ဆုံးရှုံးခဲ့ရ **
(နယူးယောက်၊ သြဂုတ်လ ၁၀-ရက်)
မက္ကဆီကို ပင်လယ်ကွေ့တွင် ဘီပီကုမ္ပဏီ၏ ရေနံတူးစင်ပေါက်ကွဲမှု ဖြစ်ပွားခဲ့မှုကြောင့် စုစုပေါင်း ဆုံးရှုံးမှုတန်ဖိုးမှာ သြဂုတ်လ ၁၀-ရက်နေ့အထိ အမေရိကန်ဒေါ်လာ ၆ ဒသမ ၁ ဘီလီယံအထိ ရှိလာကြောင်း ၄င်းကုမ္ပဏီက ပြောကြားသည်။ (အင်တာနက်)
** သတို့သားက သေနတ်ဖြင့် ပစ်ဖောက်ရာမှ တူရကီနိုင်ငံတွင် သုံးဦးသေဆုံး **
(အင်ကာရာ၊ သြဂုတ်လ ၁၀-ရက်)
တူရကီနိုင်ငံအရှေ့တောင်ပိုင်း ဂန်ဇန်တန်ပြည်နယ်တွင် သြဂုတ်လ ၈-ရက်နေ့က မင်္ဂလာပွဲအခမ်းအနား၌ သတို့သားက သေနတ်ပစ်ဖောက်ခဲ့ရာ သုံးဦးသေဆုံးပြီး ရှစ်ဦးဒဏ်ရာရရှိခဲ့ကြောင်း အစိုးရအာဘော်တစ်ပိုင်းဖြစ်သော အနာတိုလီယာသတင်းဌာနက ဖော်ပြသည်။ (ဆင်ဟွာ)
** သစ်တောပြုန်းတီးမှုနှင့် ရာသီဥတုပြောင်းလဲမှု ကမ္ဘာ့စွတ်စိုသစ်တောများ၏ ဂေဟစနစ်
ပျက်စီးနိုင် **
(၀ါရှင်တန်၊ သြဂုတ်လ ၁၀-ရက်)
သစ်တောပြုန်းတီးမှုနှင့် ရာသီဥတု ပြောင်းလဲမှုတို့ကြောင့် ကမ္ဘာ့သစ်တောများအတွင်းမှ ဂေဟစနစ် ၈၀-ရာခိုင်နှုန်းကို ပျက်စီးကွယ်ပျောက်သွားစေနိုင်ကြောင်း သိပ္ပံပညာရှင်များက သတိပေးထားသည်ဟု သြဂုတ်လ ၁၀-ရက်နေ့က အစီရင်ခံစာတစ်စောင်တွင် ဖော်ပြပါရှိသည်။ (အင်တာနက်)
** နယူးယောက်မြို့၌ လုံခြုံရေးကင်မရာများ တပ်ဆင်မည် **
အမေရိကန်နိုင်ငံ နယူးယောက်မြို့ မြေအောင်ရထားနှင့် ဘူတာရုံများတွင် လုံခြုံရေးကင်မရာများ အပြည့်အစုံတပ်ဆင်တော့မည်ဖြစ်ကြောင်း၊ အကြမ်းဖက်လုပ်ရပ်များကို ကြိုတင်ကာကွယ်ရန်အတွက်ဖြစ်ကြောင်း နယူးယောက်မြို့ရဲတပ်ဖွဲ့က သြဂုတ်လ ၁၀-ရက်နေ့က ပြောကြားသည်။ (အင်တာနက်)
** သီရိလင်္ကာ၌ ပထမဆုံး ကမ်းလွန်ရေနံတွင်း တူးမည် **
သီရိလင်္ကာနိုင်ငံ အနောက်မြောက်ပိုင်းကမ်းလွန်တွင် နိုင်ငံ၏ ပထမဆုံးကမ်းလွန်ရေနံတွင်းတစ်တွင်းကို လာမည့် ဇန်န၀ါရီလမှ စတင်ကာ တူးဖော်ရန် စီစဉ်ထားကြောင်း သီရိလင်္ကာစွမ်းအင်အရာရှိများက သြဂုတ်လ ၁၀-ရက်နေ့က ပြောကြားသည်။ (အင်တာနက်)
** စုစည်းဘာသာပြန်-မောင်ချစ်ကြည် **
** မက္ကဆီကို ပင်လယ်ကွေ့၌ ဘီပီကုမ္ပဏီ ရေနံယိုဖိတ်ခဲ့မှု အမေရိကန်ဒေါ်လာ ခြောက်ဘီလီယံကျော်

No comments:
Post a Comment