ရဲခေါင်ပြောက်ကျား ချေဂွေဗားရား ကျဆုံးခဲ့ရသော ၁၉၆၇ ခုနှစ် အောက်တိုဘာလ ၉ ရက်နေ့ကို ဂုဏ်ပြုသောအားဖြင့် ၂၀၀၈ ခုနှစ်၊ အောက်တိုဘာ ၉ ရက်နေ့မှစ၍ အဖိနှိပ်ခံမြန်မာပြည်သားများအတွက် ရည်ရွယ်လျက် မြန်မာပြည်သားဘလော့ဂ်ကို အမှတ်တရ တင်ဆက်လိုက်ပါသည်။ ** ခွန်အားမျှဝေ... တို့တတွေသည်... မလွဲမသွေ ပြည်သူတွေအတွက်... **

Tuesday, August 10, 2010

မြန်မာတွေ သတ္တိပြဖို့ တစ်ချက်ဘဲ လိုတော့တယ်

> စာရေးသူသည် ဤသို့၊ ဤနယ် အမှတ်တရစကားလေးများကို အလွန်နှစ်သက်မိ၏။ အချို့အမှတ်တရစကားများကို စာဖြင့်မှတ်၏။ အချို့ကို စာရေးသူ၏ ကိုယ်ပိုင်စာကြည့်တိုက် Brain Library တွင် မှတ်မှတ်ရရ တစ်ဘ၀စာ သိမ်းထားလိုက်၏။ မေ့ပျောက်မသွားတော့ပါ။ အမြဲ အမြဲသတိရနေပါ၏။
ကျနော်တို့ ဗိုလ်ချုပ်၏ အမှတ်တရ စကားများကို ဆိုရင်ဖြင့် Brain Library မှာ အမြဲဘဲသိမ်းထားခဲ့ရပါ၏။ မြန်မာပြည်ကြီး လွတ်လပ်ရေးရဘို့နေ့မအား ညမနား အလုပ်လုပ်နေသော ဗိုလ်ချုပ်…. လူထုအစည်းအဝေးကြီးတစ်ခုမှာ မိန့်ကြားခဲ့တဲ့ မိန့်ခွန်းထဲက အမှတ်တရ စကား စာရေးသူ မှတ်မှတ်ရရကို မှတ်သားထားလိုက်မိတာက `လွတ်လပ်ရေးကို လိုချင်ရင် တိုင်းရင်းသားအားလုံး စည်းလုံးညီညွတ်ကြဘို့… စားဖါးတွေ ညီညွတ်တာ၊ ကျုပ်မလိုချင်ပါဘူး´တဲ့၊ အလွတ်အမှတ်တရဖြစ်စေသော စကားတခွန်းဖြစ်ပါတယ်။
အခု ခေါင်းစဉ်သုံးထားတဲ့ စကားလေးကလည်း ဘီဘီစီ လေလှိုင်းမှာပါတဲ့ `လွတ်လပ်အတွေး ဆွေးနွေးဖလှယ်´ထဲက တယောက်သော ပုဂ္ဂိုလ်၏ စကားလေးဖြစ်ပါတယ်။ `မြန်မာတွေ သတ္တိပြဘို့၊ တစ်ချက်ဘဲ လိုတော့မယ်´ တကယ်ပါ ဒီတစ်ချက်ကို ဒို့တိုင်းရင်းသား မြန်မာနိုင်ငံသားတွေ ညီညွတ်မှုအင်အား အပြည့်နဲ့ သတ္တိပြလိုက်ကြစမ်းပါလို့၊ မဟာဇော် မကွေးက ဘယာကြော်ကလေးလွေးရင်း… စာတော် ကလေးရေးကာ အကြောင်းကြီးပေါ်လာပြီမို့ မောင်းတီးကာ ဆော်သြလိုက်ရပါသည်။

