(သြဂုတ် ၂၅၊၂၀၁၀)
ထိုင်းအလုပ်သမားဝန်ကြီးဌာနနှင့်ပညာရှင်များအား၊လူ့အခွင့်အရေးနှင့်အလုပ်သမားအခွင့်အရေးလှုပ်ရှားသူများ
ကဖိတ်ခေါ်ပြီးတွေ့ဆုံပြီးရွေ့ပြောင်းအလုပ်သမားများ၊နိုင်ငံသားစီစစ်မှုလုပ်ငန်းစီမံခန့် ခွဲမှုသဘောထားတို့ ကိုယ် မန်နေ့ ကတွေ့ ဆုံမေးမြန်းဆွေးနွေးပွဲတစ်ရပ်ကျင်းပခဲ့ကြသည်။ ထိုင်းအမျိုးသားလူ့အခွင့်အရေး ကော်မရှင်ရုံး၊ အစည်းဝေးခန်းမတွင်၊ထိုင်းအလုပ်သမားဒုဝန်ကြီး၏ရွေ့ပြောင်းအလုပ်သမားရေးဆိုင်ရာကျွမ်းကျင်သူအခူရတ်
ခွန်ဂျရပ်နှင့်ထိုင်းရှေ့နေများကောင်စီ၊အပါအ၀င်အလုပ်သမားရေးရာကျွမ်းကျင်ပညာရှင်များနှင့် အလုပ်သမားများ အာမခံကော်ပိုရေးရှင်းတို့ ကလာရောက်ဖြေကြားခဲ့ကြသည်။ထို့ နောက်ထိုင်းအလုပ်သမားသမဂ္ဂများ ဆိုင်ရာ အ တွင်းရေးမှူး ဆာဝိကရောဝန်က“ထိုင်းနိုင်ငံဟာကုလသမဂ္ဂရဲ့ လူ့ အခွင့်အရေးဆိုင်ရာအမြဲတမ်း ကော်မတီဝ င် နိုင်ငံဖြစ်တယ်။ဒီလိုအသိအမှတ်ပြုထားတာဟာလူ့ အခွင့်အရေးကိုလေးစား လိုက်နာတဲ့နိုင်ငံ အဖြစ်အသိ အ မှတ်ပြုလို့ 
့ဖြစ်တယ်။ခု ထိုင်းအစိုးရက ဗမာအလုပ်သမားတွေအပေါ်လူ့ အခွင့်အရေးချိုးဖေါက်နေတာဟာ အထူး စိုးရိမ်စရာဖြစ်ပါတယ်။
ကုလသမဂ္ဂကဒီမကောင်းတဲ့သတင်းအချက်အလက်တွေကိုသိသွားရင်ကျနော်တို့ တိုင်း ပြည်မှာရှိနေတဲ့ဂုဏ်သိက္ခာတွေမြောင်းထဲရောက်သွားပါမယ်၊ထိုင်းနိုင်ငံကိုအဲဒီလိုလူ့ အခွင့်အရေးချိုး ဖေါက် တဲ့နိုင်ငံစါရင်းကိုသွင်းချင်နေကြပြီလားလို့အစိုးရနဲ့ဝန်ထမ်းတွေကိုမေးချင်တယ် ၊ထိုင်းနိုင်ငံမှာ အလုပ်သမား တွေကိုအခွင့်အရေးချိုးဖေါက်နေတယ်လို့ ထိုင်းပစ္စည်းတွေကိုတင်သွင်းနေကြတဲ့နိုင်ငံတွေကသိ သွားပြီး တော့ထိုင်းကုန်ပစ္စည်းတွေကိုလက်မခံပဲသပိတ်မှောက်လိုက်ရင် တိုင်းပြည်စီးပွားရေး အတွက် စိုးရိမ်စရာဖြစ် လာနိုင်ပါတယ်”ဟုပြောဆိုသွားသည်။အခန်းအနားကိုဦးဆောင်ကျင်းပသည့် လူ့ အခွင့်အရေးနှင့် ဖွံ့ဖြိုးတိုး တက်ရေးဖေါင်ဒေးရှင်းလူ့အခွင့်အရေးနှင့် ဖွံ့ဖြိုးတိုးတက်ရေးဖောင်ဒေးရှင်းHRDFမှ အထွေထွေအတွင်း ရေး မှူး
