`ဟေ့… ဦးလေးဂတ်စကွိုင်နီ၊ ဒီနေ့မသောက်ပါလားဗျ။´
`အေးကွာ မိန်းမက ဒီတစ်ခါ ငါမူးပြီးပြန်လာရင် ကွာရှင်းတော့မယ်လို့ ရာဇသံပေးလိုက်လို့ဟေ့´
`ဒါများဗျာ… ဒီလိုလုပ်၊ ဘီယာကို အ၀သောက်ပြီးရင် ကိုယ်ပေါ်ကိုလည်းနည်းနည်းလောင်းပြီး အိမ်ပြန်ရောက်ရင်မတော်တဆဖိတ်ကျလို့ လူတစ်ယောက်က လျော်ကြေးပေးသွားတယ်လို့ပြော´
သို့နှင့် အိမ်ပြန်ရောက်သော် မိန်းမက ဆီးပြီးပြောလေရာ ဘောလုံးလူဆိုး တစ်ဦးဖြစ်သူ ဂတ်စ်ကွိုင်နီက… `လူတစ်ယောက်လုပ်တာ ငါ့အင်္ကျီတွေ စိုကုန်တယ်ကွ… ဒါနဲ့သူက အင်္ကျီအသစ်ဝယ်ဖို့ ဒေါ်လာ ၅၀-ပေးလိုက်တယ်။´
`ဟင် ဒီမှာ ဒေါ်လာ ၁၀၀-တောင်ပါလား´
`ဟို… အဲ အဲဒါက ဘောင်းဘီစိုသွားတဲ့အတွက် နောက်ဒေါ်လာ ၅၀-လေ´
မှတ်ချက်။ ။ နိုင်ငံတကာ ဘောလုံးဟာသများမှ (အိတ်တင်း)ဘာသာပြန်သည်။
**(ရွှင်ပြုံးတခဏ- ဘောလုံးဟာသ)**

No comments:
Post a Comment