အကိုရေ
၈၉ ရဲ့ ခပ်မှောင်မှောင် ခပ်စုပ်စုပ်တနေ့က
သံဇကာကွက်နှစ်ထပ်ကြားခံပြီး
ကဗျာလေးတွေ တယောက်တလှည့်
အော်အော်ပြီး ရွတ်ထည့်လိုက်ရင်း
ညီမလေး အေးမိုးက ဗဟိုပြုရင်း
စဆုံးကြတာ မေ့စရာမှမဟုတ်တာ အကိုရေ။
**အဲသည်တုန်းက
သံဆူးကြိုးတွေပေါ်က လရောင်အလှကို
ခင်ဗျားအာရုံ ကျနေခဲ့တာ သတိရတယ်။
**တိမ်းပါးနှင့်သူ အမေကို
ခင်ဗျားနှုတ်ဆက်ခွင့်မရလိုက်ရတာ
သတိရပါတယ်။
**ခင်ဗျားချစ်လှတဲ့ မိန်းကလေးရဲ့
လက်ထပ်ကတိစကားကို
ခင်ဗျားခွာချထားပစ်ခဲ့ရတဲ့
၉၃ မတ်လရဲ့ ညနေတခုကို သတိရတယ်။
**ရွှေပြည်တော်ကို မခွခြင်က
ညမထွက်ရ ရာဇသံကို အာခံရင်း
အတူတူညလုံးပေါက်
ကဗျာတွေသောက်သုံး နေခဲ့ကြတဲ့
ပလက်ဖေါင်းပေါ်က တယောက်၊
သံလမ်းပေါ်က တယောက်၊
အဲသည်ညက
ကပိုကယိုလရောင်တွေနဲ့
ဝင်းဝင်းတောက်နေခဲ့ကြတာလေဗျာ။
**ကြယ်တွေ ကြွေတာ
ကင်ဆာတဲ့လား
ကင်ဆာရောဂါ ကျဆုံးပါစေလို့
ခင်ဗျားပဲ လေသံမာမာနဲ့
အော်အော်နေခဲ့တာလေဗျာ
အခုဟာက ကင်ဆာမကျဆုံးခင်
ခင်ဗျားဗျာ..
ဓါးတိုနေရင် ရှေ့တိုးပြီး ထိုးလိုက်စမ်းပါ ဆိုတဲ့
ခင်ဗျားချစ်တဲ့ ဇော်(ပျဉ်းမနား)
အခုပဲ ခင်ဗျားတို့အတူ ချီးယားလုပ်နှင့်နေကြရောပေါ့
သူရဲကောင်းများကဖေးမှာ ဆုံနှင့်ကြရောပေါ့။
**အကိုရေ နာကျင်မှုကင်းမဲ့ရာ
သုဂတိဘုံမှာ လားစေသားလို့
ခင်ဗျား မတိုင်တည်ခဲ့တာ
အရေပြားတစ်ထောက်ရေးရာတွေမှာ
ခင်ဗျားဟာ ခင်ဗျားလောက် မာကျောခဲ့တာ
နာကျင်စရာတွေကို ဟာသလုပ်လုပ်ပစ်ခဲ့တာ
ညီမလေးအေးမိုးကို ပြန်ပြောချင်ပါသေးသဗျာ။
**ခင်ဗျားဟာ
အမတရဲ့ တံခါးဝကို တထစ်နီးသွားတာဖြစ်ခြင်း
မောင်ချောနွယ်ဖွဲ့နွဲ့သလို
လေယာဉ်ပြောင်းစီးတာပဲဖြစ်ဖြစ်
ဖန်ခွက်တလုံးလို ကျကွဲတာပဲဖြစ်ဖြစ်
အင်္ကျီတထည်ပြောင်းဝတ်တာပဲ ဖြစ်ဖြစ်
မီးတိုင်အသစ်ထွန်းညှိတာပဲ ဖြစ်ဖြစ်
ဘာပဲဖြစ်ဖြစ်ဗျာ
ရှင်သူတချို့က
အရှင်လတ်လတ် မတ်တပ်ကြီး သေနေတုန်း
သေသူတချို့ လတ်ဆတ်ရှင်သန်နေတဲ့
ကျုပ်တို့ ရွာကြီးက
မွေးနေ့တွေအတွက်လည်း နာကျင်ရ
သေနေ့တွေအတွက်လည်း နာကျင်ရတယ်ဗျာ
ပြန်ဆုံကြအုံးမယ် အကိုရေ…။ ။
** သန်းဝင်းထွဋ် **
(ကိုထက်မိုး၏ ပြန်ကျမိုးများမှ)
**ကိုထက်မိုးရေ
အကိုရေ
