ဂျပန်ခေတ်တုန်းက ပေါ့ဗျာ။ မြန်မာပြည်ကျေးလက်နယ်တစ်ခုမှာ `ကြွက်တွေ´တအားသောင်းကျန်းလွန်းတာမို့ ဂျပန်စစ်အုပ်ချုပ်ရေးခေတ်၊ မြူနီစီပါယ်အာဏာပိုင်တွေက ကြွက်ကြီးကြီးတစ်ကောင်အရှင် ရရင် အဲဒီတုန်းက မြန်မာငွေ `၁၀´ပြားပေးမယ်လို့ ရပ်ထဲ၊ ရွာထဲလိုက်လံ ကြေညာသတဲ့။ အဲဒီအချိန်မှာပဲ လယ်သမားတစ် ယောက်ဟာ သူ့ရဲ့ လယ်ကွက်ထဲက တွင်းတစ်တွင်းထဲက နှစ်ချို့ ကြွက်ကြီးတစ်ကောင်ကို အရှင်လတ်လတ် ဖမ်းမိ လိုက်သတဲ့။
ဟိုပြော၊ ဒီပြောစကားတွေကို လက်ဆင့်ကမ်းကြားထားတဲ့ အဲဒီလယ်သမားဟာ အဲဒီနှစ်ချို့ ကြွက်ကြီးကို ယူဆောင်ပြီး ဘာမပြော ညာမပြောနဲ့ သူတို့ရွာထိပ်မှာ ခေတ္တ-ကင်းစခန်းချနေတဲ့ ဂျပန်ကင်ပေတိုင်ရုံးကို သွားသတဲ့…။
ဟိုရောက်တော့။ အဲဒီနှစ်ချို့ ကြွက်ကြီးကို ကင်ပေတိုင်ရုံးက ဂျပန်စစ်သားတွေရော၊ ဂျပန်မာစတာတွေကိုပါ သူက အားရ၀မ်းသာနဲ့ ထုတ်ပြတဲ့အခါမှာ မာစတာ(စစ်ဗိုလ်)က `ဘတ်ခဲရိုး (မအေ -ိုး)၊ ဒီလောက်ကြီးတဲ့ ကြွက်ကြီးကို ဒီအရွယ်ထိအောင် မင်းက မွေးထားရသလား´ဆိုပြီး ဘယ်ပြန်၊ ညာပြန်ပါးရိုက်ပါလေရောတဲ့။ (သွတ်- သွတ်- သွတ်)
** ခံစားတင်ပြသူ - လူဇော် (ဘန်ကောက်) **
** (ဟာဒယနှလုံး- တခဏပြုံး)**

No comments:
Post a Comment