ဘန်ကောက်မြို့အနီး မဟာချိုင်နယ်မြို့၊မူစီ၊ထစိုင်၊KL အလုပ်ရုံမိသားများစုပေါင်း၍၊ဖူးရိုင် ဓမ္မာရုံနှင့်မြို့ နယ်အားကစားကွင်၊တွင်ယမန်နေ့ကကရင်ရိုးရာလက်ချည်အင်္ဂလာပွဲအားပထမဦးဆုံးအကြိမ်အဖြစ်ကျင်းပနိုင်ခဲ့သဖြင့် ဒေသတွင်းကရင်တိုင်းရင်းသားများအထူးဝမ်းမြောက်ပျော်ရွှင်နေကြကြောင်းသိရှိရသည်။
အဆိုပါကရင်ရိုးရာလက်ချည်ပွဲကို ဖတ္တရာကမ်းခြေမြို့မှ မြိုင်ကြီးငူ ဆ၇ာတော်အသျှင် ဦးသုဇန ကြွေ၇ာက်တော်မူလာပြီးနံနက်၆နာရီတွင်သီလပေးပြီးပရိတ်တရားတော်များနာကြားခဲ့သည်။ထို့နောက်ပရိတ်သတ်တစ်ထောင် ကျော်ခန့် တက်ရောက်လာသည့် ပွဲတော်တွင် ကရင်ရိုးရာ မုန့်တီကိုအ၀ကျွေးမွေးဧည့်ခံကြသည်။
ပထမဦးဆုံး မဟာချိုင်ဒေသ ကရင်ရိုးရာ လက်ချည်ပွဲ ကို နယ်မြေအတွင်း လူမှုရေးနှင့်အလှူပွဲ၊တရားပွဲတို့ ကို
ဦးဆောင်စီစဉ်ပေးလေ့ရှိသူများဖြစ်ကြသော ဗမာလူမျိုး ကိုလှခိုင်၊မွန်လူမျိုး၊ဦးကောက်နှင့်ကရင်လူမျိုးဦးသာက
တိုး တို့ နှင့်မူစီရပ်ကွက်ရွာလူကြီးတို့ စီစဉ်ဆောင်ရွက်ပေးခဲ့ကြခြင်းဖြစ်သည်။
ဦးဆောင်စီစဉ်သူတစ်ဦးဖြစ်သည့် ကိုလှခိုင်က“ဆရာတော်က လက်ချီပွဲကိုစတင်ဖွင့်လှစ်ပေးခဲ့ပြီးတော့ ပြန်ကြွ
သွားတယ်။ ကျန်တဲ့လူတွေက လက်ချည်ပွဲကိုဆက်လက်ကျင်းပကြတာပေါ့နှော်၊နေ့ လည်၁၁ နာရီမှာလက်ချည်
ပွဲပြီးပါတယ်။အဲဒီနောက် ဒုံးယိမ်းတွေကကြ၊ ကရင်သီချင်းတွေဆိုကြနဲ့ တော်တော်ပျော်ဖို့ ကောင်းပါတယ်။ ကျနော်က လူမှုရေးလုပ်နေသူဆိုတော့ အကူညီတောင်းလာတဲ့အတွက် ပွဲဖြစ်မြောက်အောင်ဆောင်ရွက်ပေးနိုင်
လိုက်တဲ့အတွက်ကျနော်လည်းဝမ်းသာပါတယ်”ဟုပြောသည်။
ကရင်ထုံးတမ်းစဉ်လာအရအညွန့် မြှင့်တင်ခြင်းဖြစ်ကြောင်း၊၀ါခေါင်လတွင်ကျင်းပလေ့ရှိကြောင်း၊ကရင်လူမျိုးများရှိသည့်နေရာတိုင်းတွင်ကျင်းပကြမည်ဖြစ်ကြောင်းပြောပြသည်။
