ရဲခေါင်ပြောက်ကျား ချေဂွေဗားရား ကျဆုံးခဲ့ရသော ၁၉၆၇ ခုနှစ် အောက်တိုဘာလ ၉ ရက်နေ့ကို ဂုဏ်ပြုသောအားဖြင့် ၂၀၀၈ ခုနှစ်၊ အောက်တိုဘာ ၉ ရက်နေ့မှစ၍ အဖိနှိပ်ခံမြန်မာပြည်သားများအတွက် ရည်ရွယ်လျက် မြန်မာပြည်သားဘလော့ဂ်ကို အမှတ်တရ တင်ဆက်လိုက်ပါသည်။ ** ခွန်အားမျှဝေ... တို့တတွေသည်... မလွဲမသွေ ပြည်သူတွေအတွက်... **

Friday, August 13, 2010

မြန်မာပြည်သားအဖွဲ့ ၆-နှစ်မြောက်အနေနဲ့ မြန်မာပြည်သားစာကြည့်တိုက်ဖွင့်ပြီ…

>

မင်္ဂလာပါ ခင်ဗျာ…။ ကျနော်တို့ မြန်မာအလုပ်သမားတွေနေ့စဉ် အလုပ်တွေ ပိနေတာလည်းရှိ၊ အလုပ်အကိုင် ရှားပါးပြီး မရ၊ ရတာကို ၀မ်းစာရေးအတွက်အလို့ငှာ လိုက်လံရှာဖွေလုပ်ကိုင်စားသောက်နေတာလည်း ရှိတဲ့ကြား က ဟောဒီ `မြန်မာပြည်သား အလုပ်သမားစာကြည့်တိုက်´ဆိုတာကို အခုနှစ် စက်တင်ဘာလ (၉)ရက်နေ့မှာ ကျရောက်မယ့် မြန်မာပြည်သားအဖွဲ့ (ခေါ်)မြန်မာပြည်သားများအရေး ပူးတွဲလှုပ်ရှားမှုကော်မတီ (JACBA)ရဲ့ ၆-နှစ်မြောက် အထိမ်းအမှတ်အနေနဲ့ ထိုင်း-မြန်မာနယ်စပ်၊ မဲဆောက်မြို့၊ မယ်တော်ကျေး ရွာအုပ်စု၊ ဝှေ့မုတ် ကျေးရွာ၊ အမှတ် (၁၇)ကုတို့ဆိပ်အနီး၊ သောင်ရင်းမြစ်ကမ်းနဖူးဒေသမှာ ဖွင့်လှစ်လိုက်ပါပြီ။