စုန်ချိုင်းဟွန်လအော် က“သတင်းသမားတွေ ဟာ ပြည်သူတွေကို အမှန်အတိုင်း သတင်းအချက် အလက် တွေကိုပေးသင့်ပါတယ်။ပြီးခဲ့တဲ့ အပတ်က မဟာချိုင်မှာ ငွေထုတ်စက်ATMပုံတွေမှာဗမာစာနဲ့ လုပ်လို့ ရတယ် ၊ပြီးတော့မြန်မာအလုပ်သမားတွေတည်ထောင်ထားတဲ့စာကြည့်တိုက်တွေမှာ မြန်မာစာနဲ့ ရေးထားတာတွေ ၊မြန်မာအသုံးအဆောင်တွေရောင်းချတဲ့ဆိုင်တွေမှာ မြန်မာလို့ ရေးထားတာတွေ၊ဟိုနားဒီနားသွားတဲ့ လူတွေ အပေါ်အင်္ကျီ မ၀တ်ပဲ၊ပုဆိုးဝတ်ပြီးသွားတာတွေကို ရေးကြီးခွင်ကျယ်ဓါတ်ပုံတွေရိုက်ပြီးတော့၊မဟာချိုင်ကို ဗမာ တွေသိမ်းထားပြီးဆိုပြီး မက်ဆေ့ပေးထားတာဟာ မလုပ်သင့်တဲ့လုပ်ရပ်လို့ ကျနော်မြင်ပါတယ်။ကဲဒါဆို အခြား နေရာတွေမှာ တရုတ်လိုရေးထားလို့ တရုတ်သိမ်းပြီလို့ ဘာလို့ မရေးတာလဲ။ အင်္ဂလိပ်လိုရေး ထားတဲ့နေရာကို အင်္ဂလိပ်တွေသိမ်းပြီးလို့ ဘာလို့ မရေးတာလဲ၊
ဘာဖြစ်လို့ မြန်မာတွေအပေါ်ဖိနှိပ်ချင်ရတာလဲ၊ ဘာကြောင့် ဒီလိုလုပ်ရတာလဲ”ဟုမေးခွန်းထုတ်သွားသည်။
ထိုင်းအလုပ်သမားဒုဝန်ကြီး၏ကိုယ်စားလှယ်အခူရတ်ခွန်ဂျရပ်“နှစ်ပေါင်း၂၀ လောက် အမြစ်တွယ်နေတဲ့ ခြစား
မှုတွေ၊အောက်မှာ ခုတင်ပြကြတဲ့အချက်အလက်တွေကိုချက်ခြင်းပြောင်းလဲဖို့ ခက်ပါတယ်။ ထိုင်းအစိုးရအနေနဲ့
လည်းအလုပ်သမားတွေနဲ့ ပတ်သက်ပြီးအကောင်းဆုံးဘယ်လိုသတ်မှတ်မလဲ၊လုပ်ပေးနိုင်မလဲလို့စဉ်းစားနေပါတယ်။
အောက်ခြေမှာ မတရားဖြစ်ပျက်နေတာတွေ၊ခြစားအဂတိလိုက်စားမှုတွေ၊မတရားမှုတွေ၊လူ့ အခွင့်အရေးချိုးဖေါက်မှုတွေကို သိနေပါတယ်၊ဒါပေမယ့် ချက်ခြင်းပြုပြင်ပြောင်လဲဖို့ ခက်ပါတယ်။ အစိုးရ၊၀န်ထမ်းနဲ့ ပြည်သူတွေအပါအ၀င် ခုကြွရောက်
လာတဲ့အဖွဲ့ အစည်းတွေပါ ပူးပေါင်းလုပ်ဆောင်ကြရမှာဖြစ်ပါတယ်၊ထိုင်းလူမျိုးတွေဟိုတုန်းကနဲ့ စာရင်မြန်မာအလုပ်သမားတွေအပေါ်ထားတဲ့သဘောထားတွေ၊အရင်ကထက်စာရင်ကောင်းလာတယ်လို့ကျနော်
်မြင်တယ်၊အတိုင်းအတာတစ်ခုအထိနားလည်လာကြပြီလို့ ကျနော်ယုံကြည်ပါတယ်။ဘယ်နေရာမှာမဆိုခြောက်ပြစ်ကင်းဆိုတာတော့ရှိမယ်မထင်ပါဘူး၊ဒါပေမယ့်အကောင်း
ဆုံးဖြစ်အောင်တော့လုပ်ကြရပါမယ်”ဟုပြောဆိုသွားသည်။
