အသျှင်ပညာစာရကို အမှု ၇ မှုဖြင့် စွဲချက်တင် (ဒီဗွီဘီ)
http://burmese.dvb.no/news.php?id=11834
သူ့အပေါ် စွဲဆိုထားတဲ့ ပုဒ်မတွေကတော့ ပုဒ်မ ၄၂၀ လိမ်လည်မှု၊ ပုဒ်မ ၂၉၅ (က)
ဘာသာသာသနာ ညှိုးနွမ်းစေမှု၊ ပုဒ်မ ၂၉၂ သာသနာ့နယ်မြေကို အခကြေးငွေဖြင့်
ငှားရမ်း အသုံးပြုမှု၊ တရားမ၀င် နိုင်ငံခြားငွေ ကိုင်ဆောင်မှု၊ ပုဒ်မ ၄၀၆
ယုံကြည်အပ်နှံသည့် ပစ္စည်းကို အလွဲသုံးစားမှု၊ ပုဒ်မ ၅၀၅ (ခ) နိုင်ငံတော်
တည်ငြိမ်ရေးကို ထိပါးနှောင့်ယှက်မှု၊ နိုင်ငံခြားငွေ လဲလှယ်ရေး အက်ဥပဒေ
၂၄-၁၊ စည်ပင်သာယာ အက်ဥပဒေ ၆၁ (ဂ)၊ စုစုပေါင်း ၇ မှုနဲ့ စွဲဆိုထားပါတယ်။
သူ့ကို အစိုးရက တရားလိုလုပ် စွဲဆိုတာလို့ ဆိုပါတယ်။
----------------------
အဲဒီ သတင်းနဲ့ ပတ်သက်တဲ့ ကွန်မင့်တစ်ခုကို AMP မှာ ဒီလိုတွေ့ရပါတယ်။
၁။ ဆရာတော်ပညာစာရကို နအဖ အစိုးရကိုယ်တိုင်က တရားလိုလုပ် တရားစွဲစော် -
၂။ ပုဒ်မ - ၅၀၅ (ခ)၊ နိုင်ငံတော်တည်ငြိမ်ရေးကို ထိပါးနှောင့်ယှက်မှု ဆိုရေ
ပုဒ်မ ပါဝင်စော်-
၃။ ကြေညာချက်ထုတ်ပြန်ရေ ရခိုင်အမျိုးသားတိုးတက်ရေးပါတီကို
ပါတီဖျက်သိမ်းသည်အထိ အရေးယူနိုင်ရေလို့ သတိပီးစော်-
၎။ ဒု-တိုင်းမှုးကိုယ်တိုင် စစ်ဆင်ရေး တစ်ရပ်ကို ဆင်နွှဲပြီးကေ
ကျောင်းတိုက်ကို သိမ်းပိုက်စော်-
၅။ ရခိုင်အမျိုးသား ဂုဏ်ဆောင် သမိုင်းဝင် အမျိုးသားယဉ်ကျေးမှု
အမွီအနှစ်ပစ္စည်းတိ ဖြစ်ကတ်တေ ရခိုင်ရာဇ၀င် ကျမ်းဂန်တိ၊
သမိုင်းမှတ်တမ်းတိ၊ ပေမူ၊ ပုရပိုက်မူတိ ကို သိမ်းပိုက်လားခစော်-
၆။ ရခိုင်သား အချေတိကို ပြောင်ပြောင်တင်းတင်း အခြား လူမျိုးအဖြစ်သို့
ပြောင်းလဲစော်-
ဒေအချက်တိကို ကြည့်ကေ...
