၂၀၁၀ကမ္ဘာ့ဖလားပြိုင်ပွဲကျင်းပစဉ်ကာလအတွင်းဖြစ်သည်။ အင်္ဂလန်တည်းခိုရာဟိုတယ်အတွင်း၌ လောင်းကစားဝါသနာအိုး မန်ယူအသင်းမှ ရူနီနှင့် လူရိုးကြီးဒေးဗစ်ဂျိမ်းစ်တို့ တစ်ခန်းတည်း ကျသည်။ ရူနီက `ပျင်းတယ်ဗျာ ဂျိမ်းစ်.. ဖဲကစားရအောင်´
`သြော်… ငါကမဆော့တတ်ဘူးဆိုပြီး မင်းကညာတုတ်ချင်တာပေါ့´
`ဟုတ်ပါဘူးဗျာ… ´
`ဒါဆို ငါတော့တတ်တဲ့ကစားနည်းအတိုင်း ကစားမလား´
`လုပ်လေ´
`ဒါဆို ပိုက်ဆံအရင်ထည့်´
ဖဲဝေပြီး နောက်ကိုယ့်ဖဲကို ကိုင်ယူအပြီးမှာတင် ဂျိမ်းစ်စပြီးထအော်သည်။
`ဘွန်တာ.. ငါနိုင်ပြီ`
`ဘာတုန်းဗျ´
`ဒီလိုအရင်အော်တဲ့ လူနိုင်တာပဲ´
`သြော်… ဒီလိုလား ပြန်ဝေမယ်´
`နောက်တစ်ခေါက်ဝေပြီးသော် ရူနီက ဦးအောင်အော်ပြီး ပိုက်ဆံများကို ကောက်သိမ်းလိုက်သည်။ ထိုအခါ ဂျိမ်းစ်က
`ဟဲ ဟဲ… နေဦး´
`ဘာဖြစ်ပြန်တာတုန်း´
`ငါ့မှာက ဂျိုကာပါတယ်လေ´
မှတ်ချက်။ ။ နိုင်ငံတကာ ဘောလုံးဟာသများမှ (အိတ်တင်း)ဘာသာပြန်သည်။
**(ရွှင်ပြုံးတခဏ- ဘောလုံးဟာသ)**

No comments:
Post a Comment