ရဲခေါင်ပြောက်ကျား ချေဂွေဗားရား ကျဆုံးခဲ့ရသော ၁၉၆၇ ခုနှစ် အောက်တိုဘာလ ၉ ရက်နေ့ကို ဂုဏ်ပြုသောအားဖြင့် ၂၀၀၈ ခုနှစ်၊ အောက်တိုဘာ ၉ ရက်နေ့မှစ၍ အဖိနှိပ်ခံမြန်မာပြည်သားများအတွက် ရည်ရွယ်လျက် မြန်မာပြည်သားဘလော့ဂ်ကို အမှတ်တရ တင်ဆက်လိုက်ပါသည်။ ** ခွန်အားမျှဝေ... တို့တတွေသည်... မလွဲမသွေ ပြည်သူတွေအတွက်... **

Monday, August 23, 2010

23 Aug, 10// ကျနော်တို့ရဲ့ မိုးကောင်းကင်…

> **(ကိုထက်မိုး၏ ပြန်ကျမိုးများ)**
(၁)
၁၉၄၇ ဇူလိုင်လ ၁၉-ရဲ့ မိုးကောင်းကင်ဟာ
နှစ်ရှည်လများ မပြယ်နိုင်တဲ့
မိုးရိပ်တွေနဲ့ ညို့လျှက်။
(၂)
အမျိုးသားပြိုကွဲမှုရဲ့ ဒဏ်
အတွင်းဝန်ရုံး စည်းဝေးခန်းမက သေနတ်သံဟာ
ပြည်တွင်းစစ်ရဲ့ အစ… (ဖြစ်ခဲ့ရ)
အနှစ် ၅၀ ကျော်ခဲ့ရပြီ။

(၃)
၁၉၄၇ ဇူလိုင်လ ၁၉-ရက် သေနတ်သံ
၁၉၆၂ ဇူလိုင်လ ၇-ရက် သေနတ်သံ
၁၉၈၈ သြဂုတ်လ ၈-ရက် သေနတ်သံ
မြယာပင်ကြောက သေနတ်သံ
မာနယ်ပလောက သေနတ်သံ
မြို့တော်ခန်းမရှေ့က သေနတ်သံ
သေနတ်သံ။
သေနတ်သံ… တွေကြားမှာ
တိုင်းပြည်ဟာ နာတာရှည် လူမမာ။
`ဆရာ မသေခင်မှာ တကယ်ငြိမ်းချမ်းရေးကိုမြင်သွားချင်´သတဲ့
ဆရာကြီးရဲ့ အဘိုးရဲ့ အာသာဆန္ဒ
စစ်ဖိနပ်အောက်မှာ မွမွကြေ။
(၄)
၂၁ ရာစု တံခါးဝနားက
ဗမာပြည်ရဲ့ မိုးကောင်းကင်အောက်မှာ
ဘာတွေဖြစ်ပျက်နေပါသလဲ ?
- ဆဲရေး ဟိန်းဟောက်သံ
- အပေါ်ယံ ၉ ပါးသီလ
- အဓမ္မလုပ်အားပေး
- ငွေကြေးဖောင်းပွမှု
- ဘိန်းဖြူ HIV ပိုး
- အမျိုးကောင်းသားသမီးလေးတွေရဲ့ ရှိုက်သံညံနေတုန်း
သေနတ်ခါးကြားမချ ဂေါပကလဲ လုပ်တတ်တဲ့
ကုဋေကြွယ်ဗိုလ်ချုပ်ကြီးတွေက အုပ်ချုပ်
အုပ်စုလိုက် မုဒိမ်းကျင့်တတ်တဲ့ စစ်သားရိုင်းတွေနဲ့
တိုင်းပြည်ရဲ့ အနာဂါတ်ကို ဦးဆောင်ဦးမတဲ့။
(၅)
ရဲဘော်တို့ရေ…
(မြို့ပြ ပလက်ဖောင်းမှ ရိုးမတောနက်များအထိ)
တနင့်တပိုးပေးဆပ်ခဲ့ကြရ
ဘ၀ သွေးစက်၊ အသက်၊ မျက်ရည်
ပေကျံစွန်းထင်းနေတဲ့ မြေမှာ
ကျနော်တို့တွေ အရွယ်ရောက်ခဲ့ကြရပြီဘဲ။
ကဲ… (ချစ်တဲ့) ဗမာပြည်ရဲ့ အလွမ်းဇတ်ရိုင်း
ကျနော်တို့ ခေတ်သမိုင်းမှာ
တခန်းရပ်ပစ်ကြရအောင်…။ ။


