မောပန်းပြီး ခြေလက်တွေ မသယ်ချင်အောင်ဖြစ်နေတာကြောင့် `ဂျယ်ရီ´ဟာ နာမည်ကျော် ဆေးကုသမှုပါရဂူတစ်ဦးနဲ့ တွေ့ဆုံဖို့ရက်ချိန်းယူထားတယ်။ နားနေခန်းထဲမှာ ပါရဂူကိုတွေ့ဆုံဖို့ စောင့်ဆိုင်းနေတဲ့ လူနာတွေပြည့်ကျပ်နေတယ်။ ဂျယ်ရီဟာ လူနာတွေကြား ၀င်ထိုင်လိုက်တယ်။ ခဏကြာတဲ့ အခါမှာ သူ့ဘေးနားထိုင်နေတဲ့ သူတစ်ယောက်ကို တိုးတိုးတိတ်တိတ်နဲ့ စပ်စုလိုက်တယ်။
`ဒီဆရာဝန်တော်တော်ကောင်းလိမ့်မယ်။ ဟုတ်တယ်နော်´
`အတော်ဆုံးထဲက တစ်ယောက်ပါ´
ဂျယ်ရီဟာ တစ်စုံတစ်ရာအတွက် စိုးရိမ်သွားတယ်။ ဒါကြောင့် ဆက်လက်စပ်စုပြန်တယ်။
`ဆိုပါဦးဗျာ… စမ်းသပ်ခ ဈေးအရမ်းကြီးမယ်ထင်တယ်။´
`ပထမဦးဆုံးအကြိမ်ဆို ဒေါ်လာ ၁၀၀ ယူတယ်။ နောက်ထပ်တစ်ကြိမ် လာလာပြတိုင်း ၅၀ ပဲယူပါတယ်။´
ဂျယ်ရီတစ်ယောက် ဝေခွဲရခက်သွားတယ်။ ထပြန်သွား ရရင်ကောင်းမလား၊ ဆက်စောင့်နေရမလားဆိုတာ မိနစ်အတော်ကြာအောင်စဉ်းစားနေမိတယ်။ `နောက်ထပ်တစ်ကြိမ်လာပြတိုင်း ၅၀-ပဲယူပါတယ်´ဆိုတာကို နှုတ်ကရေရွတ်နေတယ်။
နောက်ဆုံးမှာတော့ ရုံးအဖွဲ့က သူ့နာမည်ကို လှမ်းခေါ်လိုက်တယ်။
ဂျယ်ရီဟာ ဆရာဝန်ဆီပြေးသွားပြီး လက်နှစ်ဖက် ဆန့်တန်းကာ `ဟိုင်း… ဆရာဝန်ကြီး၊ ကျနော် ထပ်ပြီးလာခဲ့ရပါပြီခင်ဗျာ´လို့ နှုတ်ဆက်စကား ဆိုလိုက်ပါတယ်။
** မြဟန်သိန်းမောင် **
(နိုင်ငံတကာ ရယ်စ ရာ များ)
**(နိုင်ငံတကာ ရယ်စ ရာ များ)**

No comments:
Post a Comment