**ဘာကို သတ္တိပြရမှာလဲ**
မြန်မာနိုင်ငံကြီးမှာဖြင့် သိန်းဇိုး ငရဲပြည်ကို မကြာခင်သွားတော့မယ့် `သိန်းစိုး´ က ခွေးခလောက်ဆွဲဆိုတာ ကျနော့်စကားမဟုတ်ပါဘူး။ ဆရာ မစ္စတာ ဆန်တာကလော့စ်ရဲ့ စကားကို ကျနော်ခိုးပြီး သုံးထားတာပါ။ `ရွေးကောက်ပွဲ လို့ အဓိပ္ပါယ်ရပါတယ်၊´ လားပင်စင် အပေးခံရတော့မယ့် ဆဲဆဲထွက်ပြေးလာတဲ့ `၀င်းကို´က အတွင်းရေးမှူးလုပ်ကာ ကြံ့ဖွတ် အာဏာရဘို့ အကြီးအကျယ် `စားရိတ်ကုန် ဇလုံပွန်း´ ကြိုးစားနေတာ လူတိုင်းအသိဖြစ်ပါတယ်။
ကြံ့ဖွတ်ဆိုတာ ဘာလဲ- အကြောင်းညီညွတ်အောင် ဘောင်းဘီချွတ်ထားတဲ့… မ သူတော်ကောင်များရဲ့ ပါတီ၊ဒီပါတီကိုမှ မျက်စိမှိတ် နားပိတ်ပြီး မဲမပေးကြပါနဲ့၊ မိမိတို့ရဲ့ ကိုယ်ပိုင် အခွင့်အရေးဖြစ်တဲ့ အသဲကြားက မဲတစ်ပြားကို ငရဲလားမယ့် ၀ဲစားတွေဆီ မရောက်အောင် ဂရုစိုက်ပေးပါ။ တားဆီးပေးပါ ပိတ်ပင်ပေးပါ ဒါကို စာရေးသူ တိုက်တွန်းချင်ပါတယ်။
အကြောက်တရားတွေ မလွှမ်းမိုးပါနဲ့။ ကြောက်စိတ်တွေကို ဖျောက်ဆိပ် ကြယ်ပေါ်ရောက်အောင် ပစ်ထုတ်လိုက်ပါ။ ညီညွတ်မှုကို ရယူပါ။ စည်းလုံးညီညွတ်ခြင်းဟာ- ခွန်အားပါ၊ အရာရာကို အောင်မြင်နိုင်ပါတယ်။ “unity is strength” လို့ အဆိုရှိပါတယ်။
ခေါင်းဆောင်ကောင်းနောက်က လိုက်တဲ့ နောက်လိုက်ကောင်းတွေ ဖြစ်အောင်ကြိုးစားကြပါ။ ဒီမိုကရေစီခေါင်းဆောင်ကြီး `ဒေါ်အောင်ဆန်းစုကြည်´ ဟာ မိမိကိုယ်ကို အကျယ်ချုပ်တွေ၊ အကျဉ်းချုပ်တွေ အကျခံပြီး တစ်မျိုးသားလုံး စစ်မှန်တဲ့ ဒီမိုကရေစီ ရအောင်ကြိုးစားနေသလို၊ အဖွဲ့ဝင်ဖြစ်တဲ့ NLD လူကြီးတွေကလည်း စစ်မှန်တဲ့ ရွေးကောက်ပွဲ တရားမျှတတဲ့ ရွေးကောက်ပွဲ ဖြစ်ဘို့ မှန်ကန်တဲ့ဘက်ကို ရပ်တည်ဘို့ ဦးဆောင်ပြီး ပညာပေး စည်းရုံးနေပါတယ်။ ဒီပုဂ္ဂိုလ်ကြီးတွေဟာ `ဒီဝဲစား´တွေနဲ့ မနှိုင်းအပ်ပါဘူး။ သမိုင်းမှာတောက်ပြောင်ခဲ့တဲ့ အနှိုင်းမဲ့ ပုဂ္ဂိုလ်ကြီးတွေ ဖြစ်ပါတယ်။
ဒီ ပုဂ္ဂိုလ်ကြီးတွေ ခေါင်းဆောင်ကြီးတွေက ဦးဆောင်စည်းရုံးနေရင် ဒီမိုကရေစီ အစစ်အမှန်လိုလားတဲ့ မြန်မာနိုင်ငံသားတွေက စည်းစည်းလုံးလုံးနဲ့ နောက်ကလိုက်ဖို့ လိုအပ်ပါတယ်။