**ထက်မိုး**
(၁၉ ဇူလိုင်လ ၁၉၉၉၊ ဟွေကျုံစခန်း)
(ကိုထက်မိုး၏ ပြန်ကျမိုးများ
မှ)

**(ကိုထက်မိုး၏ ပြန်ကျမိုးများ)**
(၁)
၁၉၄၇ ဇူလိုင်လ ၁၉-ရဲ့ မိုးကောင်းကင်ဟာ
နှစ်ရှည်လများ မပြယ်နိုင်တဲ့
မိုးရိပ်တွေနဲ့ ညို့လျှက်။
(၂)
အမျိုးသားပြိုကွဲမှုရဲ့ ဒဏ်
အတွင်းဝန်ရုံး စည်းဝေးခန်းမက သေနတ်သံဟာ
ပြည်တွင်းစစ်ရဲ့ အစ… (ဖြစ်ခဲ့ရ)
အနှစ် ၅၀ ကျော်ခဲ့ရပြီ။

(၃)
၁၉၄၇ ဇူလိုင်လ ၁၉-ရက် သေနတ်သံ
၁၉၆၂ ဇူလိုင်လ ၇-ရက် သေနတ်သံ
၁၉၈၈ သြဂုတ်လ ၈-ရက် သေနတ်သံ
မြယာပင်ကြောက သေနတ်သံ
မာနယ်ပလောက သေနတ်သံ
မြို့တော်ခန်းမရှေ့က သေနတ်သံ
သေနတ်သံ။
သေနတ်သံ… တွေကြားမှာ
တိုင်းပြည်ဟာ နာတာရှည် လူမမာ။
`ဆရာ မသေခင်မှာ တကယ်ငြိမ်းချမ်းရေးကိုမြင်သွားချင်´သတဲ့
ဆရာကြီးရဲ့ အဘိုးရဲ့ အာသာဆန္ဒ
စစ်ဖိနပ်အောက်မှာ မွမွကြေ။
(၄)
၂၁ ရာစု တံခါးဝနားက
ဗမာပြည်ရဲ့ မိုးကောင်းကင်အောက်မှာ
ဘာတွေဖြစ်ပျက်နေပါသလဲ ?
- ဆဲရေး ဟိန်းဟောက်သံ
- အပေါ်ယံ ၉ ပါးသီလ
- အဓမ္မလုပ်အားပေး
- ငွေကြေးဖောင်းပွမှု
- ဘိန်းဖြူ HIV ပိုး
- အမျိုးကောင်းသားသမီးလေးတွေရဲ့ ရှိုက်သံညံနေတုန်း
သေနတ်ခါးကြားမချ ဂေါပကလဲ လုပ်တတ်တဲ့
ကုဋေကြွယ်ဗိုလ်ချုပ်ကြီးတွေက အုပ်ချုပ်
အုပ်စုလိုက် မုဒိမ်းကျင့်တတ်တဲ့ စစ်သားရိုင်းတွေနဲ့
တိုင်းပြည်ရဲ့ အနာဂါတ်ကို ဦးဆောင်ဦးမတဲ့။
(၅)
ရဲဘော်တို့ရေ…
(မြို့ပြ ပလက်ဖောင်းမှ ရိုးမတောနက်များအထိ)
တနင့်တပိုးပေးဆပ်ခဲ့ကြရ
ဘ၀ သွေးစက်၊ အသက်၊ မျက်ရည်
ပေကျံစွန်းထင်းနေတဲ့ မြေမှာ
ကျနော်တို့တွေ အရွယ်ရောက်ခဲ့ကြရပြီဘဲ။
ကဲ… (ချစ်တဲ့) ဗမာပြည်ရဲ့ အလွမ်းဇတ်ရိုင်း
ကျနော်တို့ ခေတ်သမိုင်းမှာ
တခန်းရပ်ပစ်ကြရအောင်…။ ။


