ဒါနဲ့တနေ့တော့ အကြံတစ်ခုရပြီး သူ့ဒရိုင်ဘာကိုခေါ်ပြီး သူနဲ့ညအတူအိပ်ဖို့ မိန်းမတစ်ယောက် သွားရှာခိုင်း တယ်။ ဘယ်လောက်တောင်းတောင်း ဈေးမဆစ်နဲ့ လှတာမလှတာလည်း မင်းအလုပ်မဟုတ်ဘူး ခေါ်သာခေါ်ခဲ့ ဆိုပြီး ထွက်ရှာခိုင်းသတဲ့။ သူဌေးခိုင်းတာဆိုတော မလုပ်ချင်လဲ လုပ်ရတာပေါ့။ ဒါနဲ့ဘဲ မိန်းမပျက် ညည့်ငှက်မ လေးတစ်ယောက် ရှာခေါ်ခဲ့လိုက်တယ်။ ဟိုကလည်း အသည်းအသန်လိုချင်နေမှန်းသိတော့ ဒရိုင်ဘာလေးရဲ့ တလစာလောက်မကတဲ့ ညကြေးတောင်းတယ်။ သူဌေးကဈေးမဆစ်နဲ့ဆိုတော့ မဆစ်ဘဲခေါ်လာပြီး သူဌေးနဲ့ တွေ့ ပေးတယ်။ ပြီးတော့ ပြန်ပို့ပေးဖို့လည်း သူဌေးကသူ့ကို တာဝန်ပေးတယ်။ အဲဒါနဲ့ ကိစ္စပြီးလောက်တဲ့ အချိန် လည်းကျရော ကောင်မလေးကပုံစံမပျက် လေလေးတောင်ချွန်ပြီးထွက်လာသတဲ့၊ လမ်းကျတော့ ကားသမားပါး စပ်ကိုမေးတာပေါ့ ။အခြေအနေဘယ်လိုလည်းဆိုတော့ မိန်းမပျက်ကောင်မလေးက ရှင့်ဆရာက ပန်းသေနေတာ ထင်တယ်။ ကျမကိုခေါ်ပြီးတစ်ကိုယ်လုံးချွတ်၊ ပြီးတော့ ချက်ကလေးကို ပွတ်ပြီး တော်တော်ကြာတော့ ပြန်လွှတ် လိုက်တာဘဲတဲ့၊ လူကိုလည်းသေချာမကြည့်ဘူး ။အခန်းထဲမှာ စကားလည်းမပြော လူကိုလည်းသေချာမကြည့် ချက်လေးကိုလက်နဲ့ပွတ်ပြီးပြန်လွှတ်တယ်ဆိုပြီး ရယ်ရယ်မောမောပြောတယ်။ နောက်မနက်ဖြန်လည်း ချိန်းထား သေးတယ်။ ပြီးတော့ဘောက်ဆူးပါ ထပ်ပေးလိုက်သေးတယ်တဲ့။
ကားသမားဘဲ။ ဒီစကားလောက်နဲ့ ဘယ်ယုံမလဲ။ သူဆရာ အဲလောက်ညံ့မယ့်ပုဂ္ဂိုလ်တော့မဖြစ်နိုင်ဘူးဆိုပြီးပေါ့။ နောက်ညတွေကြတော့ သူက ချောင်းပါလေရော။ အဲတော့ သူတွေ့ရတဲ့မြင်ကွင်းက မိန်းမပျက်ကောင်မလေး ပြောတဲ့အတိုင်းဘဲ ကောင်မလေးကို မျက်နှာတောင်သေသေချာချာမကြည့်ဘဲ တစ်ကိုယ်လုံးကအဝတ်တွေ ချွတ်၊ ချက်ကလေးကို လက်နဲ့ပွတ် တော်တော်လေးကြာတော့ ဘောက်ဆူးထပ်ပေးပြီး ပြန်လွှတ်လိုက်လုပ် တယ်တဲ့။ ကားသမားက လည်းတစ်ညတော့ဖြစ်နိုးဖြစ်နိုးနဲ့ ညတိုင်းချောင်း၊ သူ့သူဌေးကလည်း ညတိုင်းအဲလိုဘဲ လုပ်ပြီးပြန်ပြန်လွှတ်တယ်။ တစ်လလောက်ကြာတော့ ကားသမားလေးက တွေးတယ်။ အင်း ငါတစ်လလုံး ပင်ပင် ပန်းပန်းနဲ့ ဘဝကို ထောင်နုတ်ခမ်း နင်းပြီး ကားသမားလုပ်စားတဲ့ လစာကို သူက ချက်ကလေးလက်နဲ့ အပွတ်ခံ ပြီးရရလာတယ်။ ဒီလို လွယ်လွယ်ရတဲ့ပိုက်ဆံမျိုကို သူဠေးဆီက ရအောင်ဘယ်လိုလုပ်ရမလဲဆိုတာမျိုးပါ တွေး လာတယ်။ အကောင်းဆုံးအကြံတစ်ခုအနေနဲ့ အဲဒီနေရာမှာ ငါ့မိန်းမကိုနည်းနည်းရုပ်ဖျက်ပြီး လွှတ်လိုက်ရင် လည်း ဘာမှမဖြစ်ဘဲ ဒီပိုက်ဆံရမှာလို့ လောဘဇောကပ်တွေးတယ်။ ပထမတော့ ဒီလိုတွေးရတာ တောင် အကု သိုလ် လို့ထင်တယ်။ ငွေတွေကလည်း အလကားနီးပါးမိန်းမပျက်လေးဆီ ညတိုင်းပါပါသွားတော့ အတွေးစက လက်တွေ့ဘက် ကို ကူးချင်ချင်ဖြစ်လာတယ်။
