(ဟီရိုရှီးမား၊ သြဂုတ်လ ၄-ရက်)
ဟီရိုရှီးများနှင့် နာဂါဆာကီမြို့ကြီးနှစ်မြို့ကို အမေရိကန်က အဏုမြူဗုံးကြဲချဖျက်ဆီးခဲ့သည့် (၆၅)နှစ်မြောက် အောက်မေ့ဖွယ်အခမ်းအနားသို့ ကုလသမဂ္ဂအတွင်းရေးမှူးချုပ် ဘန်ကီမွန်းနှင့် ဂျပန်ဝန်ကြီးချုပ် နာအိုတိုကန်တို့ တက်ရောက်ကြမည်ဖြစ်ကြောင်း သြဂုတ်လ ၄-ရက်နေ့သတင်းများတွင် ဖော်ပြသည်။ (အင်တာနက်)
** မောင်းသူမဲ့လေယာဉ်များဖြင့် ဟာရီကိန်းမုန်တိုင်းများကို လေ့လာမည် **
(၀ါရှင်တန်၊ သြဂုတ်လ ၄-၇က်)
တိုက်ပွဲများ၌ အသုံးပြုနိုင်သော မောင်းသူမဲ့လေယာဉ် (drone)ဖြင့် ဟာရီကိန်းမုန်တိုင်းများကို လေ့လာရန် အမေရန်က အာကာသအေဂျင်စီ (နာဆာ)က စီစဉ်ထားကြောင်း ယင်းအဖွဲ့အစည်းမှ သိပ္ပ္ပံပညာရှင်များက သြဂုတ်လ ၄-ရက်နေ့တွင် ပြောကြားကြသည်။ (အင်တာနက်)
** ပီရူးနိုင်ငံတွင် ပလိပ်ရောဂါဖြစ်ပွားလျက်ရှိ ၃၁-ဦးရောဂါကူးစက်ခံခဲ့ရပြီးတစ်ဦးသေဆုံး **
(လီမာ၊ သြဂုတ်လ ၄-ရက်) ပီရူးနိုင်ငံမြောက်ပိုင်း အက်စ်ကော့ပ်ပြည်နယ်၌ ပလိပ်ရောဂါဖြစ်ပွားရာ အသက် (၁၄)နှစ်အရွယ် ကလေးတစ်ဦးသေဆုံး၍ အနည်းဆုံး ၃၁-ဦးခန့် ရောဂါကူးစက်မှုခံခဲ့ရကြောင်း သြဂုတ်လ ၂-ရက်နေ့ သတင်းများတွင် ဖော်ပြသည်။ (အင်တာနက်)
** အီရတ်နိုင်ငံတွင် ဗုံးပေါက်ကွဲမှုများကြောင့် လူ ၃၃-ဦးသေဆုံး **
(ဘဂ္ဂဒတ်၊ သြဂုတ်လ ၄-ရက်)
အီရတ်နိုင်ငံ အရှေ့တောင်ပိုင်း ကွတ်မြို့၌ အင်္ဂါနေ့က ဗုံးပေါက်ကွဲမှုနှစ်ရပ်ဖြစ်ပွားခဲ့ရာ သေဆုံးသူ၃၃-ဦးအထိရှိခဲ့ပြီး ၈၅-ဦးဒဏ်ရာရရှိခဲ့ကြောင်း အီရတ်ပြည်ထဲရေးဝန်ကြီးဌာနက သတင်းထုတ်ပြန်သည်။ (အင်တာနက်)
** အာဖဂန် တောင်ပိုင်း၌ အိုင်အီးဒီဗုံးအလုပ်ရုံ ရှာဖွေတွေ့ရှိ **
(လက်ရှ်ကာဂါ၊ သြဂုတ်လ ၄-ရက်)
အာဖဂန်နစ္စတန်နိုင်ငံ တောင်ပိုင်းတာလီဘန်များကြီးစိုးရာ ဟဲလ်မန့်ပြည်နယ်တွင်းရှိ လက်လုပ်ဗုံး (အိုင်အီးဒီ)များထုတ်လုပ်သည့် အလုပ်ရုံတစ်ရုံကို ဗြိတိသျှတပ်ဖွဲ့ဝင်များက ရှာဖွေတွေ့ရှိခဲ့ကြောင်း သြဂုတ်လ ၁-ရက်နေ့ သတင်းများတွင် ဖော်ပြသည်။ (အင်တာနက်)
** အမေရိကန်တပ်ဖွဲ့များ၏ စစ်ရေးလှုပ်ရှားမှုများ အဆုံးသတ်ပြီးနောက် အကြမ်းဖက်မှုများ တိုးမြင့်ဖြစ်ပေါ်မည်ကို အီရတ်နိုင်ငံသားများ စိုးရိမ်နေ **
(ဘဂ္ဂဒတ်၊ သြဂုတ်လ ၄-ရက်)
သြဂုတ်လ ၃၁-ရက်တွင် အီရတ်နိုင်ငံမှ အမေရိကန်တပ်ဖွဲ့များ၏ စစ်ရေးလှုပ်ရှားမှုများကို ရပ်နားတော့မည်ဖြစ်ရာ အကြမ်းဖက်တိုက်ခိုက်မှုများ ပိုမိုဖြစ်ပွားလာမည့်အရေးကို အီရတ်ပြည်သူများ စိုးရိမ်ကြောင့်ကြလျက်ရှိကြောင်း သြဂုတ်လ ၃-ရက်နေ့ သတင်းများတွင် ဖော်ပြသည်။ (အင်တာနက်)
** စုစည်းဘာသာပြန်- သတင်းလုလင် **
** ဟီရိုရှီးမားနှင့် နာဂါဆာကီမြို့များ အဏုမြူဗုံးကြဲချခံခဲ့ရမှု အောက်မေ့ဖွယ် အခမ်းအနား ကုလအတွင်းရေးမှူးချုပ် တက်ရောက်မည် **

No comments:
Post a Comment