(သြဂုတ် ၂၂-ရက်)
ထိုင်းဘာသာပြန်။ ကိုတီး (ရခိုင့်တံခွန်ဂျာနယ်)
ဘန်ကောက်မြို့ ဖနခေါနယ်မြေ၊ ဘူဖာအဖိလုမ်းရပ် ကွက်၊ ကျလွန်ကုန်လမ်း၊ ၃ထပ်၊ အိမ်အမှတ် ၂၁/၄ တွင် နေထိုင် သည့်အသက် ၇၂ နှစ်အရွယ် မာလီ ဆို သည့် ထိုင်းအဖွားကြီးအား ခြေလက်တို့ ကိုကြိုးတုတ် ပြီး အသက်ရှုမွန်းကြပ်မှုဖြင့် သေဆုံးနေခြင်းမှာ မြန်မာ အိမ်ဖေါ်အလုပ်သမ မရီ၏လက်ချက်ကြောင့်ဖြစ်နိုင်ကြောင်း ယမန်နေ့ညနေပိုင်းထုတ် ထိုင်းသတင်း စာများတွင် ရေးသားထားသည်။
အသက် ၇၂ အရွယ် ထိုင်းအမျိုးကြီးအား လုပ်ကြံပြီး ပစ္စည်းအချို့ လုယူထွက်ပြေးသွားသည်ဟု စွတ်စွဲခံရသည့် မြန်မာအိမ်ဖေါ်အလုပ်သမ အသက်၂၃နှစ်အရွယ်ရှိ အရီမှာ ထွက်ပြေးနေကြောင်း ဖလချဝမ် ရဲစခန်းတာဝန်ရှိသူ များကပြောသည်။ထိုင်းအိမ်ရှင်အမျိုးသမီးကြီးမှာ ၂၁ ရက်နေ့ နံနက်ပိုင်းကသေဆုံးနေပြီး ရဲများမရောက်ခင် ၆နာရီခန့် အကွာ ကသေဆုံးနေကြောင်းရေးသားထားသည်။ INNခေါင်လတ်နှင့်ထိုင်းရပ်သတင်းစာ၃စောင်တို့  တွင်သေဆုံးနေသည့်အလောင်းတွင်ရိုက်နှက်ထုထောင်းထားသည့်ဒဏ်ရာတစ်ခုမှမရှိသဖြင့် အသက်ရှုမွန်းကြပ်သေဆုံးခြင်းဖြစ်နိုင်ကြောင်းခန့် မှန်းရေးသားဖေါ်ပြထားသည်။ ထိုင်းနိုင်ငံအတွှင်း မြန်မာအလုပ်သမ များအိမ်ဖေါ်လုပ်ငန်းအားအမြောက်အများလုပ်ကိုင်လျှက်ရှိကြသည်။ ထိုင်းအိမ်ရှင်အချို့ကအိမ်ဖေါ်အလုပ်သမငယ်များအားသေနတ်ဖြင့်ပစ်သတ်ခြင်း၊လည်ပင်းညှစ်သတ်ခြင်း၊
အဆိပ်ခပ်သတ်ခြင်း၊မီးရှို့သတ်ဖြတ်ခြင်း၊လုပ်အားခမပေးပဲထားခြင်းနှင့်အဓ္ဓမပြုကျင့်ခြင်းများရှိကြသည်။
အလားတူ၊အချို့အိမ်ဖေါ်အလုပ်သမအချို့လည်း၊အိမ်ရှင်၏ပစ္စည်းများကိုလုယက်ခိုးယူထွက်ပြေးခြင်း၊
သတ်ဖြတ်ပြီးထွက်ပြေးခြင်းမျိုးလည်းရှိတတ်သည်။
** သတင်း- ဦးကျော်သောင်း (ဘန်ကောက်)

No comments:
Post a Comment