(တီဟီရန်၊ စက်တင်ဘာလ ၁၂-ရက်)
အီရန်နိုင်ငံက ၂၀၀၉ ခုနှစ် ဇူလိုင်လတွင် ဖမ်းဆီးခဲ့သော အမေရိကန်တောင်တက်သမားသုံးဦးအနက် တစ်ဦးကို ပြန်လွှတ်ပေးခြင်းသည် အီရန်သိပ္ပံပညာရှင် ရှာရယ်အမ်မရီ၏ ပြဿနာနှင့် သက်ဆိုင်ခြင်းမရှိကြောင်း အီရန်တရားသူကြီးတစ်ဦးက စက်တင်ဘာလ ၁၂-ရက်တွင် ပြောကြားသည်။ အီရန်နိုင်ငံသည် ကျန်းမာရေးပြဿနာနှင့် ရင်ဆိုင်နေရသော အမေရိကန်နိုင်ငံသူ ဆာရာရှရောက်ကို အမေရိကန်ဒေါ်လာ ၅၀၀၀၀၀ အာမခံဖြင့် ပြန်လွှတ်ပေးရန် အဆင်သင့်ဖြစ်နေပြီဖြစ်ကြောင်း တနင်္ဂနွေနေ့က ကျင်းပသော သတင်းစာရှင်းလင်းပွဲတစ်ခုတွင် ၄င်းက ပြောကြားသည်။ ဆာရာရှရောက်ကို ပြန်လွှတ်ခြင်းသည် လွန်ခဲ့သော နှစ်က ဆော်ဒီအာရေဗျတွင် ပျောက်ဆုံး၍ အမေရိကန်နိုင်ငံမှ အီရန်သို့ပြန်လည်ရောက်ရှိလာသည့် အီရန်ညူကလီးယားသိပ္ပံပညာရှင် အမ်မရီနှင့် ဆက်နွှယ်မှုမရှိဘဲ အီရန်တရားဥပဒေအရသာ ဆုံးဖြတ်ခြင်ဖြစ်သည်ဟု ဆိုသည်။ ဆာရာရှရောက်အပါအ၀င် အမေရိကန်နိုင်ငံသားသုံးဦးကို အီရန်နိုင်ငံတွင်းသို့ တရားမ၀င်ခိုးဝင်မှုဖြင့် ၂၀၀၉ ခုနှစ်ဇူလိုင်လ ၃၁ ရက်နေ့က ဖမ်းဆီးခဲ့ခြင်းဖြစ်သည်။ (ဆင်ဟွာ)
** အမှိုက်အိတ်အတွင်း မွေးကင်းစကလေးငယ် မနီလာမြို့လေဆိပ်၌ တွေ့ရှိ **
(မနီလာ၊ စက်တင်ဘာလ ၁၂-ရက်)
ဖိလစ်ပိုင်နိုင်ငံ မနီလာမြို့ နစ်နွိုင်အကွီနိုနိုင်ငံတကာလေဆိပ်၌ အမှိုက်အိတ်တစ်လုံးအတွင်း ထည့်သွင်းထားသော မွေးကင်းစကလေးတစ်ဦးကို လေဆိပ်အာဏာပိုင်များက တွေ့ရှိခဲ့ကြောင်း စက်တင်ဘာလ ၁၂-ရက်နေ့ သတင်းများတွင် ဖော်ပြသည်။ (အင်တာနက်)
** အီရတ် ရုပ်မြင်သံကြားသတင်းထောက်အား သေနတ်သမားများ ပစ်သတ်ခဲ့ပြန် **
(ဘဂ္ဂဒက်၊ စက်တင်ဘာလ ၁၂-ရက်)
အီရတ်နိုင်ငံ ဘဂ္ဂဒတ်မြို့တော်အတွင်း စက်တင်ဘာလ ၁၁-ရက်နေ့က တိုက်ခိုက်မှုနှစ်ခုတွင် အရပ်သား လေးဦးသေဆုံးခဲ့ကြောင်းနှင့် မိုဆူးလ်မြို့၌လည်း သေနတ်သမားများက အီရတ်ရုပ်မြင်သံကြားသတင်းထောက် ဆာဖာအဗ္ဗဒူဟာမစ်အား ပစ်သတ်လိုက်ကြောင်း တာဝန်ရှိသူများက ပြောကြားသည်။ (အင်တာနက်)
** စုစည်းဘာသာပြန်-မောင်ငြိမ်း **
** ဒေါ်လာ ၅၀၀၀၀၀ တန် အာမခံဖြင့် အမေရိကန်နိုင်ငံသားတစ်ဦး အီရန်ပြန်လွှတ်မည် **

No comments:
Post a Comment