**တသက်လုံးစာ အတွက်
ဗွီဒီယို နှစ်ခွေက ဖော်ကြူးနိုင်ပါသလား။
**ဘ၀ဆိုတာ ခပ်ပါးပါးပေမယ့်
ခေတ်က ပြဌာန်းတော့
သံတိုင်တွေနောက်
တောင်တန်းတွေပေါ်
ကိုယ့်ရွေးချယ်မှုနဲ့ကိုယ် ပစ်တင်ခဲ့တဲ့သူ
(အခုတော့)
ငြင်သာတိုးတိတ် အိပ်စက်ခဲ့ပေါ့။
**ငါတို့ကိုယ်ပိုင်လမ်းမှာ
တစုံတယောက်ကို ဆုံးရှုံးရလေ
တရားကို ခင်တွယ်စိတ်ဟာ ပိုနက်ရှိုင်းလေ။
**ဦးခေါင်းကို အလေးအနက် ညွှတ်ခဲ့
ဒါဟာလည်း
သူ့ဝန်ကို မျှဝေယူခဲ့တာပါ။
**တခါတလေ ပြုံးမိတယ်
မီးပန်း ဆန်ဆန်
စကားလုံးနဲ့ ချီးမွမ်းမှုတွေအကြောင်း။
**ကျနော်ကတော့
ပွယောင်းနေတဲ့ ချစ်ခြင်းမေတ္တာတွေ ကြည့်ရင်း
အတူထိုင်ဖူးတဲ့
ယိုင်နဲ့နဲ့ ကွပ်ပျစ်လေးအကြောင်းပဲ တွေးနေမိတယ်။
** ပွင့်သစ် (ကရိန်ကန်)
(ကိုထက်မိုး၏ ပြန်ကျမိုးများ)
**(ကိုထက်မိုး၏ ပြန်ကျမိုးများ)**
**တသက်လုံးစာ အတွက်
ဗွီဒီယို နှစ်ခွေက ဖော်ကြူးနိုင်ပါသလား။
**ဘ၀ဆိုတာ ခပ်ပါးပါးပေမယ့်
ခေတ်က ပြဌာန်းတော့
သံတိုင်တွေနောက်
တောင်တန်းတွေပေါ်
ကိုယ့်ရွေးချယ်မှုနဲ့ကိုယ် ပစ်တင်ခဲ့တဲ့သူ
(အခုတော့)
ငြင်သာတိုးတိတ် အိပ်စက်ခဲ့ပေါ့။
**ငါတို့ကိုယ်ပိုင်လမ်းမှာ
တစုံတယောက်ကို ဆုံးရှုံးရလေ
တရားကို ခင်တွယ်စိတ်ဟာ ပိုနက်ရှိုင်းလေ။
**ဦးခေါင်းကို အလေးအနက် ညွှတ်ခဲ့
ဒါဟာလည်း
သူ့ဝန်ကို မျှဝေယူခဲ့တာပါ။
**တခါတလေ ပြုံးမိတယ်
မီးပန်း ဆန်ဆန်
စကားလုံးနဲ့ ချီးမွမ်းမှုတွေအကြောင်း။
**ကျနော်ကတော့
ပွယောင်းနေတဲ့ ချစ်ခြင်းမေတ္တာတွေ ကြည့်ရင်း
အတူထိုင်ဖူးတဲ့
ယိုင်နဲ့နဲ့ ကွပ်ပျစ်လေးအကြောင်းပဲ တွေးနေမိတယ်။
** ပွင့်သစ် (ကရိန်ကန်)
(ကိုထက်မိုး၏ ပြန်ကျမိုးများ)


No comments:
Post a Comment