ယမန်နေ့ ညက ထိုင်းနိုင်ငံတောင်ပိုင်း ဖန်ငခရိုင် တကွန်ပါကျေးရွာတဖက်ကမ်းရှိရေလယ်ကျွန်းပုဇွန်ကန် တစ်ခု တွင်အလုပ်လုပ်သည့် မြန်မာအလုပ်သမားတစ်ဦး ရေဒလက်တွင်ငြိပြီး သေဆုံးသွားခဲ့ကြောင်း သိရှိရ သည်။ တနင်္သာရီတိုင်း ထားဝယ်မြို့နယ်မှ အသက်၃၁ နှစ်အရွယ်ကိုအောင်ခိုင်မှာ ထိုင်းနိုင်ငံသို့ ရောက်ရှိ ပြီး၎လအ ကြာတွင်ယခုကဲ့သို့ အဖြစ်ဆိုးနှင့် ကြုံကြိုက်ခဲ့ရကြောင်း နာရေးကူညီလုပ်ကိုင်နေသည့် အလုပ်သမားတစ်ဦးက ပြောသည်။
“နေနစ်ပြီးသေနေတာပေါ့သန်းခေါင်ကျော် ၃နာရီလောက်ကတည်းကသေနေတယ်လို့ ယူဆကြတယ်။ သူဌေးက ကောင်းတဲ့သူဌေးဆိုပြီးနာမည်ကျော်တဲ့သူပါ။ နာရေးအတွက်အစစအရာရာကူ ညီပေးပါတယ်။ သေဆုံးမှုအတွက်တော့ဘာလုပ်မလဲ မသိသေးဘူးပေါ့နှော်”ဟုပြောသည်။ သေဆုံးသူတွင် အဒေါ်တစ်ဦးရှိသော်လည်း အကြိမ်ကြိမ်ဖုန်းဆက်သွယ်ခဲ့သော်လည်း စကားပြောခွင့်မကြုံခဲံ့ပါ။ အလောင်းကို တကွန်ပါဘုန်းတော်ကြီးကျောင်းတွင် ထားရှိထားပြီး၊ နက်ဖြန်တွင် သဂြို င်္ဟ်မည်ဖြစ်ကြောင်း အလုပ် သမားများကပြောပြကြသည်။
** ကိုကျော်သောင်း (ဘန်ကောက်) **
(သြဂုတ် ၁၁၊၂၀၁၀)

No comments:
Post a Comment