`ဟေ့ကောင် မန်ယူ၊ မင်း သောက်ပါးစပ်ပိတ်ထားစမ်း၊ ဒီမှာ ဇယားရှုပ်နေရတဲ့အထဲ။ မဲဆောက် ထုံထောင်းရပ်ကွက်ထဲရှိ မင်းသားကြီးအမည်ရ လက်ဘက်ရည်ဆိုင် (အရက်နဲ့ ဘီယာလည်းရောင်း၏) ထဲတွင် စားပွဲထိုးလေးနှင် ကိုကျော်ညွန့် တို့ ဝိုင်းရှင်းနေပုံက ကာကူလေတာ ၅ လုံးနှင့် စာရင်းကိုင်ချောချော ၅ ယောက်လောက် အကူအညီယူရမည့်ပုံ၊ လက်ဘက်ရည်တခွက်၊ လောက်ခေါင်တပိုင်း၊ မြင်းခွာရွက် သုတ်တပွဲ၊ အမ်လွဲဟပ်စစ်တလုံး၊ စီးကရက်တပွဲ၊ သုခိတာ၎လိတ်၊ ကဗျာဆရာက စမူဆာတပွဲ၊ တလုံးတစုံ စိုက်ထုံ။ စားပွဲထိုးချာတိတ်က လက်ညှိုးတထိုးထိုး ပွစိပွစိ ရေရွတ်ရင်း ခေါင်းခါပြီး ဆိုင်ရှင်မင်းသားကြီးကို လှမ်းခေါ်လိုက်မှ ငွေစာရင်းရှင်းတမ်းကြီး ပြီးဆုံးသွားသည်။ ကိုကျော်ညွန့်  ကဗျာဆရာ ကိုမြေလွှာကို သတိပေးစကား ပြောလိုက်သည်။ `အရင် ၂ လုံး ၂စုံ ကျန်သေးတယ်တဲ့`။ `ထားပါကွာ၊ မထူးပါဘူး၊ ခု ဒါတွေရှင်းပြီးရင် နောက် တပိုင်း တစုံ ထပ်ယူလိုက်`။ ဘာသာဗေဒကထိက ဆရာရေချိန့့် မျက်နှာက လင်းလက်သွားသည်။ ၀ိုင်းကို သူက နောက်ကျမှရောက်သူဆိုတော့ ၀ိုင်းက အရှိန်ရနေပြီကိုး။
`စောစောက ကိစ္စ ဆက်ဆွေးနွေးမယ်။ တော်ပါတော့ ကဗျာဆရာရယ်၊ ဂျာအေးသူ့ မေရိုက်နေပြီ။` `ဘာဖြစ်လဲကွာ၊ ငါ့မရိုက်ပြီးတာပဲ။`` ကဲကဲပြော၊ ဘာပြောချင်တာလဲ`။ ထုံထောင်းထဲမှာကြည့် ကျောင်း သားဥက္ကဌကြီးလူတဲ့။
ငါက ကျောင်းသားဥက္ကဌကြီးအိမ်က ဒရ၀မ်တဲ့၊ ငါက ဥက္ကဌကြီးရဲ့ ဆိုင်ကယ် မောင်း တဲ့၊ ငါကဥက္ကဌကြီးနဲ့ မုန့့် ဟင်းခါးစားဖော်တဲ့။ ဟိုအလုပ်သမားအဖွဲ့ ကလူဆို ငါက အကိုရင်းနော် တဲ့။ ဘလောက်ဂါဆရာဝန်အယ်ဒီတာကလည်း ကျနော့်အကိုနဲ့  ဥက္ကဌကြီးနဲ့ က ဆေးကျောင်းအတန်းတူတဲ့။
ဟိုအင်တာဗျူးဆရာမက ဥက္ကဌက တို့ ဆို အမြဲပြောပေးနေကြတဲ့။ ဟိုငနဲကကျ ကျုပ်က ဥက္ကဌအိမ်က ဘီယာခွံကောက်တဲ့လူနော်တဲ့။ ကျော်ညွန့်  မင်းကလည်း လာသေးတယ်။ ကျုပ်တို့ က တပ်ရင်းတရင်းထဲ တော်လှန်စစ်ဆင်နွှဲခဲ့တာတဲ့။ ထုံထောင်းအရှေ့ ခြမ်းကကောင်တွေဆို၊ တချပ်မှောက်ဆွဲဖက်တို့ ၊ တွမ်တီးဝမ်း ရိုက်ဖက်တို့ ၊ ကားမောင်းသင်ဖတ်တို့  ရှုပ်နေတာပဲကွာ။ ဘောက်ကွင်းထဲက ကရင်မ တွေကလည်း ဥက္ကဌကြီးအိမ်က မောင်းမမိတ်သံတွေလိုပဲ။ အ၀တ်လျှော် နေကြတာက။ ခုနက မင်းသား ကြီးပြောတာပဲကြည့်။ ဥက္ကဌ ပုံမှန်သောက်တဲ့ လက်ဘက်ရည်ဆိုင်နော်တဲ့။ ကဲ မင်းဘာပြော ချင်သေးလဲ ကျော်ညွန့် ။ `အဲဒီတော့ ကဗျာဆရာ လိုရင်းသာပြောတော့။``ငါက ကွိုင်ရှာနေတာ မဟုတ်ဘူး။ ဦးဝ ကိုယ်တိုင်က ပြောနေပြီ။ ဟေ့ကောင်တွေ မင်းတို့ ရပ်ကွက်ထဲမှာ ရုတ်ရုတ်ရုတ်ရုတ် လုပ်မယ်မကြံနဲ့  နော်၊ ငါကဗမာစကားတတ်တဲ့ထိုင်း။ ပြီးတော့ ဥက္ကဌကြီးအိမ်ရှင်တဲ့။ ငါ့ကျတော့ ဥက္ကဌ အသိအမှတ် မပြုတဲ့ ကဗျာဆရာတဲ့။ တော်သေးတာပေါ့ကွာ ထုံထောင်းမှာ ဥက္ကဌနဲ့ ပြိုင်ဘက်မရှိလို့ ` ။ ကဗျာဆရာ သောက်နေ ပုံကိုကြည်ပြီး ဗိုလ်အောင်ဒင်လား ထင်မှတ်မှားသူတွေ ဆိုင်ထဲမှာ အငေးသား။
စာရေးသူက ဥက္ကဌကြီး ဆေးလိပ်မီးတို့ ဖူးသူပါ။
ကျနော် နေကောင်းလာပါပြီ။ ကိုကျော်ညွန့် တို့ ၊ မန်ယူတို့ ကို ပရိတ်သတ်နဲ့  ပြန်တွေ့ ပေးပါမယ်။ ဒေါင်ချာမောင်စိုင်း အောက် ခန ပြန်ဆင်းသွားတာလည်း မိတ်ဆွေတို့ ကို သိစေချင်တယ်။ လေအိုးတို့  ရွှေဂျိုးတို့ မသိစေချင်ပါ။ သူတို့ က လေပုတ်ထုတ်ကုန်းက အင်ဖော်မာတွေမဟုတ်လား။
**ကျော်သက်ထွေး**
`မိတ်ဆွေကြီး ကိုကျော်ညွန့် ပါလား၊ မတွေ့ တာ အတော်ကြာနေပြီနော်။ ဘုရားကျောင်းတက်နေသေးလား။ ဘိုစာတွေ ထိုင်းစာတွေ အဆင့်မြင့်မြင့် သင်ကြားနေဆိုပဲဗျ။ ဗမာပြည်မှာတော့ စာသင်ချင်ရင် ငွေတော် တော်ကုန်ကြတယ်ဆိုပဲ။ ကိုကျော်ညွန့် တို့ က ဘရိတ်ဖတ်စ်နဲ့ ၊ လန့် ခ်ျနဲ့ ။ တလစာတလစာ စကောလား ရှစ်လည်းရတယ်ဆိုတော့ ပညာရည်နို့  သောက်စို့ လို့ ကို ၀တယ်ရှိမှာ မဟုတ်ဘူးနော။`
`ဟေ့ကောင် မန်ယူ၊ မင်း သောက်ပါးစပ်ပိတ်ထားစမ်း၊ ဒီမှာ ဇယားရှုပ်နေရတဲ့အထဲ။ မဲဆောက် ထုံထောင်းရပ်ကွက်ထဲရှိ မင်းသားကြီးအမည်ရ လက်ဘက်ရည်ဆိုင် (အရက်နဲ့ ဘီယာလည်းရောင်း၏) ထဲတွင် စားပွဲထိုးလေးနှင် ကိုကျော်ညွန့် တို့ ဝိုင်းရှင်းနေပုံက ကာကူလေတာ ၅ လုံးနှင့် စာရင်းကိုင်ချောချော ၅ ယောက်လောက် အကူအညီယူရမည့်ပုံ၊ လက်ဘက်ရည်တခွက်၊ လောက်ခေါင်တပိုင်း၊ မြင်းခွာရွက် သုတ်တပွဲ၊ အမ်လွဲဟပ်စစ်တလုံး၊ စီးကရက်တပွဲ၊ သုခိတာ၎လိတ်၊ ကဗျာဆရာက စမူဆာတပွဲ၊ တလုံးတစုံ စိုက်ထုံ။ စားပွဲထိုးချာတိတ်က လက်ညှိုးတထိုးထိုး ပွစိပွစိ ရေရွတ်ရင်း ခေါင်းခါပြီး ဆိုင်ရှင်မင်းသားကြီးကို လှမ်းခေါ်လိုက်မှ ငွေစာရင်းရှင်းတမ်းကြီး ပြီးဆုံးသွားသည်။ ကိုကျော်ညွန့်  ကဗျာဆရာ ကိုမြေလွှာကို သတိပေးစကား ပြောလိုက်သည်။ `အရင် ၂ လုံး ၂စုံ ကျန်သေးတယ်တဲ့`။ `ထားပါကွာ၊ မထူးပါဘူး၊ ခု ဒါတွေရှင်းပြီးရင် နောက် တပိုင်း တစုံ ထပ်ယူလိုက်`။ ဘာသာဗေဒကထိက ဆရာရေချိန့့် မျက်နှာက လင်းလက်သွားသည်။ ၀ိုင်းကို သူက နောက်ကျမှရောက်သူဆိုတော့ ၀ိုင်းက အရှိန်ရနေပြီကိုး။