နိုင်ငံခြားအင်ဂျီအို တစ်ခုမှ နိုင်ငံခြားသားတစ်ဦးက “ထိုင်နိုင်ငံအတွင်း နေ့ စဉ်အနည်းဆုံး လူ ၁၀၀၀ ဖမ်းဆီတယ်၊လူတစ်ယောက်ကို အနည်းဆုံးဘတ် ၃၀၀၀ စီတောင်းယူတယ်၊ နည်းတဲ့ငွေလားဗျာ၊ခုမဟာချိုင်
မှာ နေ့ တိုင်းဖမ်းနေတယ်၊အလုပ်သမားတွေကို ငွေထွက်တဲ့တွင်းတွေအဖြစ် ထိုင်းပုလိပ်တွေနဲ့ ထိုင်းလမ်းသရဲ
တွေမှတ်ထားကြတယ်၊ ဒီကြားထဲအသတ်ခံရ၊မုဒိမ်းကျင့်ခံရတာရှိသေးတယ်၊အလုပ်ကြမ်းလာလုပ်ကြတဲ့မြန်မာ
အလုပ်သမားတွေအပေါ်အလွန်ရက်စက်ကြပါတယ်၊ဒီအကျင့်ဆိုးတွေကိုဖျောက်ပစ်ဖို့ ကျနော်တို့ တိုက်တွန်းချင်
ပါတယ်”ဟုပြောသည်။
ဘန်ကောက်မြို့လူဝင်မှုကြီးကြပ်ရေးအချုပ်ထောင် IDC တွင် ဘာသာပြန်ပေးလေ့ရှိသည့် အင်ဂျီအိုတစ်ခုမှ
အမျိုးသမီးအရာရှိတစ်ဦးက“ ကျမဘာသာပြန်ပေးရပါတယ်၊ဒါပေမယ့် အမှုဖြစ်စဉ်နဲ့ ထိုင်းပုလိပ်တွေ အမှုစွဲတင်
ထားတာနဲ့ တခြားစီဖြစ်နေတာက များပါတယ်၊ ဒါမျိုးတွေမဖြစ်အောင် ဥပဒေကြောင်းအရ အပြင်းအထန် ကာ
ကွယ်ထားဖို့ လိုပါတယ်၊ခုဟာကဗမာတွေကို၊ချချင်တဲ့ပုဒ်မနဲ့ ထောင်ချနေသလိုဖြစ်နေပါတယ်အပြစ်မရှိပဲထောင်ကျမယ့်
ဆဲဆဲလူတွေ အများကြီးရှိနေပါတယ်”ဟုအကြံပြုတင်ပြသွားသည်။
ထိုင်းနိုင်ငံအတွင်းသို့ နေ့ စဉ် လူထောင်ချီပြီးဝင်ရောက်နေကြောင်း၊လူတစ်ဦးကိုအနည်းဆုံးဘတ်ငွေ တစ်သောင်းခွဲပေါက်ဈေးရှိသဖြင့် အဆိုပါငွေကြေးလည်ပတ်မှုမှာ ခြစားမှုကိုအထူးအားပေးနေကြောင်း။ယခု
အတိုင်းထိုင်းနိုင်ငံဆက်လက်လုပ်ဆောင်နေပါက တိုင်းပြည်၏ဂုဏ်သတင်းနှုင့်တိုးတက်မှုတို့ မှာ တဖြည်း
ဖြည်းနောက်ကိုရောက်ရှိသွားပြီးသိက္ခာကျလာမည်ဖြစ်ကြောင်းအစည်းအဝေးတက်ရောက်လာသည့်အဖွဲ့ အစည်းများကထောက်ပြပြောဆိုကြသည်။
ဤအခမ်းအနားကိုဦးဆောင်ကျင်းပသည့် HRDF မှ ကိုစိန်ဌေးက “ဒီဖက်မှာ အစိုးရကို ကျနော်တို့  တင်ပြနေသလိုပဲ၊မြန်မာအလုပ်သမားတွေကိုကျနော်ပြောချင်တာက ကိုယ်လုပ်တဲ့အလုပ်ကို၊သိဖို့၊ကိုယ်နေတဲ့နေရာကိုသိဖို့ ၊ကိုယ့်အနီးပတ်ဝန်းကျင်ကအဖွဲ့အစည်းတွေကိုသိအောင်လုပ်ထားဖို့ပြောချင်ပါတယ်၊ဘာကြောင့်ဒါကိုပြောရသလဲဆိုရင် ပြဿနာတစ်ခုတက်လာရင်၊ကိုယ့်အလုပ်ကိုမသိ
။ကိုယ်နေတဲ့နေရာကိုမသိ၊အခြေခံဒီကိစ္စကစပြီးကျနော်တို့ လုပ်နေရရင်အချိန်ကုန်တာပေါ့ဗျာ၊ကိုယ့်တာဝန်ကိုယ်သိကြဖို့ 