ဘုန်းကြီးကို ဖမ်းစော်ရေ .. ရခိုင်သမိုင်းကို ဖျက်ဆီးစော်၊
လူမျိုးတစ်မျိုးကို အစုလိုက် အပြုံလိုက် လူမျိုးပြောင်းမှု (သုတ်သင်မှု)
လုပ်စော် ဖြစ်တေ ဆိုစော်.. ယှင်းနီပါဗျယ်။
နိုင်ငံတော် တည်ငြိမ်ရေးကို ထိပါးနှောင့်ယှက်မှု လို့ စစ်အစိုးရ၏ စွဲဆိုရေ
ပုဒ်မကို ကြည့်ကေပင်... ရခိုင်အမျိုးသားရေး လုပ်ဆောင်ချက် နန့်
နိုင်ငံရေး လုပ်ဆောင်ချက်တိကြောင့်.. ဒု-တိုင်းမှူးကိုယ်တိုင်
ရခိုင်ပြည်ကို ဖိနှိပ်ရေး၊ ရခိုင်ရာဇ၀င် သမိုင်းမှတ်တမ်းတိကို
ဖျက်ဆီးရေး၊ ရခိုင်လူမျိုး အုပ်စု တစ်စုကို အစုလိုက်အပြုံလိုက်
လူမျိုးပြောင်းရေး၊ စစ်ဆင်ရေးတစ်ရပ် ဆင်နွှဲလားခစော်ဆိုစော်
ထင်ရှားနီပါယင့်။
-----------------------------------
ယဉ်ကျေးမှု အမွေအနှစ်များကို သိမ်းပိုက်ခြင်း၊ ကလေးငယ်များအား ရပ်ဝေး
ပြောင်းရွှေ့ခြင်းများကို လက်ခံနိုင်ခြင်းမရှိကြောင်း၊ RNDP နှင့်
ကျောင်းသားအဖွဲ့ပြော (RFA)
http://rammawaddy.blogspot.com/2010/08/ven.html
အသျှင်ပညာစာရအား ဖမ်းဆီးပြီးနောက်ပိုင်း ဖြစ်ရပ်များနှင့် ပတ်သက်၍၊ RNDP
၏ သဘောထားနှင့် ရပ်တည်ချက်များ ဖြစ်သည့် ရခိုင်အမျိုးသားဂုဏ်ဆောင်
ယဉ်ကျေးမှု အမွေအနှစ် သမိုင်းဝင်ပစ္စည်းများ သိမ်းပိုက်သွားခြင်း နှင့်
ပတ်သက်၍ လည်းကောင်း၊ ကလေးငယ်များကို ရပ်ဝေး ပြောင်းရွှေ့ခြင်းနှင့်
ပတ်သက်၍ လည်းကောင်း၊ လက်ခံနိုင်ဖွယ် မရှိကြောင်း၊ RNDP အတွင်းရေးမှူး
ဦးခိုင်ပြည်စိုးက ပြောကြားလိုက်ပြီး၊ ၀ိဇ္ဇာပညာရပ်များအထူးပြု
ရခိုင်ကျောင်းသားများကလည်း ရခိုင်ယဉ်ကျေးမှု အမွေအနှစ် ပစ္စည်းများကို
စစ်တွေ ယဉ်ကျေးမှု ပြတိုက်နှင့် စာကြည့်တိုက်တွင် အများပြည်သူ လေ့လာဖတ်ရှု
နိုင်ရန် ထားရှိပေးဖို့ တောင်းဆိုကြောင်း၊ RFA (ရခိုင်အစီအစဉ်) နှင့်
အင်တာဗျူးတွင် ဖြေကြားချက်ကို RFA မှ ၁၅-၈-၂၀၁၀ အသံလွှင့်ချက်တွင်
ထုတ်လွှင့်သွားခဲ့သည်။
-------------------------------
အသျှင်ပညာစာရ အတ္တုပ္ပတ္တိ စာအုပ် ထုတ်ဝေ ဖြန့်ချီ (Freedom Burma)
http://www.freedomburma.org/2010/08/blog-post_13.html
အသျှင်ပညာစာရ (သို့မဟုတ်) လူမျိုးကြီးဝါဒီ စစ်အာဏာရှင်များကို