ကမ္ဘာ့သမိုင်းကို ပြန်ကြည့်ရင်လည်း၊ ပြင်သစ်စစ်ဗိုလ်ချုပ်ကြီး `နပိုလီယံဘိုနာပတ်´ဟာ အလွန်ထက်မြတ်တဲ့ ခေါင်းဆောင်ဖြစ်ခဲပါတယ်။ ဥပမာ- တစ်ခုကို တင်ပြပါ့မယ်။ (မြန်မာစစ်တပ်ကို အားပေးတဲ့ ဥပမာ မဟုတ်ပါဘူး ညီညွတ်ကြမယ်ဆိုရင် အောင်မြင်မှု ရခဲ့တဲ့ ဥပမာပါ။)
ပြင်သစ်စစ်ဗိုလ်ချုပ်ကြီး `နပိုလီယံဘိုနာပတ်´ ခေါင်းဆောင်နေတဲ့အချိန်မှာ ပြင်သစ်နိုင်ငံဟာ အိမ်နီးချင်း နိုင်ငံအားလုံးနီးပါးနဲ့ စစ်ဖြစ်နေပါတယ်။ ဒါကို မရောင့်ရဲသေးဘဲ နပိုလီယံဟာ `အီတလီ´ နိုင်ငံထဲကိုဝင်ရောက် တိုက်ခိုက်လိုစိတ် အလွန်ပြင်းပြနေပြန်ပါတယ်။ ဒါပေမဲ့ ပြင်သစ်နှင့် အီတလီ နှစ်နိုင်ငံကြားမှာ အဲ့လဲပ်စ်တောင်တန်း၊ တောင်မြင့်ကြီးတွေ ခြားနေပါတယ်။ တောင်ထိပ်တွေမှာလဲ ဆီးနှင်းတွေဖုံးနေတယ်။ (စားရေးသူတို့ ကျောင်းမှာတုန်းက အဲလပတ် တောင်တန်းလို့အလွယ်တကူ ခေါ်ခဲ့မိပါတယ်။)
`ဒီအဲလဲပ်စ် တောင်တန်းတွေကို ဖြတ်ကျော်လို့ ဖြစ်ပါ့မလား´ ဟု နပိုလီယံ ကမေးတယ်။
တောင်များကို ကျော်ဖြတ်ဖို့ ကြည့်ရှုစုံစမ်းရန် စေလွှတ်ခြင်းခံခဲ့ရတဲ့ စစ်သားများက ခေါင်းခါကြတယ်။ ထို့နောက်၊ စစ်သားတယောက်က ပြောတယ်။ `ဖြစ်တော့ ဖြစ်နိုင်ပါတယ်။ ဒါပေမယ့်´တဲ့။
နပိုလီယံက ဆက်ပြီး အမိန့်ပေးတယ်။ `ဘာမှ ဒါပေမယ့် မနေနဲ့။ ငါနောက်ထပ် ဘာမှမကြားချင်ဘူး ။အီတလီနိုင်ငံကို ရောက်အောင်ချီတက်ကြဒါဘဲ´တဲ့
လူသွားလမ်းကင်းမဲ့တဲ့ အဲ့လဲပ်စ် တောင်တန်းတွေပေါ်ကို အင်အား ခြောက်သောင်းရှိတဲ့ စစ်တပ်ကြီးဖြတ်သွားမည်ဆိုသော သတင်းကို ပြင်သစ်နိုင်ငံသားတွေက ပျက်ရယ်ပြုကြတယ်။ ဒါပေမယ့် နပိုလီယံဟာ သူ့လက်အောက် ဗိုလ်တွေကို အစီအစဉ်တကျ ဖြစ်အောင်လုပ်ဖို့ အမိန့်ပေးထားတယ်။
စစ်သည်တော်တွေ မြင်းများနှင့် အမြောက်လက်နက်ကြီးများမှာ မိုင်နှစ်ဆယ်ရှည်လျားပါတယ်။ မတ်စောက်သော တောင်ကမ်းပါးယံများသို့ ရောက်ရှိတဲ့အခါ တံပိုးခရာများက တရကြမ်းချီတက်ဖို့ အသံပြုလိုက်တယ်။ အဲဒီနောက် စစ်သည်တော်များ အစွမ်းကုန်ချီတက်ကြရာ အဲ့လဲပ်စ် တောင်တန်းတွေကို ကျော်ဖြတ်နိုင်ပြီး လေးရက်မြောက်တဲ့နေ့မှာ အီတလီနိုင်ငံ မြေကိုချေချနိုင်ခဲ့ပါတယ်။
