မန်ယူအသင်းသည် ၀ါဒါဘရီမင်အသင်းမှ ကစားသမား မီဆွတ်အိုဇီးလီအား စာချုပ်ခေါ်ယူရေး မအောင်မြင်ပါက ၄င်း၏ ဂျာမနီ လက်ရွေးစင်အသင်း ကစားဖော်ဖြစ်ပြီး လက်ရှိဟမ်ဘတ်ဂ်အသင်းတွင် ကစားနေသော ကွင်းလယ်တိုက်စစ်မှူး ပီလော့ထရိုချိုစကီးအား စာချုပ်ခေါ်ယူဖွယ်ရှိကြောင်း သိရသည်။ (အင်တာနက်)
** မီတာ ၁၀၀ ဂက်တလင်ဗိုလ်စွဲ **
အမေရိကန်တာတိုအပြေးသမား ဂျူစတင်ဂက်တလင်သည် တားမြစ်ဆေးသုံးစွဲမှုကြောင့် လေးနှစ်ကြာ ပြိုင်ပွဲဝင်ခွင့်ပိတ်ပင်ခဲ့ရပြီးနောက် ပြန်လည်ပြိုင်ပွဲဝင်ခဲ့သည့် အက်စတိုးနီးယား ပြေးခုန်ပစ် မီတာ ၁၀၀ ပြိုင်ပွဲတွင် ၁၀ ဒသမ ၃၄ စက္ကန့်ဖြင့် ပန်းဝင်ဗိုလ်စွဲကာ တာထွက်ကောင်းခဲ့သည်။ အိုလံပစ်နှင့် ကမ္ဘာ့ချန်ပီယံဟောင်းဖြစ်သည့် အသက် ၂၈-နှစ်အရွယ်ရှိ ဂက်တလင်၏ ယခင်က အကောင်းဆုံးစံချိန်မှာ ၉ ဒသမ ၈၅ စက္ကန့်ဖြစ်ကြောင်း သိရသည်။ (အင်တာနက်)
** စင်စင်နာတီတင်းနစ် ဗီးနပ်စ်ကျောခိုင်းခဲ့ရ **
ဂရင်းဆလမ်တင်းနစ်ဆုဖလား ခုနစ်ဆုရှင်ဖြစ်သည့် အသက် ၃၀-အရွယ်ရှိ အမေရိကန် တင်းနစ်မယ် ဗီးနပ်စ်ဝီလျံသည် ၄င်း၏ ဘယ်ဘက်ဒူးခေါင်းတွင် ဒဏ်ရာရရှိခဲ့မှုကြောင့် သြဂုတ်လ ၈-ရက်နေ့မှစတင်ကာ သြဂုတ်လ ၁၅-ရက်နေ့အထိ အမေရိကန်နိုင်ငံ စင်စင်နာတီမြို့၌ ကျင်းပလျက်ရှိသည့် အမျိုးသမီး အိုးပင်းတင်းနစ်ပြိုင်ပွဲကို ကျောခိုင်းခဲ့ရပြီဖြစ်သည်။ (အင်တာနက်)
** ရာဖေးလ်နာဒယ်နှင့် မာရေး ဆုံတွေ့ဖွယ် **
အသက် ၂၃-နှစ်အရွယ်ရှိ ဗြိတိသျှအဆင့် (၁) တင်းနစ်သမား အန်ဒီမာရေးသည် ကနေဒါနိုင်ငံ တိုရွန်တိုမြို့၌ ကျင်းပလျက်ရှိသည့် ရော်ဂျာဖလား တင်းနစ်ပြိုင်ပွဲအကြိုဗိုလ်လုပွဲတွင် ကမ္ဘာ့အဆင့် (၁)တင်းနစ်အကျော်အမော် ရာဖေးလ်နာဒယ်နှင့် ဆုံတွေ့ယှဉ်ပြိုင်ရဖွယ်ရှိကြောင်း၊ အကယ်၍ အနိုင်ရရှိပါက လက်ရှိ ကနေဒါအိုပင်း တင်းနစ်သရဖူပိုင်ရှင်မာရေးအနေဖြင့် ၁၅-နှစ်တာကာလအတွင်း သရဖူကာကွယ်နိုင်သည့် ပထမဦးဆုံး တင်းနစ်သမားတစ်ဦး ဖြစ်လာမည်ဖြစ်ကြောင်း သိရသည်။ (အင်တာနက်)
** လီဗာပူးမှ ရေနာအား စာချုပ်ရန် အာဆင်နယ်ကြိုးပမ်း **
အာဆင်နယ်အသင်းသည် လီဗာပူး ဂိုးသမား ပီပီရေနာအား ပေါင် ၂၃-သန်းဖြင့် စာချုပ်ခေါ်ယူရန်ကြိုးပမ်းလျက်ရှိသည်။ (အင်တာနက်)
** ၀ီဂန်မှ ကိုမက်စ်အား ကာဒစ်ဖ် အငှားစာချုပ် **
ဝီဂန်အသင်းမှ ဝေလလက်ရွေးစင် ကွင်းလယ်ကစားသမားဟောင်း ဂျာဆန်ကိုမက်စ်အား ကာဒစ်ဖ်အသင်းက တစ်ရာသီအငှားစာချုပ် ချုပ်ဆိုလိုက်သည်။ (အင်တာနက်)
** မူအမ်ဘာ လော်လ်တန်နှင့် လေးနှစ်စာချုပ် **
ဘော်လ်တန် ကွင်းလယ်ကစားသမား ဖက်ဘရစ်မူအမ်ဘာသည် အသင်းနှင့် လေးနှစ်သက်တမ်းရှိ စာချုပ်သစ်ထပ်မံ ချုပ်ဆိုခဲ့သည်။ (အင်တာနက်)
** ၀ါရှင်တန် တင်းနစ်ပြိုင်ပွဲ ဘက်ခ်ျဒါတစ် ဗိုလ်လုပွဲတက် **
အမေရိကန်နိုင်ငံ ၀ါရှင်တန်မြို့၌ ကျင်းပလျက်ရှိသော လက်ဂ်မက်ဆန် ကလပ်တင်းနစ်ပြိုင်ပွဲ အကြိုဗိုလ်လုပွဲစဉ်တွင် တင်းနစ်သမား မားကို့စ်ဘက်ခ်ျဒါတစ်သည် ပြိုင်ဘက် ဆိုက်ပရက်စ်တင်းနစ်သမား ဇာဗီယာမာလစ်ဆီအား ၆-၂၊ ၇-၆ ဖြင့် အနိုင်ရရှိကာ ဗိုလ်လုပွဲသို့ တက်ရောက်သွားပြီဖြစ်သည်။ (အင်တာနက်)
** စုစည်းဘာသာပြန်- ချစ်စိုးနိုင် **
** ထရိုချိုစကီးအား မန်ယူခေါ်ယူ **

No comments:
Post a Comment