အမေရန်ကနိုင်ငံ စတန်းဖို့ဒ်မြို့တွင် ကျင်းပသော စတန်းဖို့ဒ်တင်းနစ်ပြိုင်ပွဲ အကြိုဗိုလ်လုပွဲစဉ်တွင် တင်းနစ် မယ် ဗစ်တိုရီးယားအဇာရင်ကာသည် ပြိုင်ဘက်ဆမ်စတိုဆာအား ၆-၂၊ ၆-၃၊ ဖြင့် အနိုင်ရရှိကာ ဗိုလ်လုပွဲသို့ တက်ရောက်သွားပြီဖြစ်သည်။ (အင်တာနက်)
** လော့စ်အိန်ဂျလိစ်တင်းနစ်ပြိုင်ပွဲ၌ မာရေးအကြိုဗိုလ်လုပွဲတက် **
အမေရိကန်နိုင်ငံ လော့အိန်ဂျလိစ်မြို့၌ ကျင်းပသော ဖားမားစ်ကလပ်စစ် တင်းနစ်ပြိုင်ပွဲ ကွာတားဖိုင်နယ်ပွဲစဉ်တွင် ဗြိတိသျှအဆင့် (၁) တင်းနစ်သမား အန်ဒီမာရေးသည် ပြိုင်ဘက် စကော့တလန်တင်းနစ်သမား အလီဂျန်ဒရိုမယ်လာအား ၇-၆၊ (၇-၃)၊ ၆-၁ ဖြင့် အနိုင်ရရှိကာ အကြိုဗိုလ်လုပွဲသို့ တက်ရောက်နိုင်ခဲ့သည်။ (အင်တာနက်)
** ဟက်ပ်တာသလွန်ပြိုင်ပွဲ၌ အင်းနစ်ရွှေဆွတ်ခူး **
ဥရောပချန်ပီယံရှစ် ပြေးခုန်ပစ်ပြိုင်ပွဲတွင် အားကစားနည်း ခုနစ်မျိုးယှဉ်ပြိုင်ရသည်။ ဟက်ပ်တာသလွန်ပြိုင်ပွဲ၏ နောက်ဆုံးပြိုင်ပွဲဖြစ်သော မီတာ ၈၀၀ အပြေးပြိုင်ပွဲ၌ ဗြိတိသျှပြေးခုန်ပစ်မယ် ဂျက်ဆီကာအင်းနစ်သည် ၄င်း၏ နောက်မှ ကပ်လိုက်နေသော ပြိုင်ဘက် နာတာလီယာဒိုဘရိုင်စကာအား ဖြတ်ထားခဲ့ပြီး ရွှေတံဆိပ်ဆွတ်ခူးနိုင်ခဲ့သည်။ (အင်တာနက်)
** ၀က်စ်ဟမ်းနှင့် မဆက်သွယ်ဟု ဘက်ခမ်းပြောကြား **
မေဂျာလိဂ်အသင်း လော့အိန်ဂျလိစ်ဂလက်ဆီမှ အင်္ဂလန်လက်ရွေးစင်အသင်း ကွင်းလယ်ကစားသမားဟောင်း ဘက်ခမ်းက၀က်စ်ဟမ်းအသင်းသို့ ပြောင်းရွှေ့ရေးအတွက် ၀က်စ်ဟမ်းအသင်းနှင့် ဆက်သွယ်နေသည် ဟူသောသတင်းကို ငြင်းပယ်လိုက်ပြီး ၀က်စ်ဟမ်းအသင်းကလည်း ၄င်းအားဆက်သွယ်မှုမရှိကြောင်း ပြောကြားခဲ့သည်။ (အင်တာနက်)
** စုစည်းဘာသာပြန်-ချစ်စိုးနိုင် **
** စတန်းဖို့ဒ်တင်းနစ်ပြိုင်ပွဲ၌ အဇာရင်ကာ ဗိုလ်လုပွဲတက် **

No comments:
Post a Comment