အဲဒါနဲ့ အဲဒီအတွေးကို မိန်းမကိုဖွင့်ပြောပြတယ်။ ရလာမယ့်အကျိုးအမြတ်ကိုလည်း ပြောပြတယ်။ ပထမတော့ မိန်းမကလည်း စိတ်ဆိုးမာန်ဆိုးအကြောက်ကန်ညင်းတယ်။ နောက်တော့ မိန်းမယုံအောင်ဆိုပြီး သူ့သူဌေးမုဆိုး ဖိုရဲ့ ချက်ပွတ်ပွဲကို လက်တွေ့ခိုးပြတယ်။ အဲတော့ တခါကနှစ်ခါပြော၊ ကိုယ်တိုင်လည်း ချက်ပွတ်ပွတ်ပြီးပြန် လွှတ်လိုက်တာကိုတွေ့တွေ့လာတော့ တလလုံး ယောက်ျားလုပ်သူရဲ့ ဒရိုင်ဘာလစာလေးနဲ့ ဆင်းဆင်းရဲရဲ၊ ခြိုး ခြိုးခြံနေတာထက်စာရင် ရုပ်လေးဖျက်ပြီး ချက်သွားအပွတ်ခံနေလိုက်ရင် ကိုယ့်လည်းဘယ်သူမှမသိ၊ သူဌေးက လည်းမသိဘဲ ချမ်းချမ်းသာသာနေနိုင်မယ်ဆို တာမျိုးလေးအတွေးပေါ်လာပြီး ယောင်္ကျားရဲ့ အကြံကိုလက်ခံ လိုက်တယ်။
အဲဒါနဲ့ ညလည်းရောက်ရော ရုပ်လေးနည်းနည်းဖျက်လို့ မိန်းမပျက်လေးယောင်ဆောင်ပြီး ချက်ပွတ်ခံဖို့သွားသ တဲ့၊ ယောင်္ကျားဖြစ်သူကလည်း သူ့သူဌေးချက်ပွတ်သမားရဲ့ ပိုက်ဆံကို မြိုးမြိုးမြက်မြက်လေးရတော့မယ်ဆိုပြီး စိတ်ချလက်ချကို အခန်းထဲပို့လိုက်တယ်။ အဲဒီအခြေအနေကို ခွင်ဆင်ပြီးစောင့်နေတဲ့ သူ့သူဌေးကတော့ သူ့ကား ဒရိုင်ဘာလေးရဲ့ ဇနီးချောလေး သူ့ခွင်ထဲဝင်လာတာလည်းသိရော၊ အခန်းတံခါးသေချာပိတ်၊ ယောင်္ကျားအား တွေဘာတွေပါ စားပြီး အားရပါးရလွှတ်သွားလိုက်တာများ မိန်းမခမျာလည်း ငယ်သံပါ။ ဒရိုင်ဘာယောင်္ကျားခမျာ လည်း အခန်းပြင်ကနေ ဘာမှမလုပ်သာ သူကိုယ်တိုင်ထည့်လိုက်တာကိုး။ မနက်လင်းအားကြီးလို့ စားနေကျ ကြောင် ဖားသူဌေးက စိတ်ကျေနပ်တော့မှ တစ်ညခငွေလေးလက်ထည့်ထည့်ပေး ပြီးပြန်လွှတ်လိုက်သတဲ့….။
အမှန်တော့ ဒီDirty Joke ကို အချင်းချင်းဆီက ကားအော်ဒါကို၊ ခရီးသည်(ပါစင်ဂျာ)ကို ခွင်ကျော်ယူသွားပြီးခါမှ ညစ်ပတ်၊ ဈေးဆစ်လွန်းတဲ့ ခရီးသည်၊ လမ်းကြိုလမ်းကြားနဲ့ ပြန်ထွက်ရခက်တဲ့ အိမ်အထိ ငှားသွားတတ်တဲ့ ခရီး သည်နဲ့တွေ့ပြီးတော့မှ မသက်မသာပြန်လာတတ်တဲ့ ကားသမားကို ကျန်တဲ့သူတွေက ပြောတတ်တဲ့ “နောက်မှ ချက်ပွတ်တာမဟုတ်ဘဲ။ ရှင်ကြိး တကယ်လုပ်တယ် မပြောနဲ့နော်”ဆိုတဲ့ စကားချီးနဲ့ ပြောဆို စကားနာထိုးတဲ့ အခါမှာ သုံးတဲ့ ညစ်တီးညစ်စုတ်ဟာသလေးပါ။
ဒါပေမယ့် လေးငါးနှစ်ဆယ်နှစ်ကျော်လာတဲ့ အခုအချိန်ခါမှာ ဒီပုံပြင်လေးကို ထင်ထင်လင်းလင်းလေး ကျွန်တော့် အာရုံထဲ ပြန်ပေါ်လာမိတယ်။ ဘာကြောင့်လဲဆိုတော့ အခုရွေးကောက်ပွဲ၊ ရွေးကောက်ပွဲ အသံတွေညံလာနေ တုန်းမှာ ကျွန်တော်မြင်မိတဲ့ ပညာရှင်တစ်ဖြစ်လဲ တတိယအုပ်စု သို့မဟုတ် (ဟာသလေးထဲက ကားဒရိုင်ဘာလို လူ)နိုင်ငံရေးအခင်းအကျင်းသစ် ကစားချင်သူလူတန်းစားတစ်စုနဲ့ အဲဒီရွေးကောက်ပွဲကိုဘဲ ဆိုခဲ့ပါ ကားဒရိုင်ဘာ လို ပညာရှင်တစ်စုအဟောအပြောနဲ့ ယုံယုံကြည် ဘဝရင်းဝင်ပြီး အခွင့်အရေးတစ်ခုခုမျှော်ပြီး ဝင်ခူးဆွတ်ချင် နေ ရှာတဲ့ ပါတီသစ် လူငယ်မျိုးဆက်၊ လူကြီးပိုးတက် ကားဒရိုင်ဘာရဲ့ဇနီးချောလိုလူတွေရဲ့ “တိုင်းပြည်အတွက် လုပ် တာပါ”ဆိုတဲ့ စကားတစ်ခွန်းနဲ့ စစ်အစိုးရလို စားနေကြကြောင်ဖားမုဆိုးဖို သူဌေးလိုလူမျာရဲ့ သုံးပွင့်ဆိုင် အပြိုင်ကျဲနေကြတဲ့ အာဏာရှင်တဖြစ်လဲ ဒီမိုကရေစီ ချက်ပွတ်ပွဲမှာ ဘယ်သူငယ်သံပါအောင်အော်ပြီးခံရမလဲ။ ဘယ် သူ မခံချိမခံသာ ပြည်တည်နေမလဲဆိုတာကို ဒီပုံပြင်လေးကိုတွေးလိုက် ရင်မောလိုက်ဖြစ်နေမိပါရဲ့။