၈၉ ရဲ့ ခပ်မှောင်မှောင် ခပ်စုပ်စုပ်တနေ့က
သံဇကာကွက်နှစ်ထပ်ကြားခံပြီး
ကဗျာလေးတွေ တယောက်တလှည့်
အော်အော်ပြီး ရွတ်ထည့်လိုက်ရင်း
ညီမလေး အေးမိုးက ဗဟိုပြုရင်း
စဆုံးကြတာ မေ့စရာမှမဟုတ်တာ အကိုရေ။
**အဲသည်တုန်းက
သံဆူးကြိုးတွေပေါ်က လရောင်အလှကို
ခင်ဗျားအာရုံ ကျနေခဲ့တာ သတိရတယ်။
**တိမ်းပါးနှင့်သူ အမေကို
ခင်ဗျားနှုတ်ဆက်ခွင့်မရလိုက်ရတာ
သတိရပါတယ်။
**ခင်ဗျားချစ်လှတဲ့ မိန်းကလေးရဲ့
လက်ထပ်ကတိစကားကို
ခင်ဗျားခွာချထားပစ်ခဲ့ရတဲ့
၉၃ မတ်လရဲ့ ညနေတခုကို သတိရတယ်။
**ရွှေပြည်တော်ကို မခွခြင်က
ညမထွက်ရ ရာဇသံကို အာခံရင်း
အတူတူညလုံးပေါက်
ကဗျာတွေသောက်သုံး နေခဲ့ကြတဲ့
ပလက်ဖေါင်းပေါ်က တယောက်၊
သံလမ်းပေါ်က တယောက်၊
အဲသည်ညက
ကပိုကယိုလရောင်တွေနဲ့
ဝင်းဝင်းတောက်နေခဲ့ကြတာလေဗျာ။
**ကြယ်တွေ ကြွေတာ
ကင်ဆာတဲ့လား
ကင်ဆာရောဂါ ကျဆုံးပါစေလို့
ခင်ဗျားပဲ လေသံမာမာနဲ့
အော်အော်နေခဲ့တာလေဗျာ
အခုဟာက ကင်ဆာမကျဆုံးခင်
ခင်ဗျားဗျာ..
ဓါးတိုနေရင် ရှေ့တိုးပြီး ထိုးလိုက်စမ်းပါ ဆိုတဲ့
ခင်ဗျားချစ်တဲ့ ဇော်(ပျဉ်းမနား)
အခုပဲ ခင်ဗျားတို့အတူ ချီးယားလုပ်နှင့်နေကြရောပေါ့
သူရဲကောင်းများကဖေးမှာ ဆုံနှင့်ကြရောပေါ့။
**အကိုရေ နာကျင်မှုကင်းမဲ့ရာ
သုဂတိဘုံမှာ လားစေသားလို့
ခင်ဗျား မတိုင်တည်ခဲ့တာ
အရေပြားတစ်ထောက်ရေးရာတွေမှာ
ခင်ဗျားဟာ ခင်ဗျားလောက် မာကျောခဲ့တာ
နာကျင်စရာတွေကို ဟာသလုပ်လုပ်ပစ်ခဲ့တာ
ညီမလေးအေးမိုးကို ပြန်ပြောချင်ပါသေးသဗျာ။
**ခင်ဗျားဟာ
အမတရဲ့ တံခါးဝကို တထစ်နီးသွားတာဖြစ်ခြင်း
မောင်ချောနွယ်ဖွဲ့နွဲ့သလို
လေယာဉ်ပြောင်းစီးတာပဲဖြစ်ဖြစ်
ဖန်ခွက်တလုံးလို ကျကွဲတာပဲဖြစ်ဖြစ်
အင်္ကျီတထည်ပြောင်းဝတ်တာပဲ ဖြစ်ဖြစ်
မီးတိုင်အသစ်ထွန်းညှိတာပဲ ဖြစ်ဖြစ်
ဘာပဲဖြစ်ဖြစ်ဗျာ
ရှင်သူတချို့က
အရှင်လတ်လတ် မတ်တပ်ကြီး သေနေတုန်း
သေသူတချို့ လတ်ဆတ်ရှင်သန်နေတဲ့
ကျုပ်တို့ ရွာကြီးက
မွေးနေ့တွေအတွက်လည်း နာကျင်ရ
သေနေ့တွေအတွက်လည်း နာကျင်ရတယ်ဗျာ
ပြန်ဆုံကြအုံးမယ် အကိုရေ…။ ။
** သန်းဝင်းထွဋ် **
(ကိုထက်မိုး၏ ပြန်ကျမိုးများမှ)
No comments:
Post a Comment