ကရင်ဒုံးယိမ်းအက ဆရာမ ဒေါ်မလှဝင်းက“ ဒီမဟာချိုင်မှာ စည်းစည်းလုံးလုံး ပထမဦးဆုံးကျင်းပခွင့်၇တာပါ။အလွန်ဝမ်းသာပါတယ်ကျေးဇူးလည်းအထူးတင်ပါတယ်။ကျမတို့ လည်းပျော်တယ်၊ကလေးတွေလည်းပျော်တယ်၊ရိုးရာယဉ်ကျေးမှုကိုထိန်းသိမ်းတဲ့ပွဲပါ၊ကျေနပ်တယ်ရှင့်”ဟုပြောသည်။
မဟာချိုင်တွင်ပထမဦးဆုံးအကြိမ်ကျင်းပသည့် ရိုးရာပွဲတစ်ခုဖြစ်သဖြင့် ဒေသခံထိုင်းလူမျိုးများ တအံ့တသြဖြစ်
နေကြကြောင်း၊ထို့ အပြင်ပွဲတော်သို့ လာကရင်လူငယ်၁၅ဦးခန့် စီးလာသည့်ကားတစ်အား တလာကုန့် အနီးတွင်
ထိုင်းရဲများကဖမ်းဆီးပြီးဘတ်ငွေ နှစ်သောင်းတောင်းခံခဲ့သည်။သို့ ၇ာတွင် ဦးဆောင်ကျင်းပသည့် ကိုလှခိုင်
နှင့်ရွာလူကြီးတို့ တောင်းပန်မှုကြောင်း ငွေမပေးလိုက်ရပဲ ကရင်လူငယ်များပြန်လည်လွတ်မြောက်လာခဲ့ကြ
သည်။
ကရင်ခေါင်းဆောင် ဦးသာကတိုးက“သူကြီးနဲ့ တိုင်ပင်ပြီးလုပ်ကြတာပါ။ ကရင်လူငယ်တွေတစ်စုတစ်စည်းတွေ့ 
ခွင့်ရတာအထူးဝမ်းသာစရာပဲ၊ဘုန်းကြီးကသက်သတ်လွတ်ဆိုတော့ ကျနော်တို့ လည်းသက်သတ်လွတ်ပေါ့။
အဖိုးအဖွားတွေလက်ထက်ကတည်းက ဒီလရောက်တိုင်း လက်ချည်ပေးတယ်လေ၊ဘိုးဘွားအမွေကိုဆက်ဆံတဲ့
သဘောပါ”ဟုပြောသည်။
အဆိုပါ ပွဲသို့ ကြွရောက်လာသူများအနက်၊အသက်အကြီးဆုံးတစ်ဦးဖြစ်သည့် အသက်၇၄ နှစ်အရွယ်ကရင်အဖွားတစ်ဦးက“အယင်၅နှစ် ၆နှစ်လောက်ကထင်တယ် ဘန်ကောက်က အုန်းနွဲ့ မှာ လက်ချည်ပွဲကျင်းပတော့လူတွေအများကြီးထိုင်းပုလိပ်တွေဖမ်းပစ်လိုက်တယ်။အဲဒီကတည်းကမကျင်းပကြတော့ဘူး၊ခုမှပြန်ပြီးဒီမှာလုပ်နိုင်ကြတယ်။ဝမ်းလည်းဝမ်းသာတာပေါ့။ကရင့်ထုံးစံအတိုင်း ကလေးငယ်တွေ သရဲ သစ္ဆေတွေ ခြောက်လို့ လိပ်ပြာလွင်သွားရင် ပြန်ခေါ်ဖို့ ပေါ့။အမှန်က ၀ါခေါင်လပြည့်နေမှာကျင်းပလေ့ရှိပေမယ့် ဒီမှာအခြေအနေပေးတဲ့ရက်တွေမှာလုပ်ရတာပေါ့လေ၊အားလုံးကိုကျေးဇူးတင်ပါတယ်”ဟုပြောသည်။
ကရင်တိုင်းရင်းသားများအပါအ၀င်နယ်မြေအတွင်းရှိအခြားတိုင်းရင်းသားများလည်းတပျော်တပါးလာရောက်ဆင်နွဲခဲ့ကြပြီးညနေ ၂နာရီကျော်တွင် ကရင်ရိုးရာလက်ချည်းပွဲအားအောင်မြင်စွာရုပ်သိမ်းခဲ့ကြသည်။
(သြဂုတ် ၁၆၊၂၀၁၀)

No comments:
Post a Comment