အဲဒီသုံးပွင့်ဆိုင် လူတတ်၊ လူယောင်၊ လူယုတ်တို့ ၂၀၁၀ အခင်းအကျင်းသစ်ခေါင်းစဉ်လေးတပ်ပြီးတော့ ရက်က လေးပင် သတ်မှတ်ပြီး မီးတပြင်ပြင်၊ ဆိုင်းတကြွကြွ ဖြစ်လာသဖြင့် မိုးတစွတ်စွတ်၊ ဗွက်တဖွတ်ဖွတ်လမ်းမတွေ ပေါ်မှာ ဒီဟာသပုံပြင်လေးနဲ့ ယှဉ်တွဲတွေးပြုံးသက်ပြင်းချချနေမိလို့ ဒီစာလေးကိုကောက်ရေးချလိုက်မိပါရဲ့…။
တဆက်တည်းပြော ချင်မိလိုက်တာက နိုင်ငံနဲ့လူမျိုးအတွက်လုပ်တာပါဆိုတဲ့ မိန်းမချောပါတီ သစ်တွေခ မျာမလဲ။ တစ်ညစာချက်ပွတ်ခလို အလွယ်အချောင် အခွင့်အ ရေးမျိုးလေးရမလားလို့ “နိုင်ငံနဲ့ လူမျိုးအတွက်လုပ်တာပါဆိုတဲ့” ခေါင်းစဉ် လေးရွေးပြီး ဝင်ကကြရာမှာ ရွေးကောက်ပွဲသာဖင်နားကပ်လာတယ်။ ချခံရမှာလား၊ ကုန်းစုပ်ရမှာလား မဝေခွဲနိုင် သေး တဲ့အပြင် နိုင်ငံနဲ့လူမျိုးအကျိုးမပြောနဲ့ ကိုယ့်ပါတီအရေးအတွက်ပင် လွတ်လွတ်လပ်လပ်စည်းရုံးဟောပြော ခွင့် ပင်မရသေးပေ။ အဲလို ကိုယ့်ပါတီရဲ့ အဓိကဖောင်ဒေးရှင်း၊ ဒီမိုကရေစီစနစ်ရဲ့ အခြေခံအုတ်မြစ် လွတ်လပ်စွာ ပြောဆိုစည်းရုံးခွင့်ကိုပင် သူတောင်းစားတောင်းသလို ဗိုလ်မှူး၊ ဗိုလ်ချုပ်ဟောင်းကြီး များဦး စီးထားတဲ့ ရွေးကောက်ပွဲ ကော်မရှင်ထံမှ တောင်းခံလို့မရသေးဘဲနဲ့များ “နိုင်ငံနှင့်လူမျိုး အကျိုး အတွက်ပါ”ဆိုတဲ့ စကားကို မရှက်မကြောက် ထွက်ဟောက်ရဲတာကို အံ့နေမိတယ်။
ဒါပြင် ဒါ့ပြင် ယောက်မလိုငမွှေ ပညာတတ် စပေ့ချဲ့သမားကြီးများမလဲ သူတို့ဆင်တဲ့ဂွင်နည်းနည်းလူရာဝင် လာ ပြီ အထင်နဲ့ ဂျာနယ်အစာကျယ်လိုက်တာ ဘဘဘုရားအမြတ်တော်ရှလို့ ထွက်တော်မလှ သုံးပတ်လောက်ပိတ် လိုက်တော့ ခြေသုတ်ပုဆိုးမြွေစွယ်ကြိုးနှယ် အသံပြန်တိန်သွားရှာပြီး ဒုံရင်းထုံးစံ မဝင်ပြန်သူတွေ၊ လက်မခံသူ တွေကိုဘဲ၊ မိမိရနေရှာတဲ့စပေ့လေးကနေ သခင်အားရကျွန်ပါးဝ ထထဆဲပေးနေခြင်းနဲ့ဘဲ သူတို့ဇာတ်ဝင်ခန်းကို သူတို့ဖာသာလှသွေးချယ် နေရလေရဲ့…။
မြန်မာနိုင်ငံလို ပထဝီနိုင်ငံရေးအကျဉ်းကျပ်၊ လူမျိုးစုအခြေခံနိုင်ငံရေး အကျဉ်းအကျပ်ရှိနေသောနိုင်ငံမျိုးမှာ ဖြစ်ပေါ်လာသော၊ ဦးဆောင်ခွင့်ရနေသော၊ Democracy Transition တစ်ခုရဲ့ အဓိကအခန်းကဏ္ဏမှာ ဝင်ပါသူ များအနေနဲ့ အမှန်တရားကိုမျက်ကွယ်ပြုပြီး စစ်အစိုးရရဲ့ဆင်အဝှာခွေးမျှော်သလို မစားရဝခမန်း အနှစ်သာရမဲ့မျှော်လင့်ချက်တွေကို မိမိကိုယ်တိုင်လည်းမယုံကြည်ဘဲနဲ့ ပြည်သူကို လက်ခံယုံကြည့်ဖို့ အဆိပ်ခပ်နေတာဟာ ပညာတတ်လူကြီးလူကောင်းများဟု လက်ခံရမှာပင် ခပ်ရွံရွံဖြစ်မိပေ သည်။ စစ်မှန်သော Democracy Transition တစ်ခုအဖြစ်သွားချင်တယ်ဆိုလျှင် ဝင်သူကိုထောက်ခံရမှာဖြစ်သ လို၊ မဝင်သူကိုလည်း လက်ခံပေးရမှာဖြစ်သည်။
၎င်းအပြင် နှစ်ပေါင်းဆယ်ဂဏန်းနှင့်ချီ အမျိုးအမျိုးအလီလီ နာကျင် ခံစားခဲ့ရရှာသော တိုင်းရင်းသားများ၊ ပြည် သူလူထုများခမျာ ဖြေရှင်းချက်၊ ညှိနှိုင်းချက်၊ တောင်းပန်ခံဝန် ချက်တစ်တစ်ခုခုပင် မမျှော်လင့်နိုင်သေးခင် နောက်တစ်ကြိမ် အိမ်အဝမှာ ရယကလူကြီးက အိမ်ထောင်စုစာရင်း လာကောက်တာနှင့်ကြုံနေပြီ။ ဘာမှန်းညာ မှန်း သူတို့ခမျာမသိရှာသေး။ ဘုမသိ၊ ဘမသိ၊ မကျေမနပ်နှင့် ဘာကောင်မှန်း၊ ဘာလုပ်မယ်မှန်းမသိတဲ့ တစ်စုံ တစ်ယောက် နာမည်ရေးပေးလိုက်ရဖို့၊ လက်ဗွေနှိပ်ပေး လိုက်ရဖို့၊ အမှန်ခြစ်ပေးလိုက်ရဖို့ အဆင်သင့်ဖြစ်နေရ ရှာပြန်ပြီ။ ဒါကို ဒီမို ကရေစီဟု အူရင်တော့ အဲဒါကို မယူပါရစေနဲ့တော့။ ကျွန်တော်တို့မလိုချင်ပါ။ ဝင်သူနဲ့မဝင်သူ၊ ထောက်ခံသူနဲ့ မထောက်ခံသူ ဘယ်သူဟာ သမိုင်းတာဝန်ကျေသလဲ ဆိုတာကို သမိုင်းစရှည်ရှည်စောင့်နေစရာ မလိုဘဲ အဖြေကထွက်နေပြီ။
