အေဒင်ပင်လယ်ကွေ့ရေပြင်တွင် သြဂုတ်လ ၉-ရက်နေ့က ဆိုမာလီပင်လယ်ဓားပြများ၏ အမြန်ရေယာဉ်နှစ်စင်းနှင့် ဥရောပသမဂ္ဂရေကြောင်းလုံခြုံရေးတပ်ဖွဲ့ဝင်များက အပြန်အလှန်တိုက်ခိုက်မှု ဖြစ်ပွားခဲ့ကြောင်း ဆိုမာလီဓားပြများ ဒဏ်ရာရရှိခဲ့သော်လည်း လွတ်မြောက်သွားခဲ့ကြောင်း သတင်းထုတ်ပြန်သည်။ (အင်တာနက်)
** နာဂါစကီးမြို့၌ အဏုမြူအထိမ်းအမှတ်ပွဲ ကျင်းပ **
ဂျပန်နိုင်ငံ နာဂါစကီး မြို့တွင် (၆၅)နှစ်မြောက် အဏုမြူဗုံးကြဲချမှုအထိမ်းအမှတ် အခမ်းအနားကို သြဂုတ်လ ၉-ရက်နေ့က ကျင်းပရာ နိုင်ငံတကာမှ ကိုယ်စားလှယ်များ တက်ရောက်ခဲ့ကြသည်။ (အင်တာနက်)
** ဂျာမနီနိုင်ငံ မိန့်မြို့အနီး ရဟတ်ယာဉ်ပျက်ကျ **
ဂျာမနီနိုင်ငံ မိန့်မြို့အနီးတွင် သြဂုတ်လ ၉-ရက်နေ့ နံနက်က ရဟတ်ယဉ်တစ်စင်း ပျက်ကျခဲ့ရာ လေယာဉ်ပေါ်လိုက်ပါလာသည့် လေယာဉ်မှူးသေ ဆုံးခဲ့ကြောင်း ဂျာမနီလေကြောင်းအရာရှိများက ပြောကြားသည်။ (အင်တာနက်)
** ကမ္ဘာ့ဈေးကွက်၌ ဒေါ်လာဈေးနှုန်းအနည်းငယ် ကျဆင်း **
ကမ္ဘာ့ဈေးကွက်တွင် အမေရိကန်ဒေါ်လာ ဈေးနှုန်းများ ကျဆင်းသွားလျက်ရှိရာ သြဂုတ်လ ၉-ရက်နေ့က ဂျပန်နိုင်ငံ တိုကျိုဈေးကွက်၌ ဂျပန်ယန်းငွေ ၈၅-ယန်းလျှင် အမေရိကန်တစ်ဒေါ်လာအထိ ကျဆင်းခဲ့ကြောင်း ဂျပန်အရာရှိများက သတင်းထုတ်ပြန်သည်။ (အင်တာနက်)
** အစ္စရေးတို့က လက်ဘနွန်ငါးဖမ်းသင်္ဘောများအား ပစ်ခတ် **
အစ္စရေးတပ်ဖွဲ့ဝင်များက သြဂုတ်လ ၉-ရက်နေ့ နံနက်က ပါရှန်ပင်လယ်ကွေ့အတွင်း ငါးဖမ်းနေသော လက်ဘနွန်ငါးဖမ်းသင်္ဘောများကို ပစ်ခတ်တိုက်ခိုက်ခဲ့ကြောင်း ထိခိုက်ဒဏ်ရာရရှိမှုမရှိကြောင်း လက်ဘနွန်အရာရှိများက ပြောကြားသည်။ (အင်တာနက်)
** ပါကစ္စတန်အနောက်မြောက်ပိုင်း၌ မြေပြို **
ပါကစ္စတန်နိုင်ငံ အနောက်မြောက်ပိုင်းတွင် သြဂုတ်လ ၉-ရက်နေ့က မြေပြိုမှုများဖြစ်ပွားခဲ့ရာ ဒေသခံ ၅၃-ဦး သေဆုံးခဲ့ကြောင်း ပါကစ္စတန်ရဲတပ်ဖွဲ့က ပြောကြားသည်။ (အင်တာနက်)
** တောင်ကိုရီးယား ငါးဖမ်းသင်္ဘော ပျောက်ဆုံး**
တောင်ကိုရီးယားနိုင်ငံ အရှေ့ပိုင်းကမ်းလွန်တွင် ငါးဖမ်းနေသော သင်္ဘောသား ခုနစ်ဦးပါရှိသည့် တောင်ကိုရီးယားငါးဖမ်းသင်္ဘောတစ်စင်းမှာ သြဂုတ်လ ၉-ရက်နေ့က ပျောက်ဆုံးသွားခဲ့ကြောင်း ရှာဖွေမှုများ ပြုလုပ်လျက်ရှိကြောင်း တောင်ကိုရီးယား အရာရှိများက ပြောကြားသည်။ (အင်တာနက်)
** စုစည်းဘာသာပြန်-မောင်ချစ်ကြည် **
** ဆိုမာလီဓားပြများနှင့် လုံခြုံရေးတပ်ဖွဲ့များ တိုက်ခိုက် **

No comments:
Post a Comment