မိန်းမဖြစ်သူက သူ့ယောင်္ကျားဖြစ်သူကို…
`ရှင် ကျမနဲ့ လက်မထပ်ခင် ချစ်သူဘ၀တုန်းကတော့ ဘယ်နေရာသွားသွား၊ ကျမအတွက် တက္ကစီကား ငှားငှားပြီး သွားလေ့ရှိတယ်။ အခုတော့ ရှင်က အချိုးပြောင်းသွားပြီး ဘာသဘောနဲ့ ဘတ်စ်ကားနဲ့ပဲ သွားသွားနေရတာလဲ´ဟု ပြောလိုက်သဖြင့် ယောင်္ကျားဖြစ်သူ ပြန်ဖြေလိုက်သည်မှာကား…
`ဘုရားပေးပေး၊ ကျမ်းပေးပေးပါကွာ၊ မင်း ဟိုထင် သည်ထင် ထင်နေသလို မဟုတ်ပါဘူး။ ငါ ဂုဏ်ယူချင်လွန်းလို့ ဘတ်စ်ကားစီးခိုင်းတာပါ။ တက္ကစီကားမှာဆိုရင် ကားမောင်းသူတစ်ယောက်တည်းပဲ မင်းကို မြင်ရမယ်၊ အဲ… ဘတ်စ်ကားပေါ်မှာကျတော့ လူပေါင်းများစွာက မင်းရဲ့အလှကို ငေးကြည့်နိုင်တယ်လေ´ဟူ၏။
** စိန်ငှက်ရိုး **
(ယောင်္ကျားတို့လောက ဟာသများ)
**(ယောင်္ကျားတို့လောက ဟာသများ)**

No comments:
Post a Comment