ခြိမ်းခြောက်သူ (သူ့ဘ၀၊ သူ့အကြောင်း၊ သူ့လုပ်ဆောင်ချက်များကို သူ၏
ရခိုင်ပြည်သူ ရခိုင်ပြည်သားများက စုပေါင်းဖော်ထုတ် ရေးသားသည်) စာအုပ်ကို
၂၀၁၀ ပြည့် သြဂုတ်လ ၁၄ ရက် ရခိုင်အမျိုးသား ခေါင်းဆောင်၊ သမိုင်းပညာရှင်
ပဏ္ဍိတ်ဆရာကြီး ဦးဦးသာထွန်းနေ့ အထိမ်းအမှတ်အဖြစ်၊ လေးဝတီ ရခိုင်တန်ဆောင်
သုတေသန၀ိုင်းက ထုတ်ဝေ ဖြန့်ချီလိုက်ကြောင်း သိရသည်။ အဆိုပါ စာအုပ်တွင်
စာမျက်နှာ ၈၈ မျက်နှာ ပါဝင်ပြီး၊ သမိုင်းသုတေသီ အသျှင်ပညာစာရ၏
ဘ၀တစ်စေ့တစ်စောင်း၊ စစ်အာဏာရှင် လက်ပါးစေများရဲ့ လူမဆန်တဲ့
စွပ်စွဲချက်များအပေါ် သုံးသပ်ချက်များ၊ ရခိုင်အဖွဲ့အစည်း အသီးသီးမှ
ကန့်ကွက်ကြောင်း ထုတ်ပြန်ကြေညာချက်များ၊ ဆရာတော်အတွက် ကဗျာကဏ္ဍ၊
ရခိုင်ပြည်သူလူထုမှ ဆရာတော်နှင့် ပတ်သက်၍ ရေးသားတင်ပြချက်များကို
စုံလင်စွာ ဖော်ပြထားသည်ကို တွေ့ရသည်။ အဆိုပါ စာအုပ်ကို အောက်ပါ
လင့်များတွင် download လုပ်ယူနိုင်ပါသည်။
၁။ Arakanese Community
http://www.arakanesecommunity.com/images/stories/pnsr%20booklet.pdf
၂။ လမ်းပြကြယ် http://www.lanpyakye.org/2010/08/blog-post_14.html
၃။ Freedom Burma http://www.freedomburma.org/2010/08/blog-post_13.html
၎။ Scribd http://www.scribd.com/doc/35843789/Pnsr-Booklet
----------------------------------
ဆရာတော် ဦးပညာစာရ ကိစ္စ ရခိုင်ပါတီကို ခေါ်ယူတွေ့ဆုံ (ယနေ့မြန်မာ)
http://burmatoday.net/news2005/2010/201008/100812_bty_bur_u_pyinnyarsara.swf
ဆရာတော် ဦးပညာစာရအား ဖမ်းဆီးပြီး နောက်ပိုင်းဖြစ်ရပ်များနဲ့ ပတ်သက်လို့
ရခိုင်တိုင်းရင်းသားများ တိုးတက်ရေးပါတီက သြဂုတ် ၁၀ ရက်မှာ သဘောထား
ထုတ်ပြန်ခဲ့ပါတယ်။ ထိုသဘောထားနဲ့ စပ်လျဉ်းပြီး စစ်အစိုးရ ဒေသတာဝန်ခံတွေက
ပါတီ ဥက္ကဌအား သြဂုတ်လ ၁၁ ရက်နေ့က ခေါ်ယူကာ ပြောဆို မေးမြန်းမှုတွေ
ပြုလုပ်ခဲ့ကြောင်း ယနေ့ မြန်မာက သတင်းရရှိပါတယ်။
ယနေ့ မြန်မာက သီးခြား မေးမြန်းချက်များအရ စစ်တွေမြို့ ဆရာတော်
ဦးပညာစာရအား မြန်မာ စစ်အာဏာပိုင်များက ဖမ်းဆီးခြင်း၊ ၁၉၈၀ ခန့်မှ စတင်ကာ
ဆရာတော် စုဆောင်းထားခဲ့တဲ့ ရှေးဟောင်းသမိုင်း ပေစာ၊ ကျမ်းစာ၊ ဒင်္ဂါးပြား