**ထက်မိုး**
(၁၉ ဇူလိုင်လ ၁၉၉၉၊ ဟွေကျုံစခန်း)
(ကိုထက်မိုး၏ ပြန်ကျမိုးများ
မှ)

No comments:

Total Pageviews

Labels

ပညာပေး (1488) ကာတွန်းဟာသ (1343) ဟာသ (899) ဆောင်းပါး (822) ကဗျာ (777) သတင်း (533) .ဆောင်းပါး (512) အက်ဆေး/၀တ္ထုတို (504) ကြော်ငြာ (432) နိုင်ငံတကာထူးခြားသတင်း (388) ပညာပေး... (326) နိုင်ငံတကာ ထူးခြားသတင်း (321) ကဗျာ (279) နိုင်ငံတကာအခြားသတင်း.. (253) ကဗျာ… (228) ပုံပြင် (220) ဆောင်းပါး…. (203) အက်ဆေး (191) ဘောလုံးဟာသ...။ (156) သဘောထားအမြင် (149) Cartoon (145) သတင်း.... (139) ကဗျာ... (136) ကဗျာ..... (132) ပညာပေး.. (131) နိုင်ငံတကာ အခြားသတင်း.. (123) ပြည်တွင်းသတင်း (118) သတင်း..။ (114) သတင်းတို (111) သရော်စာ… (106) ဝတ္ထုတို (105) ၀တ္ထုတို (95) ဓါတ်ပုံသတင်း (81) သတင်း.. (79) ပေးစာ (79) ဘာသာပြန် ဝတ္ထုတို (75) ဓာတ်ပုံသတင်း (72) ကာတွန်း (64) ဓာတ်ပုံသတင်း..။ (64) သရော်စာ (64) နိုင်ငံတကာ အခြားသတင်း (60) ဓာတ်ပုံသတင်း.. (54) မေတ္တာစာ (54) အောက်မေ့ဘွယ်စာလွှာ (53) သတင်း. (47) ဘာသာပြန်အက်ဆေး (46)်ပုံပြင် (45) ကာတွန်းဟာသ- (44) ဘောလုံးဟာသ... (44) နိုင်ငံတကာအခြားသတင်း (43) -ကာတွန်းဟာသ (40) နိင်ငံတကာ အခြားသတင်း (39) ကဗျာ. (37) သတင်းဆောင်းပါး (36) News (35) ကာတွန်း ဟာသ (34) ပညာပေး) (33) ကဗျာ(ဟာသ) (32) ဟာသကဗျာ (32) အောင်မြင်ရေးဒဿန (30) xပညာပေး) (29) ကြေညာချက် (28) ရုပ်သံ သတင်း (25) ဂျာနယ် (24) TV (23) နိုင်ငံတကာ အခြားသတင်း. (23) ဘာသာပြန်ဆောင်းပါး (20) ရင်ဖွင့်သံ (19) သရဲဇာတ်လမ်း (19)်ပုံင်္ပြင် (18) ထုတ်ပြန်ချက် (14) ဓာတ်ပုံ (13) ဘာသာပြန်ပုံပြင် (13) ဓာတ်ပုံသတင်း (12) သတင်းဓါတ်ပုံ (12) သီချင်း (12) အင်တာဗျူး (12) အတွေးအမြင် (12) ဓာတ်ပုံသတင်း. (11) ပုံင်္ပြင် (11) အယ်ဒီတာ့ထံပေးစာ (11) ဥာဏ်စမ်း (11) Photo News (10) poem (10) ဂျာနယ် (10) ဟာသအက်ဆေး (10) (ကျန်းမာရေး ပညာပေး) (9) . (9) x ပညာပေး) (9) ဘာသာပြန် (9) The Article (8) ခရီးသွား.ဆောင်းပါး (8) နိုင်ငံတကာအခြားသတင်း (8) ဘာသာရေးဆောင်းပါး (8) သတင်း.