ဒီစာကြည့်တိုက်ရှိတဲ့ နေရာတ၀ိုက်မှာက အမိုးစိမ်း(ခေါ်) Chok Tha Vee Knitting Co. Ltd မှာက မြန်မာအလုပ်သမား ၂၀၀၀-ခန့်၊ ဦးထုပ်ထုတ်လုပ်တဲ့ အထည်ချုပ်စက်ရုံမှာက မြန်မာပြည်သား ၂၀၀-ခန့်၊ အခြားအထည်ချုပ်စက်ရုံမှာက မြန်မာပြည်သားအလုပ်သမား ၃၀၀-ခန့်၊ မလှမ်းမကမ်းက SCT (ခေါ်) Lian Tong Knitting Co.Ltd မှာက မြန်မာအလုပ်သမား ၇၀၀-ခန့်စတဲ့ အလုပ်သမားအရေအတွက်အပြင် ဆောက်လုပ်ရေး၊ စိုက်ပျိုးရေး၊ ကျပန်းတွေရယ်၊ ခပ်လှမ်းလှမ်းက စတီးလ်စက်ရုံဝန်း(ခေါ်) ဂျဂွာစတိးလ်စက်ရုံ၊ ပန်နီသိုးမွှေးစက်ရုံ၊ မိုးအီး သိုးမွှေးစက်ရုံ၊ စတီးလ်စက်ရုံဝန်းအတွင်းက သိုးမွှေးစက်ရုံစတာတွေရယ်၊ စောရင့်အထည်ချုပ်စက်ရုံ၊ ခရစ်ယာန်ရုံ(ခေါ်) ဘီဘီတော့ပ် သိုးမွှေးစက်ရုံခွဲ၊ သရဲရုံ(ခေါ်)စိန့်ဟိန်းသိုးမွှေးစက်ရုံခွဲ စတာတွေကိုပါ ထည့်ပေါင်းရင် မြန်မာအလုပ်သမားအင်အား (၁၅၀၀၀)လောက်ရှိနေတဲ့ နေရာဒေသရှိပါတယ်။ ဒါဟာ (၂)မိုင်ပတ်လည် အကျယ်အ၀န်းကို အကွာအဝေး(ပထ၀ီ)နဲ့ ခန့်မှန်းထားတာပါ။ အဲဒီမြန်မာအလုပ်သမားတွေဟာ မြ၀တီဘက်ကမ်းက စာအုပ်အငှားပွဲစားတွေက လာငှားရမ်းတာရယ်၊ အဲဒီကမ်းနဖူး ဒေသမှာပဲ အခြေချပြီး စာအုပ်ဆိုင်ဖွင့်လှစ်လို့ ငှားရမ်းတာရယ်ဟာ ငှားရမ်းခဈေးကြီးတာတွေရယ်၊ ဒါကြောင့် မြန်မာအလုပ်သမားအခြေခံလူတန်းစားတွေအကြိုက်ဖြစ်တဲ့ ၀တ္ထု၊ ကာတွန်း၊ မဂ္ဂဇင်းတွေအပြင် အခြားတိုင်းရေး ပြည်ရေးနဲ့ ထိုင်းနိုင်ငံ အလုပ်သမားအခွင့်အရေးတွေကိုပါ ထည့်သွင်းထားတာဖြစ်လို့ ဒီမြန်မာပြည်သားစာကြည့်တိုက်ဟာ လက်တွေ့ ကျကျ လှုပ်ရှားနေတာလို့ ယူဆနိုင်ပါတယ်။ ဒါ့အပြင် ဒီစာကြည့်တိုက်မှာပဲ သာရေး၊ နာရေး၊ လူမှုရေးတွေအပြင် လိုအပ်ရင် လိုအပ်သလို (အရေးကြီးရင် ကြီးသလို) ထိုင်းဥပဒေအတိုင်း အလုပ်သမားအခွင့်အရေးကိုပါ လာရောက်အကြံဥာဏ်ရယူဆွေးနွေးနိုင်မှာဖြစ်ပါတယ်။ ဒါကြောင့် တစ်ချက်ခုတ်ရင် လေးချက်၊ ငါးချက်ပြတ်မယ့် ဒီစာကြည့်တိုက်ငယ်ကို လက်လှမ်းမှီသမျှသော မြန်မာပြည်သားတိုင်းက ဘက်ပေါင်းစုံက အားပေးထောက်ကူပေးကြပါလို့ နိုးဆော်လိုက်ပါရစေ။ (ကိုင်း- စာကြည့်တိုက်ဖွင့်ပွဲနေ့က ထိုင်းမိဖုရားမွေးနေ့မှာပဲ ကျင်းပသွားတာကဒီလို ခင်ဗျ)

** ပင်ပန်းသရွေ့- အစဉ်ချမ်းမြေ့ပါစေ…
** ခွန်အားမျှဝေ- တို့တတွေသည်- မလွဲမသွေ- ပြည်သူတွေအတွက်…။

** သတင်းမှတ်တမ်း- မြန်မာပြည်သား **

No comments:

Total Pageviews

Labels

ပညာပေး (1488) ကာတွန်းဟာသ (1343) ဟာသ (899) ဆောင်းပါး (822) ကဗျာ (777) သတင်း (533) .ဆောင်းပါး (512) အက်ဆေး/၀တ္ထုတို (504) ကြော်ငြာ (432) နိုင်ငံတကာထူးခြားသတင်း (388) ပညာပေး... (326) နိုင်ငံတကာ ထူးခြားသတင်း (321) ကဗျာ (279) နိုင်ငံတကာအခြားသတင်း.. (253) ကဗျာ… (228) ပုံပြင် (220) ဆောင်းပါး…. (203) အက်ဆေး (191) ဘောလုံးဟာသ...။ (156) သဘောထားအမြင် (149) Cartoon (145) သတင်း.... (139) ကဗျာ... (136) ကဗျာ..... (132) ပညာပေး.. (131) နိုင်ငံတကာ အခြားသတင်း.. (123) ပြည်တွင်းသတင်း (118) သတင်း..။ (114) သတင်းတို (111) သရော်စာ… (106) ဝတ္ထုတို (105) ၀တ္ထုတို (95) ဓါတ်ပုံသတင်း (81) သတင်း.. (79) ပေးစာ (79) ဘာသာပြန် ဝတ္ထုတို (75) ဓာတ်ပုံသတင်း (72) ကာတွန်း (64) ဓာတ်ပုံသတင်း..။ (64) သရော်စာ (64) နိုင်ငံတကာ အခြားသတင်း (60) ဓာတ်ပုံသတင်း.. (54) မေတ္တာစာ (54) အောက်မေ့ဘွယ်စာလွှာ (53) သတင်း. (47) ဘာသာပြန်အက်ဆေး (46)်ပုံပြင် (45) ကာတွန်းဟာသ- (44) ဘောလုံးဟာသ... (44) နိုင်ငံတကာအခြားသတင်း (43) -ကာတွန်းဟာသ (40) နိင်ငံတကာ အခြားသတင်း (39) ကဗျာ. (37) သတင်းဆောင်းပါး (36) News (35) ကာတွန်း ဟာသ (34) ပညာပေး) (33) ကဗျာ(ဟာသ) (32) ဟာသကဗျာ (32) အောင်မြင်ရေးဒဿန (30) xပညာပေး) (29) ကြေညာချက် (28) ရုပ်သံ သတင်း (25) ဂျာနယ် (24) TV (23) နိုင်ငံတကာ အခြားသတင်း. (23) ဘာသာပြန်ဆောင်းပါး (20) ရင်ဖွင့်သံ (19) သရဲဇာတ်လမ်း (19)်ပုံင်္ပြင် (18) ထုတ်ပြန်ချက် (14) ဓာတ်ပုံ (13) ဘာသာပြန်ပုံပြင် (13) ဓာတ်ပုံသတင်း (12) သတင်းဓါတ်ပုံ (12) သီချင်း (12) အင်တာဗျူး (12) အတွေးအမြင် (12) ဓာတ်ပုံသတင်း. (11) ပုံင်္ပြင် (11) အယ်ဒီတာ့ထံပေးစာ (11) ဥာဏ်စမ်း (11) Photo News (10) poem (10) ဂျာနယ် (10) ဟာသအက်ဆေး (10) (ကျန်းမာရေး ပညာပေး) (9) . (9) x ပညာပေး) (9) ဘာသာပြန် (9) The Article (8) ခရီးသွား.ဆောင်းပါး (8) နိုင်ငံတကာအခြားသတင်း (8) ဘာသာရေးဆောင်းပါး (8) သတင်း.