စသည်ဖြင့် စာပေနဲ့ သမိုင်းဆိုင်ရာ မှတ်တမ်းများအား မတရား သိမ်းယူခြင်း၊
မိဘမဲ့ ကလေးသူငယ်များအား စစ်တွေမြို့နဲ့ ဝေးရာသို့ ပို့ဆောင်ခြင်းများနဲ့
ပတ်သက်ပြီး၊ စစ်တွေမြို့ခံများ အပါအ၀င် မြန်မာတစ်နိုင်ငံလုံးနဲ့
နိုင်ငံတကာရှိ ရခိုင်အသိုင်းအ၀ိုင်းက မြန်မာ အာဏာပိုင်များအပေါ် အတော့်ကို
မကျေမနပ် ဖြစ်နေကြောင်း သိရပါတယ်။
---------------------------------------
ကြေညာချက်ပါသတင်းမှားပါက ပါတီဖျက်သိမ်းနိုင်သည်ဟု ကော်မရှင်က RNDP ကိုပြော (မဇ္ဈိမ)
http://www.mizzimaburmese.com/news/inside-burma/5857----rndp--.html
ပါတီဖျက်သိမ်းသည်အထိ အရေးယူခံရမည်ဟု ရခိုင်တိုင်းရင်းသားများ
တိုးတက်ရေးပါတီ RNDP ကို ရခိုင်ပြည်နယ် ရွေးကောက်ပွဲ ကော်မရှင်က
ယမန်နေ့တွင် သတိပေးလိုက်ကြောင်း RNDP အဆိုအရ သိရသည်။ ရခိုင်သမိုင်းသုတေသီ
အသျှင် ပညာစာရ ဖမ်းဆီးခံရမှုနှင့် ပတ်သက်၍ RNDP က ယခုလ ၉ ရက်နေ့တွင်
ကြေညာချက် ထုတ်ပြန်ခဲ့ပြီးနောက် ပြည်နယ်ရွေးကောက်ပွဲ ကော်မရှင် ဥက္ကဋ္ဌနှင့်
အတွင်းရေးမှူးက ခေါ်ယူသတိပေးကြောင်း သိရခြင်း ဖြစ်သည်။
------------------------------------
ရွေးကောက်ပွဲဥပဒေအမှတ် ၂/၂၀၁၀ ကို ချိုးဖောက်သည်ဟု RNDP ကို ကောက်မရှင်
စွပ်စွဲ (နိရဉ္စရာ)
http://www.narinjara.com/detailsbur.asp?id=2669
ရခိုင် တိုင်းရင်းသားများ တိုးတက်ရေး ပါတီ RNDP မှ အရှင်ပညာစာရ
ဖမ်းဆီးခံရခြင်းနှင့် ပတ်သက်ပြီး သဘောထား ထုတ်ပြန်သည့် အပြင် ပြည်ပ သတင်း
မီဒီယာများမှ ဆက်သွယ် မေးမြန်းမှုများကို လက်ခံ ဖြေဆိုခဲ့သည့် အတွက်
ရွေးကောက်ပွဲ ဥပဒေ အမှတ် ၂/၂၀၁၀ ကို ချိုးဖေါက်ရာ ရောက်ကြောင်း ပြည်နယ်
ရွေးကောက်ပွဲကော်မရှင်မှ RNDP ကို စွပ်စွဲ ပြောကြားခဲ့သည်ဟု သိရသည်။
----------------------------------------
အသျှင်ပညာစာရဖမ်းဆီးမှု ဆန့်ကျင်ကြောင်း ရခိုင်အမျိုးသမီးများ အစည်းအရုံး
ကြေညာချက် ထုတ်ပြန် (RWU)
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEi3H_UnGVIVtUx-lCEF3BmhCw71QDUfnb-Rb5sHDEmQoUyD7dXX7ZAQvypk24B89DJMA9KeXP79gfuycx_AxXtcv1D-o0XSB8jgpYNjmMICNw8iO1k3QPK8npD1HWyd6pk1Y9KCi92tMZkh/s1600/RWU1.jpg