နပိုလီယံဘိုနာပတ်က ဒီလိုဝင့်ကြွားလိုက်ပါတယ်။ `အောင်ရမယ်လို့ ဆုံးဖြတ်ထားပြီးတဲ့ လူဟာ ဘယ်တော့မှ မဖြစ်နိုင်ဘူးလို့ မပြောရဘူး´ ပါတဲ့ခင်ဗျား…။
ဒီဥပမာ ထုံးကိုနှလုံးမူပြီး ကျနော်တို့ မြန်မာနိုင်ငံ တန်တလျားမှာရှိတဲ့ မြန်မာနိုင်ငံသားသွေးချင်းများအားလုံးကို တပ်လှန့် နှိုးဆော်လိုက်ချင်တာက စစ်အစိုးရ၏ (မစ္စတာ ဆန်တာကလော့စ်ရဲ့အခေါ် ခွေးခလောက်ဆွဲ)ရွေးကောက်ပွဲကို ဆန့်ကျင်ကြပါ ကြံ့ဖွတ်အဖွဲ့ကို အပြုတ်တိုက်ပါ။ `ငရွှေကြီး ၀ါဒ ဆန့်ကျင်ကြ´ `သိန်းစိန်နဲ့ တပည့်များကို ရှောင်ရှားကြ´
စေတနာမှန်နဲ့ လမ်းပြနေတဲ့ `ဒေါ်စုရဲ့ ၀ါဒလွှမ်းမိုးကြပါစေ´ NLD ခေါင်းဆောင်ကြီးများ ညွှန်တဲ့လမ်းကို လျှောက်ကြပါလို့ `ဘာမထီဇာနည်များကို - မြန်မာပြည်သားမှနေ၍ စာအရှည်ပါးလိုက်ရပါကြောင်း´…..။

**မဟာဇော် - မကွေး**

စာရေးသူသည် ဤသို့၊ ဤနယ် အမှတ်တရစကားလေးများကို အလွန်နှစ်သက်မိ၏။ အချို့အမှတ်တရစကားများကို စာဖြင့်မှတ်၏။ အချို့ကို စာရေးသူ၏ ကိုယ်ပိုင်စာကြည့်တိုက် Brain Library တွင် မှတ်မှတ်ရရ တစ်ဘ၀စာ သိမ်းထားလိုက်၏။ မေ့ပျောက်မသွားတော့ပါ။ အမြဲ အမြဲသတိရနေပါ၏။

No comments:

Total Pageviews

Labels

ပညာပေး (1488) ကာတွန်းဟာသ (1343) ဟာသ (899) ဆောင်းပါး (822) ကဗျာ (777) သတင်း (533) .ဆောင်းပါး (512) အက်ဆေး/၀တ္ထုတို (504) ကြော်ငြာ (432) နိုင်ငံတကာထူးခြားသတင်း (388) ပညာပေး... (326) နိုင်ငံတကာ ထူးခြားသတင်း (321) ကဗျာ (279) နိုင်ငံတကာအခြားသတင်း.. (253) ကဗျာ… (228) ပုံပြင် (220) ဆောင်းပါး…. (203) အက်ဆေး (191) ဘောလုံးဟာသ...။ (156) သဘောထားအမြင် (149) Cartoon (145) သတင်း.... (139) ကဗျာ... (136) ကဗျာ..... (132) ပညာပေး.. (131) နိုင်ငံတကာ အခြားသတင်း.. (123) ပြည်တွင်းသတင်း (118) သတင်း..