၂၀၁၀ ရွေးကောက်ပွဲနှင့် ပတ်သတ်၍ ရွေးကောက်ပွဲဝင်ဖို့ လော်ဆော်နေသော၊ ဝင်ရန်ပြူတစ်ပြူတစ်စောင့်နေ ကြသော ဆရာကြီး၊ ငယ်၊ လတ်၊ ဆိုဒ်စုံများသို့ မေးခွန်းတစ်ခုမေးချင်ပါသည်။ ဘာလို့များ မဲမပေးခြင်း၊ ရွေး ကောက်ပွဲမဝင်ခြင်းသည်လည်း စပေ့ကိုချဲ့ခြင်းဖြစ်သည်ဟု မတွေးမိ၊ မတွေးရဲကြတါလဲ။ မပြောကြ။ မဟော ကြတာလဲ..ဆိုသည့်မေးခွန်းပင်ဖြစ်ပါသည်။ ဟာကွာ ငါတို့ဘာသာဝင်ချင်လို့ ဝင်တာကွာ ဘာဖြစ်လဲဟု ဖြေ ချင်လျှင်လည်း ဖြေခွင့်ပေးပါသည်။ သို့သော် ကျွန်တော့်ဘက်က တိုင်းပြည်နှင့်လူမျိုးကို ကိုယ်စားပြုပြီး ဒီ ဆောင်းပါးလေးပေါ်မှ တောင်းဆိုချင်တာက တိုင်းပြည်နှင့် လူမျိုးအတွက် ရွေးကောက်ပွဲဝင်တာပါဆိုတာကို မ သုံးကြရန် ကန့်ကွက်လိုက်ပါသည်။
ကျွန်တော့်တူလေးတွေ သုံးလေးနှစ်သားလောက်က နာမည်ကြီးသီချင်းလေးတစ်ပုဒ်ကို သူတို့အော်အော်ဆိုတာ ကြားဖူးပါသည်။ “အသည်းကွဲတဲ့ရောဂါ လွယ်လွယ် နဲ့လည်း မပျောက်နိုင် အသည်းကွဲတဲ့ရောဂါ”..အဆိုတော် လာဇယုရဲ့သီချင်း ကောင်းလေးတစ်ပုဒ်ပါ။ အဲဒီသီချင်းကို ပတ်ဝန်းကျင်က ဖွင့်ပါများတော့ ကျွန်တော့် တူတော် မောင်နှစ်ယောက်က ကလေးနားနဲ့ ကြားပြီးသူတိုပြန်ပြန်အော်ဆိုတာက “ကွဲကွဲလေးရော ရွယ်ရွယ်နဲ့ယဲ မ ပြောက်နိုင် ကွဲကွဲလေးရောဂါ”တဲ့…အခုလည်း ကျွန်တော်ရေးနေတဲ့ ဟိုရောက်ဒီရောက်ပေါက်ကရတွေကို ကျွန်တော့် တူလေးတွေဆိုခဲ့ဖူးတဲ့ ကွဲကွဲလေးရောဂါဆိုတဲ့ အသံမျိုးနဲ့ဆိုရင်း ဒီမိုကရေစီစလယ်ဝင်အိုးကြီးခမျာ ဖင်မည်းဖို့နေနေသာသာ ပါကင်ပင် မဖောက်ရသေးခင် ကွဲနေပြဲနေသူတွေအကြောင်းကို ပြုံးစစယှဉ်တွေး မိရင်း ကို ဒီဆောင်းပါးကို ဆက်ရေးရမလား ၊ ရပ်ပစ်လိုက်ရမလား တွေးနေမိပါတယ်။
နိုင်ငံပြုသစ္စာဖြင့်
**သီဟငယ်**
(တနင်္လာ) ၂၃၊ ၈၊ ၂၀၁၀
ကျွန်တော်ငယ်ငယ်က လေဆိပ်မှာ ယာဉ်နောက်လိုက်လုပ်ရင်း ကျောင်းသားဘဝငွေရှာခဲ့ရတဲ့ အချိန်တချိန် ရှိခဲ့ဖူးပါတယ်။ လေဆိပ်မှာလေယဉ်ဆင်းလာပြီဆိုတာနဲ့ ခရီးသည်အထွက်လမ်းမှာ ကားသမားတွေ၊ ကားသ မားနောက်လိုက်တွေက စီတန်းရပ်နေပြီး ထွက်လာသမျှ ခရီးသည်ကို မြူဆွယ်ခေါ်ငင်ရတာပါ။ လေယဉ်စီး ပြန်လာတဲ့ ခရီးသည်မို့ ကားကောင်း၊ ကားသန့်မှ စီးချင်သလို အဲကွန်းပါတဲ့ကားလေးမှ ကားထင်ပါတယ်။ ထား ပါ၊ အခုပြောချင်တာက အဲဒီအငှားကားသမားနောက်လိုက်လုပ်ခဲ့ရတဲ့ ဘဝကိုမဟုတ်ပါဘူး။ အဲဒီတုန်းက ကြား နာ မှတ်သားခဲ့ရတဲ့ စီနီယာအငှားကားမောင်းဆရာကြီးတွေ ပြောလေ့ပြောထရှိတဲ့ပုံတိုပတ်စ၊ ဟာသတွေ အထဲ က Dirty Joke လို့ ခေါ်ရမယ့် ဟာသတစ်ခုပါ။ ဒီဟာသလေးကို လောဘတကြီးနဲ့ အလွယ်လမ်းလိုက်၊ သူများရဲ့စီနီယာအလိုက်စီထားတဲ့ အော်ဒါကို ကျော်ခွပြီး