ဆောင်းပါး (8) ဗေဒင် (8) သတင်းတို. (7) ဟာသ ဝတ္ထုတို (7) တဘောင် (6) ကှဗျာ (5) နိုင်ငံထူးခြားသတင်း (5) ဘာသာရေး၊ဓမ္မပုံပြင် (5) မိန့်ခွန်း (5) သမိုင်းစကား၊ ပန်းစကား (5) ဟာသ ဓာတ်ပုံ (5) အားကစားသတင်း (5) song (4) ကာတွန်းဟာသ (4) စကားပုံ (4) ထူးခြားသတင်း (4) ပညာပေ; (4) သတင်း.တို. (4) သရော်စာ (4) ဟာသ- (4)်ဆောင်းပါး (4) -ကာတွန်းဟာသ- (3) interview (3) ထုပ်ပြန်ချက် (3) ဓမ္မဒါန (3) ဓါတ်ပုံအက်ဆေး (3) ဓာတ်ပုံအက်ဆေး (3) ပညာပေ (3) ဖိတ်စာ (3) ရုပ်သံ (3) သတင်း.တို.။ (3) ဟာသ အင်တာဗျူး (3) ဟာသ. (3) အင်တာဗျူးး (3) အတိုဆုံးဝတ္ထုတို (3) အယ်ဒီတာ့အာဘော် (3) ဘောလုံးဟာသ. (3) (ဟာသ) (2) By....meepyatite (2) Statement (2) Story (2) With Best Regards (2) aဆာင်းပါ (2) ကန်တော့ချိုး (2) ကျန်းမာရေး ပညာပေး (2) ဇာတ်လမ်းတို (2) ပန်းချီ (2) ပုံပြင် (2) ဘာသာပြန်ကဗျာ (2) ရုပ်ပုံအတွေး (2) ဟာသပုံပြင် (2) အစီရင်ခံစာ (2) အမှတ်တရ (2) အတွေး (2) ဦးဦး မှော်ဆရာ (2) ဆောင်းပါ (2) ပြဇာတ် (2) (xပညာပေး) (1) (ပညာပေး) (1) ) (1) .... (1) 2010 at 11:22pm (1) =နိုင်ငံတကာ အားကစားသတင်းများ (1) Announce (1) By: Sara Yin (ကျန်းမာရေး ပညာပေး) (1) By; Silver Moon အင်တာဗျူး (1) General Knowledge (1) Joke (1) Photo Essay (1) Thanks (1) aဆာင်းပါး (1) khana.na155 ကဗျာ (1) minkonaing (1) ကဗျာ( (1) ကဗျာ… By..Blue gyee (1) ကာတွန်းဟာသ <br /> <br /> (1) ကိုယ်တိုင်ရေးကဗျာ သီဟသူ (1) ခရီးသွားဆာင်းပါး (1) ခရီးသွားဆောင်းပါး (1) စကား (1) စကားပုံ (1) စာစု (1) စိုးမိုးကျော် (ဟာသ) (1) ဆက်သွယ်ရန် (1) ဓါတ်ပုံအက်ဆေး (1) ဓာတ်ပုံအက်ဆေး (1) ဓာတ်ပုံအတွေး (1) နူတ်ခွန်းဆက်လွှာ (1) (1) ပညာပေ;း (1) မိန့်ခွန်း (1) ရုပ်ရှင် (1) သတင်း နှင့်ဟာသ (1) သတင်း.တို (1) သတင်းကဗျာ (1) သတင်းသီချင်း (1) သရော်ကဗျာ (1) ဟသ (1) ဟာသအင်တာဗျူး (1) ဟိုအကြောင်း ၊ဒီအကြောင်းသူတို့ အကြောင်း (1) အဆိုအမိန့် (1) အထ္ထုပ္ပတ္တိ) (1) အားကစားသတင်းများ (1) အခြားသတင်း (1) ဦးဦး မှော်ဆရာ ပညာပေး.. (1)ုပုံပြင် (1) ဆောင်းပါ; (1) ပေးပို့ သူ .. စိုးမိုးကျော် ဟာသ (1) ပေးပို့ သူ...သက်နိုင် ကဗျာ… (1) ပေးပို့ သူ…greenleave (1)်ပုံပြင် (1) (1) ရုပ်သံ (1) • Posted by thant zin htwe on နိုဝင်ဘာ 19 (1) …. (1)