။ (114) သတင်းတို (111) သရော်စာ… (106) ဝတ္ထုတို (105) ၀တ္ထုတို (95) ဓါတ်ပုံသတင်း (81) သတင်း.. (79) ပေးစာ (79) ဘာသာပြန် ဝတ္ထုတို (75) ဓာတ်ပုံသတင်း (72) ကာတွန်း (64) ဓာတ်ပုံသတင်း..။ (64) သရော်စာ (64) နိုင်ငံတကာ အခြားသတင်း (60) ဓာတ်ပုံသတင်း.. (54) မေတ္တာစာ (54) အောက်မေ့ဘွယ်စာလွှာ (53) သတင်း. (47) ဘာသာပြန်အက်ဆေး (46)်ပုံပြင် (45) ကာတွန်းဟာသ- (44) ဘောလုံးဟာသ... (44) နိုင်ငံတကာအခြားသတင်း (43) -ကာတွန်းဟာသ (40) နိင်ငံတကာ အခြားသတင်း (39) ကဗျာ. (37) သတင်းဆောင်းပါး (36) News (35) ကာတွန်း ဟာသ (34) ပညာပေး) (33) ကဗျာ(ဟာသ) (32) ဟာသကဗျာ (32) အောင်မြင်ရေးဒဿန (30) xပညာပေး) (29) ကြေညာချက် (28) ရုပ်သံ သတင်း (25) ဂျာနယ် (24) TV (23) နိုင်ငံတကာ အခြားသတင်း. (23) ဘာသာပြန်ဆောင်းပါး (20) ရင်ဖွင့်သံ (19) သရဲဇာတ်လမ်း (19)်ပုံင်္ပြင် (18) ထုတ်ပြန်ချက် (14) ဓာတ်ပုံ (13) ဘာသာပြန်ပုံပြင် (13) ဓာတ်ပုံသတင်း (12) သတင်းဓါတ်ပုံ (12) သီချင်း (12) အင်တာဗျူး (12) အတွေးအမြင် (12) ဓာတ်ပုံသတင်း. (11) ပုံင်္ပြင် (11) အယ်ဒီတာ့ထံပေးစာ (11) ဥာဏ်စမ်း (11) Photo News (10) poem (10) ဂျာနယ် (10) ဟာသအက်ဆေး (10) (ကျန်းမာရေး ပညာပေး) (9) . (9) x ပညာပေး) (9) ဘာသာပြန် (9) The Article (8) ခရီးသွား.ဆောင်းပါး (8) နိုင်ငံတကာအခြားသတင်း (8) ဘာသာရေးဆောင်းပါး (8) သတင်း.ဆောင်းပါး (8) ဗေဒင် (8) သတင်းတို. (7) ဟာသ ဝတ္ထုတို (7) တဘောင် (6) ကှဗျာ (5) နိုင်ငံထူးခြားသတင်း (5) ဘာသာရေး၊ဓမ္မပုံပြင် (5) မိန့်ခွန်း (5) သမိုင်းစကား၊ ပန်းစကား (5) ဟာသ ဓာတ်ပုံ (5) အားကစားသတင်း (5) song (4) ကာတွန်းဟာသ (4) စကားပုံ (4) ထူးခြားသတင်း (4) ပညာပေ; (4) သတင်း.တို. (4) သရော်စာ (4) ဟာသ- (4)်ဆောင်းပါး (4) -ကာတွန်းဟာသ- (3) interview (3) ထုပ်ပြန်ချက် (3) ဓမ္မဒါန (3) ဓါတ်ပုံအက်ဆေး (3) ဓာတ်ပုံအက်ဆေး (3) ပညာပေ (3) ဖိတ်စာ (3) ရုပ်သံ (3) သတင်း.