ခရီးသည်လုတဲ့ သူမျိုးကိုပြောချင်တဲ့အခါမျိုးမှာ ပြောလေ့ရှိပါတယ်။ ဟာသလေး ကဒီလို- တခါက အလွန်ချမ်းသာတဲ့ မုဆိုးဖိုသူဌေးကြီးတစ်ယောက်ဆီကို ဇနီးချောချောလေးပိုင်ထားတဲ့ ကားသ မားတစ် ယောက်က ဒရိုင်ဘာသွားလုပ်မိပါသတဲ့။ သူဌေးကြီးက သူ့ဒရိုင်ဘာရဲ့ ဇနီးချောလေးကို စမြင်မြင်ချင်း တည်းက မက်မောသဘောကျမိသတဲ့။ စားနေကျ ကြောင်ဖားကြီး မုဆိုးဖိုဖြစ်သွားတော့ ပိုဆိုးသွားတာပေါ့။ ဒါပေမယ့် သူကလည်း လည်တယ်။ သူများမယားလည်းဖြစ်၊ ကိုယ့်ဝန်ထမ်းရဲ့ဇနီးမယားလည်းဖြစ်တော့ သွားကြံလို့ အလို မတူရင် ပြသနာကြီးနိုင်တယ်။ ဒါပေမယ့် ကစ်ကစ်ကျစ်ကျစ် လှတ၊ ပတလေးကိုလည်း မကြာခဏ မြင်နေရ တော့ ဘယ်လိုမှလည်း ဖြေမပြေဘူး။ တနေ့တခြား သူများမယားကို ကြာခိုဖို့သာ တဏှာတွေနဲ့ စိုလူးနေ လေ တော့တယ်..။
ဒါနဲ့တနေ့တော့ အကြံတစ်ခုရပြီး သူ့ဒရိုင်ဘာကိုခေါ်ပြီး သူနဲ့ညအတူအိပ်ဖို့ မိန်းမတစ်ယောက် သွားရှာခိုင်း တယ်။ ဘယ်လောက်တောင်းတောင်း ဈေးမဆစ်နဲ့ လှတာမလှတာလည်း မင်းအလုပ်မဟုတ်ဘူး ခေါ်သာခေါ်ခဲ့ ဆိုပြီး ထွက်ရှာခိုင်းသတဲ့။ သူဌေးခိုင်းတာဆိုတော မလုပ်ချင်လဲ လုပ်ရတာပေါ့။ ဒါနဲ့ဘဲ မိန်းမပျက် ညည့်ငှက်မ လေးတစ်ယောက် ရှာခေါ်ခဲ့လိုက်တယ်။ ဟိုကလည်း အသည်းအသန်လိုချင်နေမှန်းသိတော့ ဒရိုင်ဘာလေးရဲ့ တလစာလောက်မကတဲ့ ညကြေးတောင်းတယ်။ သူဌေးကဈေးမဆစ်နဲ့ဆိုတော့ မဆစ်ဘဲခေါ်လာပြီး သူဌေးနဲ့ တွေ့ ပေးတယ်။ ပြီးတော့ ပြန်ပို့ပေးဖို့လည်း သူဌေးကသူ့ကို တာဝန်ပေးတယ်။ အဲဒါနဲ့ ကိစ္စပြီးလောက်တဲ့ အချိန် လည်းကျရော ကောင်မလေးကပုံစံမပျက် လေလေးတောင်ချွန်ပြီးထွက်လာသတဲ့၊ လမ်းကျတော့ ကားသမားပါး စပ်ကိုမေးတာပေါ့ ။အခြေအနေဘယ်လိုလည်းဆိုတော့ မိန်းမပျက်ကောင်မလေးက ရှင့်ဆရာက ပန်းသေနေတာ ထင်တယ်။ ကျမကိုခေါ်ပြီးတစ်ကိုယ်လုံးချွတ်၊ ပြီးတော့ ချက်ကလေးကို ပွတ်ပြီး တော်တော်ကြာတော့ ပြန်လွှတ် လိုက်တာဘဲတဲ့၊ လူကိုလည်းသေချာမကြည့်ဘူး ။အခန်းထဲမှာ စကားလည်းမပြော လူကိုလည်းသေချာမကြည့် ချက်လေးကိုလက်နဲ့ပွတ်ပြီးပြန်လွှတ်တယ်ဆိုပြီး ရယ်ရယ်မောမောပြောတယ်။ နောက်မနက်ဖြန်လည်း ချိန်းထား သေးတယ်။ ပြီးတော့ဘောက်ဆူးပါ ထပ်ပေးလိုက်သေးတယ်တဲ့။
ကားသမားဘဲ။ ဒီစကားလောက်နဲ့ ဘယ်ယုံမလဲ။ သူဆရာ အဲလောက်ညံ့မယ့်ပုဂ္ဂိုလ်တော့မဖြစ်နိုင်ဘူးဆိုပြီးပေါ့။ နောက်ညတွေကြတော့ သူက ချောင်းပါလေရော။ အဲတော့ သူတွေ့ရတဲ့မြင်ကွင်းက မိန်းမပျက်ကောင်မလေး ပြောတဲ့အတိုင်းဘဲ ကောင်မလေးကို မျက်နှာတောင်သေသေချာချာမကြည့်ဘဲ တစ်ကိုယ်လုံးကအဝတ်တွေ ချွတ်၊ ချက်ကလေးကို လက်နဲ့ပွတ် တော်တော်လေးကြာတော့ ဘောက်ဆူးထပ်ပေးပြီး ပြန်လွှတ်လိုက်လုပ် တယ်တဲ့။ ကားသမားက လည်းတစ်ညတော့ဖြစ်နိုးဖြစ်နိုးနဲ့ ညတိုင်းချောင်း၊ သူ့သူဌေးကလည်း ညတိုင်းအဲလိုဘဲ လုပ်ပြီးပြန်ပြန်လွှတ်တယ်။ တစ်လလောက်ကြာတော့ ကားသမားလေးက တွေးတယ်။ အင်း ငါတစ်လလုံး ပင်ပင် ပန်းပန်းနဲ့ ဘဝကို ထောင်နုတ်ခမ်း နင်းပြီး ကားသမားလုပ်စားတဲ့ လစာကို သူက ချက်ကလေးလက်နဲ့ အပွတ်ခံ ပြီးရရလာတယ်။ ဒီလို