ကျောင်းတစ်ကျောင်း အတန်းတစ်တန်း၏ နောက်ဆုံးစာသင်ရက်တွင် ကျောင်းသူကျောင်းသားတွေက သူတို့ဆရာမအတွက် လက်ဆောင်တွေယူလာပြီး ပေးကြသည်။ ပန်းရောင်းသော မိဘတွေ၏ကလေးက ဆရာမကို ပန်းစည်းတစ်စည်းယူလာ၏။ ကုန်စုံဆိုင်ပိုင်ရှင်၏ သမီးက ချောကလက်တစ်ဗူး ယူလာ၏။ အရက်ဆိုင်ပိုင်ရှင်၏ သားကမူ သေတ္တာတစ်လုံးယူလာပေး၏။
ဒါကြောင့် ဆရာမက သေတ္တာကိုမြှောက်ကြည့်လိုက်ရာ အောက်ကနေ အရည်တွေစိမ့်ကျနေတာကို တွေ့လိုက်ရသဖြင့် အရည်တစ်စက်ကို လက်နဲ့ တို့မြည်းကြည့်လိုက်၏။ အရည်မှာ ပူနွေးနွေးနှင့်မို့ `၀ိုင်တွေလား´ဟု မေးလိုက်ရာ ကောင်လေးက
`မဟုတ်ပါ´ဟု ဖြေလိုက်သဖြင့် ဆရာမက နောက်တစ်စက်ကို ထပ်တို့ကြည့်လိုက်ပြီး `ရှန်ပိန်ဖြစ်ရမယ်´ ဟု ပြောလိုက်ပြန်သဖြင့် ကောင်လေးက `မဟုတ်ပါဘူး´ဟု ထပ်ပြောနေသည့်အတွက် ဆရာမက `ကဲ… ကဲ… ဆရာမ အရှုံးပေးပါပြီ၊ ဘာလဲလို့ ပြောပါတော့´ဟု ပြောလိုက်သဖြင့် ကောင်လေးက အားနာပါးနာနှင့် ပြန်ဖြေလိုက်သည်မှာကား `အထဲမှာ ခွေးလေးတစ်ကောင်ပါ´ဟူ၏။
** စိန်ငှက်ရိုး **
(အရက်သမားလောက ဟာသများမှ)
**(အရက်သမားလောက ဟာသများ)**

No comments:
Post a Comment