(၁)
ထမင်းစားပြီးစ
တောင်စွယ်မှာ နေကွယ်စ
ဆောင်းတံခါးဝဟာ
တိမ်ဖြူခဲကြီးတွေနဲ့လှပ။
(၂)
ညနေရဲ့ မြူဆွယ်မှုထဲမှာ
သမီးက ကျွံကျ
`ပါ့ပါ လမ်းလျှောက်မယ်လေ´တဲ့။
(၃)
ဒီဘဝ
ဒီအခြေအနေမှာ
သမီးလေးကို အလိုလိုက်သင့်တာပေါ့။
(၄)
လာ
တလှမ်း၊ နှစ်လှမ်း
ဆယ်ဂဏန်းကျော်သောအခါ
နောက်ပြန်လျှောက် လှည့်လာ
မြေပြင်သဘာဝက
ဒီမျှသာ ခွင့်ပြုတဲ့နေရာပ။
(၅)
`ပုံစံ´မထိုင်ခင်ညနေ
အစာကြေလေ့ကျင့်ခန်း
တိုက်ခန်းကျဉ်းထဲ ထောင်ဖြတ်လျှောက်က
ဟိုတခါက ညနေဘဝ
ပြန်သတိရသွားတယ်။
(၆)
ဟိုစဉ်က
ရန်သူရဲ့ သုံ့ပန်းဘဝ
စစ်ဘုရင်တွေရဲ့ လက်စားခြေခံဘဝ
ဟိုစဉ်က။
(၇)
ခုက…
(၈)
`အနှစ်သာရ´ကိုသာ
ဒီညနေမှာ
အခါခါ စဉ်းစားနေမိတော့တယ်။
** ထက်မိုး **
(၂၀ အောက်တိုဘာ ၂၀၀၀၊ ဟွေကျုံးစခန်း)
(ကိုထက်မိုး၏ ပြန်ကျမိုးများမှ)
**(ကိုထက်မိုး၏ ပြန်ကျမိုးများ)**
(၁)
ထမင်းစားပြီးစ
တောင်စွယ်မှာ နေကွယ်စ
ဆောင်းတံခါးဝဟာ
တိမ်ဖြူခဲကြီးတွေနဲ့လှပ။
(၂)
ညနေရဲ့ မြူဆွယ်မှုထဲမှာ
သမီးက ကျွံကျ
`ပါ့ပါ လမ်းလျှောက်မယ်လေ´တဲ့။
(၃)
ဒီဘဝ
ဒီအခြေအနေမှာ
သမီးလေးကို အလိုလိုက်သင့်တာပေါ့။
(၄)
လာ
တလှမ်း၊ နှစ်လှမ်း
ဆယ်ဂဏန်းကျော်သောအခါ
နောက်ပြန်လျှောက် လှည့်လာ
မြေပြင်သဘာဝက
ဒီမျှသာ ခွင့်ပြုတဲ့နေရာပ။
(၅)
`ပုံစံ´မထိုင်ခင်ညနေ
အစာကြေလေ့ကျင့်ခန်း
တိုက်ခန်းကျဉ်းထဲ ထောင်ဖြတ်လျှောက်က
ဟိုတခါက ညနေဘဝ
ပြန်သတိရသွားတယ်။
(၆)
ဟိုစဉ်က
ရန်သူရဲ့ သုံ့ပန်းဘဝ
စစ်ဘုရင်တွေရဲ့ လက်စားခြေခံဘဝ
ဟိုစဉ်က။
(၇)
ခုက…
(၈)
`အနှစ်သာရ´ကိုသာ
ဒီညနေမှာ
အခါခါ စဉ်းစားနေမိတော့တယ်။
** ထက်မိုး **
(၂၀ အောက်တိုဘာ ၂၀၀၀၊ ဟွေကျုံးစခန်း)
(ကိုထက်မိုး၏ ပြန်ကျမိုးများမှ)


No comments:
Post a Comment