ရခိုင်အမျိုးသမီးများ အစည်းအရုံး (Rakhaing Women Union)က ၁၂ သြဂုတ် ၂၀၁၀
နေ့စွဲဖြင့် ကြေညာချက် ထုတ်ပြန်ရာတွင်- ဆရာတော်အား မတော်မတရား
မာတုဂါမနှင့် စွပ်စွဲခြင်းမှာ လူမှုရေး၊ ဘာသာရေးအတွက် အကျိုးပြုနေသော
ရဟန်းတော်တစ်ပါးကို အပြစ်ရှာရေးအတွက် မာတုဂါမ (အမျိုးသမီး)ကို
ထည့်သွင်းအသုံးချခြင်း ဖြစ်သည်ဟုသာ ခံယူကြောင်း၊ တစ်နည်းအားဖြင့်
ဘာသာရေးနှင့် အမျိုးသမီးထုကို စော်ကားလိုက်ခြင်း ဖြစ်ကြောင်း၊
ရွှေဝါရောင်တော်လှန်ရေး တုန်းကလည်း ရဟန်းတော်များကို ဤသို့
စွပ်စွဲဖူးခဲ့သည့် သာဓကများ ရှိခဲ့ကြောင်း ဖော်ပြပါရှိသည်။
--------------------------------------
အသျှင်ပညာစာရ statement ထုတ်ပြန်သည့်အတွက် RNDP သတိပေးခြင်း ခံရ (ဒီဗွီဘီ)
http://burmese.dvb.no/news.php?id=11804
ရခိုင်တိုင်းရင်းသားများ တိုးတက်ရေးပါတီ RNDP က အသျှင်ပညာစာရ နှင့်
ပတ်သက်သော သဘောထား အမြင်ကို ထုတ်ပြန်ပြီးနောက် ပြည်နယ် ရွေးကောက်ပွဲ
ကော်မရှင်က ခေါ်ယူ သတိပေးခဲ့ကြောင်း ပါတီ ဥက္ကဌ ဒေါက်တာ အေးမောင်က
ပြောကြားသည်။
---------------------------------
အသျှင်ပညာစာရကိစ္စ ကမ္ဘာ့ရခိုင်အသင်းကြီး (WAO)က Teleconference ကျင်းပမည် (WAO)
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiQzIA9cmYMmv3RvU-K8KaoA9U43J3NZkuR2E-1YPP9_yvB-jtuAqNgHQs-8j78NkUW-Qq5qiN5_E5PNc038VkWoa5jqgHXerifR0cm6Y50S9R3pTxQdawyEaRC2OVXQsHHPi1QGekGOD16/s1600/wao+teleconf+pnsr.png
ရခိုင်ပြည်ရေဘေး ကိစ္စ၊ ရခိုင်သမိုင်းဝင် ယဉ်ကျေးမှု အမွေအနှစ်များ
သိမ်းပိုက်ခြင်း ကိစ္စ၊ လူဝတ်လဲ ခံရသည့် သမိုင်းသုတေသီ အသျှင်ပညာစာရ
ကိစ္စများနှင့် ပတ်သက်၍ ကမ္ဘာ့ရခိုင်အသင်းကြီး (ခေါ်) နိုင်ငံတကာ
ရခိုင်အမျိုးသား အသင်း (World Arakanese Organization)က ကြီးမှူး၍
ကမ္ဘာတစ်လွှား ဆက်သွယ် ဆွေးနွေးမည့် Teleconference တစ်ရပ်ကို လာမည့်
သြဂုတ်လ ၂၁ ရက်နေ့ တွင် ကျင်းပသွားမည် ဖြစ်ကြောင်း WAO မှ ယနေ့ ၁၂-၈-၂၀၁၀
တွင် ထုတ်ပြန်ကြေညာသည်။
**Ye Min Tun**
**(မီဒီယာ ပေါင်းစုံမှ သတင်းများ စုစည်း တင်ပြချက် ဖြစ်ပါသည်)**

No comments:
Post a Comment