တို.။ (3) ဟာသ အင်တာဗျူး (3) ဟာသ. (3) အင်တာဗျူးး (3) အတိုဆုံးဝတ္ထုတို (3) အယ်ဒီတာ့အာဘော် (3) ဘောလုံးဟာသ. (3) (ဟာသ) (2) By....meepyatite (2) Statement (2) Story (2) With Best Regards (2) aဆာင်းပါ (2) ကန်တော့ချိုး (2) ကျန်းမာရေး ပညာပေး (2) ဇာတ်လမ်းတို (2) ပန်းချီ (2) ပုံပြင် (2) ဘာသာပြန်ကဗျာ (2) ရုပ်ပုံအတွေး (2) ဟာသပုံပြင် (2) အစီရင်ခံစာ (2) အမှတ်တရ (2) အတွေး (2) ဦးဦး မှော်ဆရာ (2) ဆောင်းပါ (2) ပြဇာတ် (2) (xပညာပေး) (1) (ပညာပေး) (1) ) (1) .... (1) 2010 at 11:22pm (1) =နိုင်ငံတကာ အားကစားသတင်းများ (1) Announce (1) By: Sara Yin (ကျန်းမာရေး ပညာပေး) (1) By; Silver Moon အင်တာဗျူး (1) General Knowledge (1) Joke (1) Photo Essay (1) Thanks (1) aဆာင်းပါး (1) khana.na155 ကဗျာ (1) minkonaing (1) ကဗျာ( (1) ကဗျာ… By..Blue gyee (1) ကာတွန်းဟာသ <br /> <br /> (1) ကိုယ်တိုင်ရေးကဗျာ သီဟသူ (1) ခရီးသွားဆာင်းပါး (1) ခရီးသွားဆောင်းပါး (1) စကား (1) စကားပုံ (1) စာစု (1) စိုးမိုးကျော် (ဟာသ) (1) ဆက်သွယ်ရန် (1) ဓါတ်ပုံအက်ဆေး (1) ဓာတ်ပုံအက်ဆေး (1) ဓာတ်ပုံအတွေး (1) နူတ်ခွန်းဆက်လွှာ (1) (1) ပညာပေ;း (1) မိန့်ခွန်း (1) ရုပ်ရှင် (1) သတင်း နှင့်ဟာသ (1) သတင်း.တို (1) သတင်းကဗျာ (1) သတင်းသီချင်း (1) သရော်ကဗျာ (1) ဟသ (1) ဟာသအင်တာဗျူး (1) ဟိုအကြောင်း ၊ဒီအကြောင်းသူတို့ အကြောင်း (1) အဆိုအမိန့် (1) အထ္ထုပ္ပတ္တိ) (1) အားကစားသတင်းများ (1) အခြားသတင်း (1) ဦးဦး မှော်ဆရာ ပညာပေး.. (1)ုပုံပြင် (1) ဆောင်းပါ; (1) ပေးပို့ သူ .. စိုးမိုးကျော် ဟာသ (1) ပေးပို့ သူ...သက်နိုင် ကဗျာ… (1) ပေးပို့ သူ…greenleave (1)်ပုံပြင် (1) (1) ရုပ်သံ (1) • Posted by thant zin htwe on နိုဝင်ဘာ 19 (1) …. (1)