`စောစောက ကိစ္စ ဆက်ဆွေးနွေးမယ်။ တော်ပါတော့ ကဗျာဆရာရယ်၊ ဂျာအေးသူ့ မေရိုက်နေပြီ။` `ဘာဖြစ်လဲကွာ၊ ငါ့မရိုက်ပြီးတာပဲ။`` ကဲကဲပြော၊ ဘာပြောချင်တာလဲ`။ ထုံထောင်းထဲမှာကြည့် ကျောင်း သားဥက္ကဌကြီးလူတဲ့။
ငါက ကျောင်းသားဥက္ကဌကြီးအိမ်က ဒရ၀မ်တဲ့၊ ငါက ဥက္ကဌကြီးရဲ့ ဆိုင်ကယ် မောင်း တဲ့၊ ငါကဥက္ကဌကြီးနဲ့ မုန့့် ဟင်းခါးစားဖော်တဲ့။ ဟိုအလုပ်သမားအဖွဲ့ ကလူဆို ငါက အကိုရင်းနော် တဲ့။ ဘလောက်ဂါဆရာဝန်အယ်ဒီတာကလည်း ကျနော့်အကိုနဲ့  ဥက္ကဌကြီးနဲ့ က ဆေးကျောင်းအတန်းတူတဲ့။
ဟိုအင်တာဗျူးဆရာမက ဥက္ကဌက တို့ ဆို အမြဲပြောပေးနေကြတဲ့။ ဟိုငနဲကကျ ကျုပ်က ဥက္ကဌအိမ်က ဘီယာခွံကောက်တဲ့လူနော်တဲ့။ ကျော်ညွန့်  မင်းကလည်း လာသေးတယ်။ ကျုပ်တို့ က တပ်ရင်းတရင်းထဲ တော်လှန်စစ်ဆင်နွှဲခဲ့တာတဲ့။ ထုံထောင်းအရှေ့ ခြမ်းကကောင်တွေဆို၊ တချပ်မှောက်ဆွဲဖက်တို့ ၊ တွမ်တီးဝမ်း ရိုက်ဖက်တို့ ၊ ကားမောင်းသင်ဖတ်တို့  ရှုပ်နေတာပဲကွာ။ ဘောက်ကွင်းထဲက ကရင်မ တွေကလည်း ဥက္ကဌကြီးအိမ်က မောင်းမမိတ်သံတွေလိုပဲ။ အ၀တ်လျှော် နေကြတာက။ ခုနက မင်းသား ကြီးပြောတာပဲကြည့်။ ဥက္ကဌ ပုံမှန်သောက်တဲ့ လက်ဘက်ရည်ဆိုင်နော်တဲ့။ ကဲ မင်းဘာပြော ချင်သေးလဲ ကျော်ညွန့် ။ `အဲဒီတော့ ကဗျာဆရာ လိုရင်းသာပြောတော့။``ငါက ကွိုင်ရှာနေတာ မဟုတ်ဘူး။ ဦးဝ ကိုယ်တိုင်က ပြောနေပြီ။ ဟေ့ကောင်တွေ မင်းတို့ ရပ်ကွက်ထဲမှာ ရုတ်ရုတ်ရုတ်ရုတ် လုပ်မယ်မကြံနဲ့  နော်၊ ငါကဗမာစကားတတ်တဲ့ထိုင်း။ ပြီးတော့ ဥက္ကဌကြီးအိမ်ရှင်တဲ့။ ငါ့ကျတော့ ဥက္ကဌ အသိအမှတ် မပြုတဲ့ ကဗျာဆရာတဲ့။ တော်သေးတာပေါ့ကွာ ထုံထောင်းမှာ ဥက္ကဌနဲ့ ပြိုင်ဘက်မရှိလို့ ` ။ ကဗျာဆရာ သောက်နေ ပုံကိုကြည်ပြီး ဗိုလ်အောင်ဒင်လား ထင်မှတ်မှားသူတွေ ဆိုင်ထဲမှာ အငေးသား။
စာရေးသူက ဥက္ကဌကြီး ဆေးလိပ်မီးတို့ ဖူးသူပါ။
ကျနော် နေကောင်းလာပါပြီ။ ကိုကျော်ညွန့် တို့ ၊ မန်ယူတို့ ကို ပရိတ်သတ်နဲ့  ပြန်တွေ့ ပေးပါမယ်။ ဒေါင်ချာမောင်စိုင်း အောက် ခန ပြန်ဆင်းသွားတာလည်း မိတ်ဆွေတို့ ကို သိစေချင်တယ်။ လေအိုးတို့  ရွှေဂျိုးတို့ မသိစေချင်ပါ။ သူတို့ က လေပုတ်ထုတ်ကုန်းက အင်ဖော်မာတွေမဟုတ်လား။
**ကျော်သက်ထွေး**
No comments:
Post a Comment