လိုတယ်လို့ ပြောချင်ပါတယ်”ဟုအကြံပြုသွားသည်။
ဘန်ကောက်အခြေစိုက်ဖွဲ့ စည်းထားသည့် ထိုင်နိုင်ငံရောက်မြန်မာနိုင်ငံသားများအသင်းကမူ“ ယာယီပတ်စပို့ 
မတိုင်ခင် ၂၀၀၉ခုနှစ်ကလုပ်ခဲ့သည့် ပန်းရောင်ဘတ်ကို ထိုင်းနိုင်ငံအတွင်းနေထိုင်ခွင့်၈လသာခွင့်ပြုခဲ့သော်လည်း
ထိုင်းအစိုးရက တစ်နှစ်စာအပြည့်ငွေယူလိုက်သဖြင့် မြန်မာအလုပ်သမား ၃သိန်းလုပ်လျှင် အလုပ်သမားတစ်သိန်းဖို
့ထိုင်းအစိုးရ မတရားယူလိုက်ကြောင်း၊ယခုနှစ်နိုင်ငံအစိုးရတို့ က လုပ်သင့်လုပ်ထိုက်၍
လုပ်သည်ဆိုသော ယာယီပတ်စပို့ ကိစ္စကိုလည်း ကြားခံကုမ္ပဏီများကိုမျက်နှာလွဲလုပ်ခိုင်းလိုက်သဖြင့် ပွဲစားအမျိုးမျိုးတို့ ၏လိမ်လည်လှည့်ဖြားမှုကို မြန်မာအလုပ်သမားခံနေရကြောင်း၊ငွေကြေးကုန်ကျမှုအထူးများကြောင်းတင်ပြခဲ့သည်။ထို့အပြင်ယာယီပတ်စပို့ 
လုပ်ပြီး work permit လုပ်ငန်း၊သက်တမ်းတိုး၊စသည့်လုပ်ငန်းစဉ်အားလုံးတို့ တွင်ပွဲစားများဖြင့်လုပ်နေရသဖြင့်
အလုပ်သမားများမှာ ငွေကြေးကုန်ကျမှုများကြောင်း၊အထူးသဖြင့် တရားဝင်လုပ်ကိုင်ထားသည့်မြန်မာအလုပ်သ
မားများအား တရားဥပဒေ၏အကာအကွယ်ကို မှန်မှန်ကန်ကန်ရရှိစေရန် ထိုင်းအစိုးရမှ တာဝန်ယူပေးစေလိုကြောင်း၊ဘန်ကောက်မြို့လုမ္ပနီညဈေးတွင်ဖမ်းဆီးငွေတောင်းနေမှုတို့ အား”တင်ပြခဲ့သည်။
အခန်းအနားကိုဘန်ကောက်မြို့မြောက်ဘက် ကီလိုမီတာ၅၀ခန့် အကွာတွင်ရှိသည့် ထိုင်းအစိုးရရုံးချုပ်များ
ရုံးစိုက်ရာနေရာရှိ ထိုင်းအမျိုးသားလူ့အခွင့်အရေးကော်မရှင်ရုံး၊အစည်းဝေးခန်းမတွင် နံနက် ၈နာရီမှ ညနေ ၄နာရီအထိကျင်းပခဲ့ကြသည်။သတင်းစာရှင်းလင်းပွဲကိုရှေ့ ဦးစွာပြုလုပ်ခဲ့သည်။ အစည်းအဝေးသို့ ထိုင်းအစိုးရအလုပ်သမားဝန်ကြီးဌာနအဖွဲ့ အစည်းများ၊ထိုင်းရှေ့နေများကောင်စီ၊ILO၊IRC၊ထိုင်းလူ့ အခွင့်အရေးအဖွဲ့ အစည်းများထိုင်း/မြန်မာအလုပ်သမားအဖွဲ့ အစည်းများ၊အင်ဂျီအိုများနှင့်ချင်မိုင်/မဟာချိုင်တို့ မှအလုပ်သမားအချို့တို့ စုစုပေါင်းအင်အားတစ်ရာကျော်ခန့် တက်ရောက်ခဲ့ကြသည်။
**သတင်း … ကိုကျော်သောင်း(ဘန်ကောက်)**

No comments:
Post a Comment