုတွေနဲ့စာရင် အစစအရာရာ အားသာချက်တွေရှိပါတယ် ။ အဲဒီတော့ ပြည်ပရောက် မြန်မာလူမျိုး ညီအစ်ကို မောင်နှမ များအားလုံးကို မေတ္တာရပ်ခံချင်တာကတော့ ကျွန်တော်တို့ တစ်တွေ သူများတိုင်းပြည်မှာ ကျွန်သက်ရှည်ရှည် မနေကြရအောင် ကျွန်တော်တို့ တတ်နိုင်တဲ့ ငွေအားနဲ့ နည်းပညာကို အသုံးချပြီး ပြည်တွင်းအင်အားစုတွေ အကောင်းဆုံးနဲ့ အထိရောက်ဆုံးလုပ်ရှားနိုင်ဖို့ ၀ိုင်းဝန်းကူညီကြပေးကြပါလို့ အလေးအနက် တိုက်တွန်းပြောကြားချင်ပါတယ်။ ကျွန်တော်တို့ တတွေ စည်းလုံးညီညွတ်စွာ နဲ့ သူရဲကောင်းစိတ်ဓါတ်တွေ မွေးမြူပြီး အာဏာရှင်စနစ်ဆိုးအောက် က လွတ်မြောက်ပြီး ခေတ်မှီလှပသော ငြိမ်းချမ်းသာယာသောဒီမိုကရေစီ နိုင်ငံကြီးသို့ အမြန်ဆုံးချီတက်ကြပါစို့ ။

ခင်မင်လေးစားလျှက် -

**ဗမာ့သွေး**

" ငါတို့ ဗမာပြည်ဝယ် မိဘတိုင်းက ကွယ်xxx ဗိုလ်အောင်ဆန်းလို သူရဲကောင်းတွေ မွေးရမယ် " ထိုသီချင်းစာသား လေးကို အလွန်ကြိုက်၏ ။ လူတော်တော်များများလည်း လွန်စွာ ကြိုက်နှစ်သက်လှသည် ကို တွေ့ရတာဘဲ ။ ငယ်ငယ်တုန်းက တော့ သူရဲကောင်းဆိုတာ မွေးကတည်းက အလွန်သတ္တိရှိသော သူဟု ထင်မြင်ယူဆခဲ့တာလည်း အမှန်ပါ ဘဲ ။ နောက်ပိုင်းစာတွေ များများဖတ်မိလာသော အခါ သူရဲကောင်းဆိုသော သဘာဝကို ပိုမိုသိရှိနားလည် သဘောပေါက်လာမိသည် ။ လူတိုင်းလူတိုင်း သူရဲကောင်းစိတ်ဓါတ်ကို မွေးမြူကြရင် ကိုယ်တိုင် သူရဲကောင်း ဖြစ်လာနိုင်တယ်ဆိုတာကို တကယ်နားလည် သဘောပေါက်လာတယ် ။

No comments:

Total Pageviews

Labels

ပညာပေး (1488) ကာတွန်းဟာသ (1343) ဟာသ (899) ဆောင်းပါး (822) ကဗျာ (777) သတင်း (533) .ဆောင်းပါး (512) အက်ဆေး/၀တ္ထုတို (504) ကြော်ငြာ (432) နိုင်ငံတကာထူးခြားသတင်း (388) ပညာပေး... (326) နိုင်ငံတကာ ထူးခြားသတင်း (321) ကဗျာ (279) နိုင်ငံတကာအခြားသတင်း.. (253) ကဗျာ… (228) ပုံပြင် (220) ဆောင်းပါး…. (203) အက်ဆေး (191) ဘောလုံးဟာသ...။ (156) သဘောထားအမြင် (149) Cartoon (145) သတင်း.... (139) ကဗျာ... (136) ကဗျာ..... (132) ပညာပေး.. (131) နိုင်ငံတကာ အခြားသတင်း.. (123) ပြည်တွင်းသတင်း (118) သတင်း..။ (114) သတင်းတို (111) သရော်စာ… (106) ဝတ္ထုတို (105) ၀တ္ထုတို (95) ဓါတ်ပုံသတင်း (81) သတင်း.. (79) ပေးစာ (79) ဘာသာပြန် ဝတ္ထုတို (75) ဓာတ်ပုံသတင်း (72) ကာတွန်း (64) ဓာတ်ပုံသတင်း..။ (64) သရော်စာ (64) နိုင်ငံတကာ အခြားသတင်း (60) ဓာတ်ပုံသတင်း.. (54) မေတ္တာစာ (54) အောက်မေ့ဘွယ်စာလွှာ (53) သတင်း. (47) ဘာသာပြန်အက်ဆေး (46)်ပုံပြင် (45) ကာတွန်းဟာသ- (44) ဘောလုံးဟာသ... (44) နိုင်ငံတကာအခြားသတင်း (43) -ကာတွန်းဟာသ (40) နိင်ငံတကာ အခြားသတင်း (39) ကဗျာ. (37) သတင်းဆောင်းပါး (36) News (35) ကာတွန်း ဟာသ (34) ပညာပေး) (33) ကဗျာ(ဟာသ) (32) ဟာသကဗျာ (32) အောင်မြင်ရေးဒဿန (30) xပညာပေး) (29) ကြေညာချက် (28) ရုပ်သံ သတင်း (25) ဂျာနယ် (24) TV (23) နိုင်ငံတကာ အခြားသတင်း. (23) ဘာသာပြန်ဆောင်းပါး (20) ရင်ဖွင့်သံ (19) သရဲဇာတ်လမ်း (19)်ပုံင်္ပြင် (18) ထုတ်ပြန်ချက် (14) ဓာတ်ပုံ (13) ဘာသာပြန်ပုံပြင် (13) ဓာတ်ပုံသတင်း (12) သတင်းဓါတ်ပုံ (12) သီချင်း (12) အင်တာဗျူး (12) အတွေးအမြင် (12) ဓာတ်ပုံသတင်း. (11) ပုံင်္ပြင် (11) အယ်ဒီတာ့ထံပေးစာ (11) ဥာဏ်စမ်း (11) Photo News (10) poem (10) ဂျာနယ် (10) ဟာသအက်ဆေး (10) (ကျန်းမာရေး ပညာပေး) (9) . (9) x ပညာပေး) (9) ဘာသာပြန် (9) The Article (8) ခရီးသွား.ဆောင်းပါး (8) နိုင်ငံတကာအခြားသတင်း (8) ဘာသာရေးဆောင်းပါး (8) သတင်း.ဆောင်းပါး (8) ဗေဒင် (8) သတင်းတို. (7) ဟာသ ဝတ္ထုတို (7) တဘောင် (6) ကှဗျာ (5) နိုင်ငံထူးခြားသတင်း (5) ဘာသာရေး၊ဓမ္မပုံပြင် (5) မိန့်ခွန်း (5) သမိုင်းစကား၊ ပန်းစကား (5) ဟာသ ဓာတ်ပုံ (5) အားကစားသတင်း (5) song (4) ကာတွန်းဟာသ (4) စကားပုံ (4) ထူးခြားသတင်း (4) ပညာပေ; (4) သတင်း.တို. (4) သရော်စာ (4) ဟာသ- (4)်ဆောင်းပါး (4) -ကာတွန်းဟာသ- (3) interview (3) ထုပ်ပြန်ချက် (3) ဓမ္မဒါန (3) ဓါတ်ပုံအက်ဆေး (3) ဓာတ်ပုံအက်ဆေး (3) ပညာပေ (3) ဖိတ်စာ (3) ရုပ်သံ (3) သတင်း.တို.။ (3) ဟာသ အင်တာဗျူး (3) ဟာသ. (3) အင်တာဗျူးး (3) အတိုဆုံးဝတ္ထုတို (3) အယ်ဒီတာ့အာဘော် (3) ဘောလုံးဟာသ. (3) (ဟာသ) (2) By....meepyatite (2) Statement (2) Story (2) With Best Regards (2) aဆာင်းပါ (2) ကန်တော့ချိုး (2) ကျန်းမာရေး ပညာပေး (2) ဇာတ်လမ်းတို (2) ပန်းချီ (2) ပုံပြင် (2) ဘာသာပြန်ကဗျာ (2) ရုပ်ပုံအတွေး (2) ဟာသပုံပြင် (2) အစီရင်ခံစာ (2) အမှတ်တရ (2) အတွေး (2) ဦးဦး မှော်ဆရာ (2) ဆောင်းပါ (2) ပြဇာတ် (2) (xပညာပေး) (1) (ပညာပေး) (1) ) (1) .... (1) 2010 at 11:22pm (1) =နိုင်ငံတကာ အားကစားသတင်းများ (1) Announce (1) By: Sara Yin (ကျန်းမာရေး ပညာပေး) (1) By; Silver Moon အင်တာဗျူး (1) General Knowledge (1) Joke (1) Photo Essay (1) Thanks (1) aဆာင်းပါး (1) khana.na155 ကဗျာ (1) minkonaing (1) ကဗျာ( (1) ကဗျာ… By..Blue gyee (1) ကာတွန်းဟာသ <br /> <br /> (1) ကိုယ်တိုင်ရေးကဗျာ သီဟသူ (1) ခရီးသွားဆာင်းပါး (1) ခရီးသွားဆောင်းပါး (1) စကား (1) စကားပုံ (1) စာစု (1) စိုးမိုးကျော် (ဟာသ) (1) ဆက်သွယ်ရန် (1) ဓါတ်ပုံအက်ဆေး (1) ဓာတ်ပုံအက်ဆေး (1) ဓာတ်ပုံအတွေး (1) နူတ်ခွန်းဆက်လွှာ (1) (1) ပညာပေ;း (1) မိန့်ခွန်း (1) ရုပ်ရှင် (1) သတင်း နှင့်ဟာသ (1) သတင်း.တို (1) သတင်းကဗျာ (1) သတင်းသီချင်း (1) သရော်ကဗျာ (1) ဟသ (1) ဟာသအင်တာဗျူး (1) ဟိုအကြောင်း ၊ဒီအကြောင်းသူတို့ အကြောင်း (1) အဆိုအမိန့် (1) အထ္ထုပ္ပတ္တိ) (1) အားကစားသတင်းများ (1) အခြားသတင်း (1) ဦးဦး မှော်ဆရာ ပညာပေး.. (1)ုပုံပြင် (1) ဆောင်းပါ; (1) ပေးပို့ သူ .. စိုးမိုးကျော် ဟာသ (1) ပေးပို့ သူ...သက်နိုင် ကဗျာ… (1) ပေးပို့ သူ…greenleave (1)်ပုံပြင် (1) (1) ရုပ်သံ (1) • Posted by thant zin htwe on နိုဝင်ဘာ 19 (1) …. (1)