ဗြိတိသျှဟက်ပ်တာသလွန်ပြေးခုန်ပစ်မယ် ကယ်လီဆိုသာတန်က ဗြိတိသျှပြေးခုန်ပစ်အဖွဲ့အား နည်းပြသင်ကြားပေး နေသည့် နည်းပြဗန်ကွန်မင်နီသည် ရီးရဲမက်ဒရစ်မှ နည်းပြ ဂျို့စ်မော်ရင်ဟိုကဲ့သို့ အရည်အချင်းပြည့်ဝသော နည်းပြတစ်ဦးဖြစ်ကြောင်း ဖွင့်ဟပြောကြားခဲ့သည်။ (အင်တာနက်)
** ဖာဘရီဂတ်စ်ကို ဘာစီလိုနာသို့ ပြောင်းရန်လိုလား **
ဘာစီလိုနာ ကွင်းလယ်ကစားသမား အင်နီယေစတာက ဘာစီလိုနာအသင်းသားတိုင်းသည် အာဆင်နယ်မှ ဖာဘရီဂတ်စ်ရောက်ရှိလာရေးကို လိုလားနေကြကြောင်း ဖွင့်ဟပြောကြားသည်။ (အင်တာနက်)
** တိုက်စစ်မှူးနှစ်ဦးအား စပါးအသင်း အငှားစာချုပ်လို **
စပါးနည်းပြ ဟယ်ရီရက်နက်က စပါးအသင်းအနေဖြင့် ယခုနွေရာသီတွင် တိုက်စစ်မှူး များဖြစ်ကြသည့် မန်စီးတီးမှ ဘယ်လာမီနှင့် အေစီမီလန်မှ ဟန်တယ်လာတို့အား ၀ယ်ယူရေးထက် ပေါင်ကိုးသန်းဖြင့် အငှားစာချုပ်ရန် ပစ်မှတ်ထားနေဆဲ ဖြစ်ကြောင်း ထုတ်ဖော်ပြောကြားခဲ့သည်။ (အင်တာနက်)
** စပါးသို့ ဒီဂျာလိုပြောင်းရွှေ့ဖွယ် **
စပို့တင်းလစ္စဘွန်းတိုက်စစ်မှူး ယန်စ်ဒီဂျာလိုသည် စပါးအသင်းနှင့်ဆွေးနွေးမှုများ ပြုလုပ်လျက်ရှိပြီး ယင်းအသင်းသို့ ပြောင်းရွှေ့ဖွယ်ရှိနေသည်။ (အင်တာနက်)
** အမျိုးသမီး ဂေါက်ရိုက်ပြိုင်ပွဲ တီဆင်ဗိုလ်စွဲ **
ဗြိတိနိုင်ငံ ရွိုင်ယက်လ်ဘာ့ခ်ဒေး၌ကျင်းပသော (၃၅)ကြိမ်မြောက် အမျိုးသမီးဂေါက်ရိုက်ပြိုင်ပွဲ နောက်ဆုံးအဆင့် ဗိုလ်လုပွဲစဉ်တွင် တရုတ်တိုင်ပေမှ အသက် ၂၁-နှစ်အရွယ်ဂေါက်သီးမယ် ယာနီတီဆင်သည် သတ်မှတ်ရိုက်ချက်အောက် လျှော့ရိုက်ချက် ၁၁-ချက်ရရှိကာ ဒုတိယနေရာမှ သြစတြေးလျဂေါက်သီးမယ် ကက်သရင်းဟူးလ်ထက်လျှော့ရိုက်ချက် တစ်ချက်အသာဖြင့် ဗိုလ်စွဲကာ ဆုဖလားဆွတ်ခူးနိုင်ခဲ့သည်။ (အင်တာနက်)
** အိုလံပစ်ဥက္ကဌ လော့ဒ်ကိုး ၂၀၁၂ ၌ အနားယူမည် **
ဗြိတိနိုင်ငံ လန်ဒန်အိုလံပစ်အဖွဲ့ဥက္ကဌ လော့ဒ်ကိုးက ၄င်းအနေဖြင့် ၂၀၁၂ ခုနှစ် ဖင်လန်နိုင်ငံ ဟယ်လ်ဆင်ကီမြို့တွင် ဇွန်လ ၂၇-ရက်နေ့မှ ဇူလိုင်လ ၁-ရက်နေ့အထိ ကျင်းပမည့် ဥရောပချန်ပီယံရှစ်ပြေးခုန်ပစ်ပြိုင်ပွဲမှစတင်ကာ ဥက္ကဌတာဝန်မှ အနားယူမည်ဖြစ်ကြောင်း ပြောကြားခဲ့သည်။ (အင်တာနက်)
** လှပ်ဘ်အား ခေါ်ယူရန် မာ့ခ်ဟုခ်ျကြိုးပမ်း **
ဖူလ်ဟမ်နည်းပြသစ် မာ့ခ်ဟုခ်ျသည် ဘာစီလိုနာအသင်းမှ အာဆင်နယ်ကွင်းလယ်ကစားသမားဟောင်း အလက်ဇန္ဒားလှပ်ဘ်အား ခေါ်ယူရန်ကြိုးပမ်းလျက်ရှိသည်။ (အင်တာနက်)
** အိုင်ယာလန် အိုးပင်းဂေါက်ရိုက်ပြိုင်ပွဲ ဖစ်ရှာဗိုလ်စွဲ **
အိုင်ယာလန်နိုင်ငံ၌ကျင်းပသော အိုင်ယာလန်အိုးပင်းဂေါက်ရိုက်ပြိုင်ပွဲ ဗိုလ်လုပွဲတွင် ဗြိတိသျှဂေါက်သီးသမား ရော့စ်ဖစ်ရှာသည် သတ်မှတ်ရိုက်ချက်အောက် ၁၈-ချက်လျှော့ရိုက်ကာ ဒုတိယနေရာမှ အိုင်ယာလန်ဂေါက်သီးသမား ပက်ထရစ်ဟာရင်တန်ထက် လျှော့ရိုက်ချက်နှစ်ချက်အသာဖြင့် ဗိုလ်စွဲကာ အိုင်ယာလန်အိုးပင်းဂေါက်သီး ဆုဖလားကို ဆွတ်ခူးနိုင်ခဲ့သည်။ ဖစ်ရှာသည် ယင်းပြိုင်ပွဲတွင် ဗိုလ်စွဲခဲ့ခြင်းကြောင့် ရိုက်ဒါဖလားဂေါက်သီးရိုက်ပြိုင်ပွဲဝင် ဥရောပအသင်း၌ ပါဝင်ယှဉ်ပြိုင်ခွင့်ရရေး မျှော်လင့်ချက်ရှင်သန်လာသည်။ (အင်တာနက်)
** စုစည်းဘာသာပြန်-ချစ်စိုးနိုင် **
** ဗန်ကွန်မင်နီ မော်ရင်ဟိုကဲ့သို့ နည်းပြဖြစ် **

No comments:
Post a Comment