လွယ်လွယ်ရတဲ့ပိုက်ဆံမျိုကို သူဠေးဆီက ရအောင်ဘယ်လိုလုပ်ရမလဲဆိုတာမျိုးပါ တွေး လာတယ်။ အကောင်းဆုံးအကြံတစ်ခုအနေနဲ့ အဲဒီနေရာမှာ ငါ့မိန်းမကိုနည်းနည်းရုပ်ဖျက်ပြီး လွှတ်လိုက်ရင် လည်း ဘာမှမဖြစ်ဘဲ ဒီပိုက်ဆံရမှာလို့ လောဘဇောကပ်တွေးတယ်။ ပထမတော့ ဒီလိုတွေးရတာ တောင် အကု သိုလ် လို့ထင်တယ်။ ငွေတွေကလည်း အလကားနီးပါးမိန်းမပျက်လေးဆီ ညတိုင်းပါပါသွားတော့ အတွေးစက လက်တွေ့ဘက် ကို ကူးချင်ချင်ဖြစ်လာတယ်။
အဲဒါနဲ့ အဲဒီအတွေးကို မိန်းမကိုဖွင့်ပြောပြတယ်။ ရလာမယ့်အကျိုးအမြတ်ကိုလည်း ပြောပြတယ်။ ပထမတော့ မိန်းမကလည်း စိတ်ဆိုးမာန်ဆိုးအကြောက်ကန်ညင်းတယ်။ နောက်တော့ မိန်းမယုံအောင်ဆိုပြီး သူ့သူဌေးမုဆိုး ဖိုရဲ့ ချက်ပွတ်ပွဲကို လက်တွေ့ခိုးပြတယ်။ အဲတော့ တခါကနှစ်ခါပြော၊ ကိုယ်တိုင်လည်း ချက်ပွတ်ပွတ်ပြီးပြန် လွှတ်လိုက်တာကိုတွေ့တွေ့လာတော့ တလလုံး ယောက်ျားလုပ်သူရဲ့ ဒရိုင်ဘာလစာလေးနဲ့ ဆင်းဆင်းရဲရဲ၊ ခြိုး ခြိုးခြံနေတာထက်စာရင် ရုပ်လေးဖျက်ပြီး ချက်သွားအပွတ်ခံနေလိုက်ရင် ကိုယ့်လည်းဘယ်သူမှမသိ၊ သူဌေးက လည်းမသိဘဲ ချမ်းချမ်းသာသာနေနိုင်မယ်ဆို တာမျိုးလေးအတွေးပေါ်လာပြီး ယောင်္ကျားရဲ့ အကြံကိုလက်ခံ လိုက်တယ်။
အဲဒါနဲ့ ညလည်းရောက်ရော ရုပ်လေးနည်းနည်းဖျက်လို့ မိန်းမပျက်လေးယောင်ဆောင်ပြီး ချက်ပွတ်ခံဖို့သွားသ တဲ့၊ ယောင်္ကျားဖြစ်သူကလည်း သူ့သူဌေးချက်ပွတ်သမားရဲ့ ပိုက်ဆံကို မြိုးမြိုးမြက်မြက်လေးရတော့မယ်ဆိုပြီး စိတ်ချလက်ချကို အခန်းထဲပို့လိုက်တယ်။ အဲဒီအခြေအနေကို ခွင်ဆင်ပြီးစောင့်နေတဲ့ သူ့သူဌေးကတော့ သူ့ကား ဒရိုင်ဘာလေးရဲ့ ဇနီးချောလေး သူ့ခွင်ထဲဝင်လာတာလည်းသိရော၊ အခန်းတံခါးသေချာပိတ်၊ ယောင်္ကျားအား တွေဘာတွေပါ စားပြီး အားရပါးရလွှတ်သွားလိုက်တာများ မိန်းမခမျာလည်း ငယ်သံပါ။ ဒရိုင်ဘာယောင်္ကျားခမျာ လည်း အခန်းပြင်ကနေ ဘာမှမလုပ်သာ သူကိုယ်တိုင်ထည့်လိုက်တာကိုး။ မနက်လင်းအားကြီးလို့ စားနေကျ ကြောင် ဖားသူဌေးက စိတ်ကျေနပ်တော့မှ တစ်ညခငွေလေးလက်ထည့်ထည့်ပေး ပြီးပြန်လွှတ်လိုက်သတဲ့….။
အမှန်တော့ ဒီDirty Joke ကို အချင်းချင်းဆီက ကားအော်ဒါကို၊ ခရီးသည်(ပါစင်ဂျာ)ကို ခွင်ကျော်ယူသွားပြီးခါမှ ညစ်ပတ်၊ ဈေးဆစ်လွန်းတဲ့ ခရီးသည်၊ လမ်းကြိုလမ်းကြားနဲ့ ပြန်ထွက်ရခက်တဲ့ အိမ်အထိ ငှားသွားတတ်တဲ့ ခရီး သည်နဲ့တွေ့ပြီးတော့မှ မသက်မသာပြန်လာတတ်တဲ့ ကားသမားကို ကျန်တဲ့သူတွေက ပြောတတ်တဲ့ “နောက်မှ ချက်ပွတ်တာမဟုတ်ဘဲ။ ရှင်ကြိး တကယ်လုပ်တယ် မပြောနဲ့နော်”ဆိုတဲ့ စကားချီးနဲ့ ပြောဆို စကားနာထိုးတဲ့ အခါမှာ သုံးတဲ့ ညစ်တီးညစ်စုတ်ဟာသလေးပါ။
