သေနတ်မောင်းခလုတ်ကို ဖြုတ်တယ်။
**ဘ၀ကို အင်ဖ က်မိုးပြီး
ကျည်အပြည့်ထိုးထားတဲ့ နှလုံးသားဟာ
တောင်တန်းတွေကို ရွှေ့လို့မပြီးခင်
ကံကြမ္မာက နောက်ကျောဓားနဲ့ ထိုးတာ ခံလိုက်ရ။
**သူချစ်တဲ့ ငမိုးရိပ်ချောင်းကမ်းမှာ
ခုချိန်ဆို ခရာတွေပွင့်နေလောက်ရော့မယ်။
**ဘူးစင်အောက်က လက်ဖက်ရည်ဆိုင်လေးမှာတော့
ကဗျာဆရာ တယောက်က
ပျောက်သွားတဲ့ သူငယ်ချင်းတွေကို စောင့်လို့။
**စာတအုပ်တည်း အတူဖတ်ခဲ့ကြပေမယ့်
မြစ်တမြစ်ဆီ ရေချိုးဆင်းခဲ့ကြတယ်
ပုံပြင်ကလေးက ဤမျှသာ။
**`စုကြည်မိုး´ရဲ့ ကမ္ဘာမှာ
အခိုးခံရတဲ့လရောင်တွေ ပြန်ရွာချပေးဖို့ဆိုတာ
မိုင်ခြောက်ထောင်အကွာလောက်က ရေးပို့တဲ့ ကဗျာတပုဒ်နဲ့
မလုံလောက်ဘူး..
ဝန်ခံတယ်။
** နှင်းခါးမိုး **
(ကိုထက်မိုး၏ ပြန်ကျမိုးများ)
**ကာရန်ရှာတဲ့လက်ဟာ
သေနတ်မောင်းခလုတ်ကို ဖြုတ်တယ်။
**ဘ၀ကို အင်ဖ က်မိုးပြီး
ကျည်အပြည့်ထိုးထားတဲ့ နှလုံးသားဟာ
တောင်တန်းတွေကို ရွှေ့လို့မပြီးခင်
ကံကြမ္မာက နောက်ကျောဓားနဲ့ ထိုးတာ ခံလိုက်ရ။
**သူချစ်တဲ့ ငမိုးရိပ်ချောင်းကမ်းမှာ
ခုချိန်ဆို ခရာတွေပွင့်နေလောက်ရော့မယ်။
**ဘူးစင်အောက်က လက်ဖက်ရည်ဆိုင်လေးမှာတော့
ကဗျာဆရာ တယောက်က
ပျောက်သွားတဲ့ သူငယ်ချင်းတွေကို စောင့်လို့။
**စာတအုပ်တည်း အတူဖတ်ခဲ့ကြပေမယ့်
မြစ်တမြစ်ဆီ ရေချိုးဆင်းခဲ့ကြတယ်
ပုံပြင်ကလေးက ဤမျှသာ။
**`စုကြည်မိုး´ရဲ့ ကမ္ဘာမှာ
အခိုးခံရတဲ့လရောင်တွေ ပြန်ရွာချပေးဖို့ဆိုတာ
မိုင်ခြောက်ထောင်အကွာလောက်က ရေးပို့တဲ့ ကဗျာတပုဒ်နဲ့
မလုံလောက်ဘူး..
ဝန်ခံတယ်။
** နှင်းခါးမိုး **
(ကိုထက်မိုး၏ ပြန်ကျမိုးများ)
No comments:
Post a Comment