ဆောင်းပါး (8) ဗေဒင် (8) သတင်းတို. (7) ဟာသ ဝတ္ထုတို (7) တဘောင် (6) ကှဗျာ (5) နိုင်ငံထူးခြားသတင်း (5) ဘာသာရေး၊ဓမ္မပုံပြင် (5) မိန့်ခွန်း (5) သမိုင်းစကား၊ ပန်းစကား (5) ဟာသ ဓာတ်ပုံ (5) အားကစားသတင်း (5) song (4) ကာတွန်းဟာသ (4) စကားပုံ (4) ထူးခြားသတင်း (4) ပညာပေ; (4) သတင်း.တို. (4) သရော်စာ (4) ဟာသ- (4)်ဆောင်းပါး (4) -ကာတွန်းဟာသ- (3) interview (3) ထုပ်ပြန်ချက် (3) ဓမ္မဒါန (3) ဓါတ်ပုံအက်ဆေး (3) ဓာတ်ပုံအက်ဆေး (3) ပညာပေ (3) ဖိတ်စာ (3) ရုပ်သံ (3) သတင်း.တို.။ (3) ဟာသ အင်တာဗျူး (3) ဟာသ. (3) အင်တာဗျူးး (3) အတိုဆုံးဝတ္ထုတို (3) အယ်ဒီတာ့အာဘော် (3) ဘောလုံးဟာသ. (3) (ဟာသ) (2) By....meepyatite (2) Statement (2) Story (2) With Best Regards (2) aဆာင်းပါ (2) ကန်တော့ချိုး (2) ကျန်းမာရေး ပညာပေး (2) ဇာတ်လမ်းတို (2) ပန်းချီ (2) ပုံပြင် (2) ဘာသာပြန်ကဗျာ (2) ရုပ်ပုံအတွေး (2) ဟာသပုံပြင် (2) အစီရင်ခံစာ (2) အမှတ်တရ (2) အတွေး (2) ဦးဦး မှော်ဆရာ (2) ဆောင်းပါ (2) ပြဇာတ် (2) (xပညာပေး) (1) (ပညာပေး) (1) ) (1) .... (1) 2010 at 11:22pm (1) =နိုင်ငံတကာ အားကစားသတင်းများ (1) Announce (1) By: Sara Yin (ကျန်းမာရေး ပညာပေး) (1) By; Silver Moon အင်တာဗျူး (1) General Knowledge (1) Joke (1) Photo Essay (1) Thanks (1) aဆာင်းပါး (1) khana.na155 ကဗျာ (1) minkonaing (1) ကဗျာ( (1) ကဗျာ… By..Blue gyee (1) ကာတွန်းဟာသ <br /> <br /> (1) ကိုယ်တိုင်ရေးကဗျာ သီဟသူ (1) ခရီးသွားဆာင်းပါး (1) ခရီးသွားဆောင်းပါး (1) စကား (1) စကားပုံ (1) စာစု (1) စိုးမိုးကျော် (ဟာသ) (1) ဆက်သွယ်ရန် (1) ဓါတ်ပုံအက်ဆေး (1) ဓာတ်ပုံအက်ဆေး (1) ဓာတ်ပုံအတွေး (1) နူတ်ခွန်းဆက်လွှာ (1) (1) ပညာပေ;း (1) မိန့်ခွန်း (1) ရုပ်ရှင် (1) သတင်း နှင့်ဟာသ (1) သတင်း.တို (1) သတင်းကဗျာ (1) သတင်းသီချင်း (1) သရော်ကဗျာ (1) ဟသ (1) ဟာသအင်တာဗျူး (1) ဟိုအကြောင်း ၊ဒီအကြောင်းသူတို့ အကြောင်း (1) အဆိုအမိန့် (1) အထ္ထုပ္ပတ္တိ) (1) အားကစားသတင်းများ (1) အခြားသတင်း (1) ဦးဦး မှော်ဆရာ ပညာပေး.. (1)ုပုံပြင် (1) ဆောင်းပါ; (1) ပေးပို့ သူ .. စိုးမိုးကျော် ဟာသ (1) ပေးပို့ သူ...သက်နိုင် ကဗျာ… (1) ပေးပို့ သူ…greenleave (1)်ပုံပြင် (1) (1) ရုပ်သံ (1) • Posted by thant zin htwe on နိုဝင်ဘာ 19 (1) …. (1)