ဒါပေမယ့် လေးငါးနှစ်ဆယ်နှစ်ကျော်လာတဲ့ အခုအချိန်ခါမှာ ဒီပုံပြင်လေးကို ထင်ထင်လင်းလင်းလေး ကျွန်တော့် အာရုံထဲ ပြန်ပေါ်လာမိတယ်။ ဘာကြောင့်လဲဆိုတော့ အခုရွေးကောက်ပွဲ၊ ရွေးကောက်ပွဲ အသံတွေညံလာနေ တုန်းမှာ ကျွန်တော်မြင်မိတဲ့ ပညာရှင်တစ်ဖြစ်လဲ တတိယအုပ်စု သို့မဟုတ် (ဟာသလေးထဲက ကားဒရိုင်ဘာလို လူ)နိုင်ငံရေးအခင်းအကျင်းသစ် ကစားချင်သူလူတန်းစားတစ်စုနဲ့ အဲဒီရွေးကောက်ပွဲကိုဘဲ ဆိုခဲ့ပါ ကားဒရိုင်ဘာ လို ပညာရှင်တစ်စုအဟောအပြောနဲ့ ယုံယုံကြည် ဘဝရင်းဝင်ပြီး အခွင့်အရေးတစ်ခုခုမျှော်ပြီး ဝင်ခူးဆွတ်ချင် နေ ရှာတဲ့ ပါတီသစ် လူငယ်မျိုးဆက်၊ လူကြီးပိုးတက် ကားဒရိုင်ဘာရဲ့ဇနီးချောလိုလူတွေရဲ့ “တိုင်းပြည်အတွက် လုပ် တာပါ”ဆိုတဲ့ စကားတစ်ခွန်းနဲ့ စစ်အစိုးရလို စားနေကြကြောင်ဖားမုဆိုးဖို သူဌေးလိုလူမျာရဲ့ သုံးပွင့်ဆိုင် အပြိုင်ကျဲနေကြတဲ့ အာဏာရှင်တဖြစ်လဲ ဒီမိုကရေစီ ချက်ပွတ်ပွဲမှာ ဘယ်သူငယ်သံပါအောင်အော်ပြီးခံရမလဲ။ ဘယ် သူ မခံချိမခံသာ ပြည်တည်နေမလဲဆိုတာကို ဒီပုံပြင်လေးကိုတွေးလိုက် ရင်မောလိုက်ဖြစ်နေမိပါရဲ့။
အဲဒီသုံးပွင့်ဆိုင် လူတတ်၊ လူယောင်၊ လူယုတ်တို့ ၂၀၁၀ အခင်းအကျင်းသစ်ခေါင်းစဉ်လေးတပ်ပြီးတော့ ရက်က လေးပင် သတ်မှတ်ပြီး မီးတပြင်ပြင်၊ ဆိုင်းတကြွကြွ ဖြစ်လာသဖြင့် မိုးတစွတ်စွတ်၊ ဗွက်တဖွတ်ဖွတ်လမ်းမတွေ ပေါ်မှာ ဒီဟာသပုံပြင်လေးနဲ့ ယှဉ်တွဲတွေးပြုံးသက်ပြင်းချချနေမိလို့ ဒီစာလေးကိုကောက်ရေးချလိုက်မိပါရဲ့…။
တဆက်တည်းပြော ချင်မိလိုက်တာက နိုင်ငံနဲ့လူမျိုးအတွက်လုပ်တာပါဆိုတဲ့ မိန်းမချောပါတီ သစ်တွေခ မျာမလဲ။ တစ်ညစာချက်ပွတ်ခလို အလွယ်အချောင် အခွင့်အ ရေးမျိုးလေးရမလားလို့ “နိုင်ငံနဲ့ လူမျိုးအတွက်လုပ်တာပါဆိုတဲ့” ခေါင်းစဉ် လေးရွေးပြီး ဝင်ကကြရာမှာ ရွေးကောက်ပွဲသာဖင်နားကပ်လာတယ်။ ချခံရမှာလား၊ ကုန်းစုပ်ရမှာလား မဝေခွဲနိုင် သေး တဲ့အပြင် နိုင်ငံနဲ့လူမျိုးအကျိုးမပြောနဲ့ ကိုယ့်ပါတီအရေးအတွက်ပင် လွတ်လွတ်လပ်လပ်စည်းရုံးဟောပြော ခွင့် ပင်မရသေးပေ။ အဲလို ကိုယ့်ပါတီရဲ့ အဓိကဖောင်ဒေးရှင်း၊ ဒီမိုကရေစီစနစ်ရဲ့ အခြေခံအုတ်မြစ် လွတ်လပ်စွာ ပြောဆိုစည်းရုံးခွင့်ကိုပင် သူတောင်းစားတောင်းသလို ဗိုလ်မှူး၊ ဗိုလ်ချုပ်ဟောင်းကြီး များဦး စီးထားတဲ့ ရွေးကောက်ပွဲ ကော်မရှင်ထံမှ တောင်းခံလို့မရသေးဘဲနဲ့များ “နိုင်ငံနှင့်လူမျိုး အကျိုး အတွက်ပါ”ဆိုတဲ့ စကားကို မရှက်မကြောက် ထွက်ဟောက်ရဲတာကို အံ့နေမိတယ်။
ဒါပြင် ဒါ့ပြင် ယောက်မလိုငမွှေ ပညာတတ် စပေ့ချဲ့သမားကြီးများမလဲ သူတို့ဆင်တဲ့ဂွင်နည်းနည်းလူရာဝင် လာ ပြီ အထင်နဲ့ ဂျာနယ်အစာကျယ်လိုက်တာ ဘဘဘုရားအမြတ်တော်ရှလို့ ထွက်တော်မလှ သုံးပတ်လောက်ပိတ် လိုက်တော့ ခြေသုတ်ပုဆိုးမြွေစွယ်ကြိုးနှယ် အသံပြန်တိန်သွားရှာပြီး ဒုံရင်းထုံးစံ မဝင်ပြန်သူတွေ၊ လက်မခံသူ တွေကိုဘဲ၊ မိမိရနေရှာတဲ့စပေ့လေးကနေ သခင်အားရကျွန်ပါးဝ ထထဆဲပေးနေခြင်းနဲ့ဘဲ သူတို့ဇာတ်ဝင်ခန်းကို သူတို့ဖာသာလှသွေးချယ် နေရလေရဲ့…။
မြန်မာနိုင်ငံလို ပထဝီနိုင်ငံရေးအကျဉ်းကျပ်၊ လူမျိုးစုအခြေခံနိုင်ငံရေး အကျဉ်းအကျပ်ရှိနေသောနိုင်ငံမျိုးမှာ ဖြစ်ပေါ်လာသော၊ ဦးဆောင်ခွင့်ရနေသော၊ Democracy Transition တစ်ခုရဲ့ အဓိကအခန်းကဏ္ဏမှာ ဝင်ပါသူ များအနေနဲ့ အမှန်တရားကိုမျက်ကွယ်ပြုပြီး စစ်အစိုးရရဲ့ဆင်အဝှာခွေးမျှော်သလို မစားရဝခမန်း အနှစ်သာရမဲ့မျှော်လင့်ချက်တွေကို မိမိကိုယ်တိုင်လည်းမယုံကြည်ဘဲနဲ့ ပြည်သူကို လက်ခံယုံကြည့်ဖို့ အဆိပ်ခပ်နေတာဟာ ပညာတတ်လူကြီးလူကောင်းများဟု လက်ခံရမှာပင် ခပ်ရွံရွံဖြစ်မိပေ သည်။ စစ်မှန်သော Democracy Transition တစ်ခုအဖြစ်သွားချင်တယ်ဆိုလျှင် ဝင်သူကိုထောက်ခံရမှာဖြစ်သ လို၊ မဝင်သူကိုလည်း လက်ခံပေးရမှာဖြစ်သည်။
