**(သြဂုတ် ၁၈၊၂၀၁၀-ဘာသာပြန် ကိုတီး-ရခိုင့်တံခွန်ဂျာနယ်)**
ထိုင်း-မလေးရှားနယ်စပ၊်စုံခါခရိုင်၊စဒေါင်မြို့ရှိChalalaကာရာအိုကေဆိုင်တွင်လိင်လုပ်ငန်းအလုပ်သင်အဖြစ်
လုပ်ကိုင်နေရသည့် မြန်မာအမျိုးသမီးငယ်၃ဦးတို့ အား ထိုင်းအထူးရဲတပ်ဖွဲ့ ကကယ်တင်နိုင်ခဲ့ကြောင်းယနေ့ ထုတ်ထိုင်းရပ်သတင်းစာတွင်ရေးသားဖေါ်ပြထားသည်။
စုံခါခရိုင်၊စဒေါင်မြို့၊စွေးထိုင်းကျန်လုအမှတ်(၇)ရပ်ကွက်တွင် အသက်၃၀အရွယ် မလေးရှားနိုင်ငံသား နိုင်အာကျန်(ခေါ်) TEY BOON TIONG ဖွင့်လှစ်ထားသော Chalala ကာရာအိုကေ ဆိုင်အား တိုင်းခရိုင် နယ်မြေအမှတ်(၉)မှ ရဲဗိုလ်ချုပ် ထမန်နွန် ပယွန်းရုန်းနှင့်အဖွဲ့ တို့ က၀င်ရောက်ဖမ်းဆီးခဲ့ခြင်းဖြစ်သည်။
အဆိုပါမလေးရှားနိုင်ငံသား ကာရာအိုကေဆိုင်ပိုင်ရှင်မှာ ၀င်ရောက်ဖမ်းဆီးသည့်ထိုင်းအထူးရဲတပ်ဖွဲ့ဝင်များ
အားအပြင်အထန်ပြန်လည်တိုက်ခိုက်ခဲ့သည်။
ရဲဗိုလ်ချုပ်က“စုန်ခါခရိုင်နာထ၀ီတရားရုံးကဖမ်းဝရမ်းယူပြီးဖမ်းဆီးခဲ့တာပါ။ အသက်၂၀အရွယ် သင်းသင်းစန်း
နဲ့ အခြားမြန်မာမလေး၂ယောက်ပါ။ ခု သူတို့ ကို မိသားစုတွေလက်ထဲပြန်အပ်လိုက်ပါပြီ။ဆိုင်ပိုင်ရှင်ကိုဥပဒေ
အတိုင်းအရေးယူဆောင်ရွက်သွားပါမယ်”ဟုပြောသည်။
အဆိုပါ မြန်မာမိန်းကလေး ၃ဦးတို့ အား မေးမြန်းစစ်ဆေးချက်အရ။ ကာရာအိုကေဆိုင်သို့ ရောက်ရှိလာသော
ဧည့်သည်များအား ကြိုဆိုဧည့်ခံပုံများ၊စနစ်မကျပါက ၇ိုက်နှက်ကန်ကျောက်ပြီးခိုင်းစေကြောင်း၊အဆိုပါနေရာ
တွင်လေ့ကျင့်သင်ကြားပြီး ကျွမ်းကျွမ်းကျင်ကျင် တတ်မြောက်သွားပါက မလေးရှားနိုင်ငံသို့ ဆက်လက်ရောင်း
ချမည်မည်ကြောင်း၊ထွက်ဆိုသွားကြသည်။
ဆိုင်ပိုင်ရှင်မလေးရှားနိုင်ငံသားသည်အလုပ်ချိန်အပြင်အခြားအချိန်များတွင်လည်းစိတ်မထင်လျှင်မထင်သကဲ့သို့ 
မြန်မာလိင်အလုပ်သမများအားကြမ်းတမ်းစွာဆက်ဆံတတ်ခြင်းကြောင့်မခံမရပ်နိုင်ဖြစ်ပြီးရင်းနှီးသည့်မိတ်ဆွေ
များထံသို့ ဆက်သွယ်အကူအညီတောင်းခဲ့ခြင်းဖြစ်သည်။

No comments:
Post a Comment