အရပ်မူးသမားတစ်ဦးကို လင်လုပ်နေရသော အမျိုးသမီးတစ်ဦးအား ဘုန်းတော်ကြီးက အကြံကောင်းပေးနေသည်မှာ-
`နောက်တစ်ကြိမ် ဒီကောင်မူးပြီးပြန်လာရင် နင်က အ၀တ်ဖြူကြီးခြုံပြီး `ငါသရဲဟေ့´လို့ တအားအော်ပြီး ခြောက်လိုက်၊ ကြားလား´ဟု အကြံပေးလိုက်၏။
ထိုည သန်းခေါင်ကျော်မှာ လင်အမူးသမား အိမ်ပြန်လာ၏။ ထိုအခါ အသင့်စောင့်နေသူ မိန်းမက အ၀တ်ဖြူကြီး ခြုံပြီး `ငါသရဲဟေ့´ဟု အကျယ်ကြီးအော်ခြောက်၏။
ထိုအခါ အမူးသမားက-
`ဟား… ဟား… ရှိတ်ဟ၊ ရှိတ်ဟ၊ ဟင်း… မင်းနှမကို ငါယူထားတာ သရဲရ၊ တွေ့ချင်နေတာ အတော်ပဲ´ဟု အားရပါးရရယ်၍ ပြောလိုက်တော့သည် ဆို၏။
** စိန်ငှက်ရိုး **
(အရက်သမား လောက ဟာသများမှ)
**(အရက်သမား လောက ဟာသများ)**

No comments:
Post a Comment