၎င်းအပြင် နှစ်ပေါင်းဆယ်ဂဏန်းနှင့်ချီ အမျိုးအမျိုးအလီလီ နာကျင် ခံစားခဲ့ရရှာသော တိုင်းရင်းသားများ၊ ပြည် သူလူထုများခမျာ ဖြေရှင်းချက်၊ ညှိနှိုင်းချက်၊ တောင်းပန်ခံဝန် ချက်တစ်တစ်ခုခုပင် မမျှော်လင့်နိုင်သေးခင် နောက်တစ်ကြိမ် အိမ်အဝမှာ ရယကလူကြီးက အိမ်ထောင်စုစာရင်း လာကောက်တာနှင့်ကြုံနေပြီ။ ဘာမှန်းညာ မှန်း သူတို့ခမျာမသိရှာသေး။ ဘုမသိ၊ ဘမသိ၊ မကျေမနပ်နှင့် ဘာကောင်မှန်း၊ ဘာလုပ်မယ်မှန်းမသိတဲ့ တစ်စုံ တစ်ယောက် နာမည်ရေးပေးလိုက်ရဖို့၊ လက်ဗွေနှိပ်ပေး လိုက်ရဖို့၊ အမှန်ခြစ်ပေးလိုက်ရဖို့ အဆင်သင့်ဖြစ်နေရ ရှာပြန်ပြီ။ ဒါကို ဒီမို ကရေစီဟု အူရင်တော့ အဲဒါကို မယူပါရစေနဲ့တော့။ ကျွန်တော်တို့မလိုချင်ပါ။ ဝင်သူနဲ့မဝင်သူ၊ ထောက်ခံသူနဲ့ မထောက်ခံသူ ဘယ်သူဟာ သမိုင်းတာဝန်ကျေသလဲ ဆိုတာကို သမိုင်းစရှည်ရှည်စောင့်နေစရာ မလိုဘဲ အဖြေကထွက်နေပြီ။
၂၀၁၀ ရွေးကောက်ပွဲနှင့် ပတ်သတ်၍ ရွေးကောက်ပွဲဝင်ဖို့ လော်ဆော်နေသော၊ ဝင်ရန်ပြူတစ်ပြူတစ်စောင့်နေ ကြသော ဆရာကြီး၊ ငယ်၊ လတ်၊ ဆိုဒ်စုံများသို့ မေးခွန်းတစ်ခုမေးချင်ပါသည်။ ဘာလို့များ မဲမပေးခြင်း၊ ရွေး ကောက်ပွဲမဝင်ခြင်းသည်လည်း စပေ့ကိုချဲ့ခြင်းဖြစ်သည်ဟု မတွေးမိ၊ မတွေးရဲကြတါလဲ။ မပြောကြ။ မဟော ကြတာလဲ..ဆိုသည့်မေးခွန်းပင်ဖြစ်ပါသည်။ ဟာကွာ ငါတို့ဘာသာဝင်ချင်လို့ ဝင်တာကွာ ဘာဖြစ်လဲဟု ဖြေ ချင်လျှင်လည်း ဖြေခွင့်ပေးပါသည်။ သို့သော် ကျွန်တော့်ဘက်က တိုင်းပြည်နှင့်လူမျိုးကို ကိုယ်စားပြုပြီး ဒီ ဆောင်းပါးလေးပေါ်မှ တောင်းဆိုချင်တာက တိုင်းပြည်နှင့် လူမျိုးအတွက် ရွေးကောက်ပွဲဝင်တာပါဆိုတာကို မ သုံးကြရန် ကန့်ကွက်လိုက်ပါသည်။
ကျွန်တော့်တူလေးတွေ သုံးလေးနှစ်သားလောက်က နာမည်ကြီးသီချင်းလေးတစ်ပုဒ်ကို သူတို့အော်အော်ဆိုတာ ကြားဖူးပါသည်။ “အသည်းကွဲတဲ့ရောဂါ လွယ်လွယ် နဲ့လည်း မပျောက်နိုင် အသည်းကွဲတဲ့ရောဂါ”..အဆိုတော် လာဇယုရဲ့သီချင်း ကောင်းလေးတစ်ပုဒ်ပါ။ အဲဒီသီချင်းကို ပတ်ဝန်းကျင်က ဖွင့်ပါများတော့ ကျွန်တော့် တူတော် မောင်နှစ်ယောက်က ကလေးနားနဲ့ ကြားပြီးသူတိုပြန်ပြန်အော်ဆိုတာက “ကွဲကွဲလေးရော ရွယ်ရွယ်နဲ့ယဲ မ ပြောက်နိုင် ကွဲကွဲလေးရောဂါ”တဲ့…အခုလည်း ကျွန်တော်ရေးနေတဲ့ ဟိုရောက်ဒီရောက်ပေါက်ကရတွေကို ကျွန်တော့် တူလေးတွေဆိုခဲ့ဖူးတဲ့ ကွဲကွဲလေးရောဂါဆိုတဲ့ အသံမျိုးနဲ့ဆိုရင်း ဒီမိုကရေစီစလယ်ဝင်အိုးကြီးခမျာ ဖင်မည်းဖို့နေနေသာသာ ပါကင်ပင် မဖောက်ရသေးခင် ကွဲနေပြဲနေသူတွေအကြောင်းကို ပြုံးစစယှဉ်တွေး မိရင်း ကို ဒီဆောင်းပါးကို ဆက်ရေးရမလား ၊ ရပ်ပစ်လိုက်ရမလား တွေးနေမိပါတယ်။
နိုင်ငံပြုသစ္စာဖြင့်
**သီဟငယ်**
(တနင်္လာ) ၂၃၊ ၈၊ ၂၀၁၀
No comments:
Post a Comment