နာဆာစီစဉ်နေ **
(နာဆာ၊ စက်တင်ဘာလ ၁၈-ရက်)
နာဆာသိပ္ပံပညာရှင်အဖွဲ့က ၂၀၁၁ ခုနှစ်နှောင်းပိုင်းတွင် အင်္ဂါဂြိုဟ်ပေါ်သို့ စက်ရုပ်စူးစမ်းလေ့လာရေး အာကာသယာဉ် လွှတ်တင်သွားနိုင်ရန် ကူရီရော့စတီးအမည်ရှိ စက်ရုပ်အာကာသယာဉ် တည်ဆောက်နေကြောင်း ၄င်းအဖွဲ့က စက်တင်ဘာလ ၁၆-ရက်နေ့တွင် ထုတ်ဖော်ပြောကြားသည်။ အဆိုပါ သိပ္ပံပညာရှင်အဖွဲ့သည် ယခုအခါ အမေရိကန် ကယ်လီဖိုးနီးယားပြည်နယ် ပါဆာဒီးနားဒေသရှိ ဓာတ်ခွဲခန်း၌ ကူရီရော့စတီးအမည်ရှိ စက်ရုပ်အာကာသယာဉ်ကို တည်ဆောက်နေစဉ် စမ်းသပ်မှုများ ပြုလုပ်လျက်ရှိသည်။ ၄င်းအာကာသယာဉ်သည် ၂၀၁၂ ခုနှစ် သြဂုတ်လတွင် အင်္ဂါဂြိုဟ်နှင့် စပ်လျဉ်းသည့် သိပ္ပံဆိုင်ရာ သုတေသနများပြုလုပ်ရန် စီစဉ်ထားကြောင်း နာဆာအဖွဲ့က ပြောကြားသည်။ (အင်တာနက်)
** ပီရူးနိုင်ငံ လူယာပြည်နယ်အတွင်း ရှေးဟောင်းအဆောက်အအုံများတွေ့ရှိ **
(လီမာ၊ စင်တင်ဘာလ ၁၈-ရက်)
ပီရူးနိုင်ငံ လူယာပြည်နယ်တွင်း ရှေးခေတ်လူသားများ နေထိုင်ခဲ့ကြသည့် နယ်မြေတစ်ခုကို ဒေသခံဓာတ်ပုံသမားတစ်ဦါ်က စက်တင်ဘာလ ၁၆-ရက်နေ့၌ ရှာဖွေတွေ့ရှိခဲ့ကြောင်း ပီရူးမီဒီယာများက ဖော်ပြသည်။ လူယာပြည်နယ် အက်တမ်ပူစီရိုတောင်ကုန်းပေါ်တွင် ၄င်းနေရာကို ရှာဖွေတွေ့ရှိခဲ့ခြင်းဖြစ်သည်။ ယင်းနေရာတွင် စက်ဝိုင်းပုံတည်ဆောက်ထားသော နေအိမ်များနှင့် မြင့်မားသည့် အုတ်တံတိုင်းများကို တွေ့ရှိရသည်။ စက်ဝိုင်းပုံတည်ဆောက်ထားသည့် အိမ်များမှာ ၁၅၀-ခန့်ရှိကြောင်း သိရသည်။ ၄င်းရှေကဟောင်းအဆောက်အအုံများရှိသည့် နယ်မြေသည် အပ်ကူဘမ်ဘာဖြစ်၏ အနောက်ဘက်အခြမ်းတွင် တည်ရှိပြီး ဧရိယာအကျယ်အ၀န်းမှာ နှစ်ဟက်တာကျော်ရှိသည်။ တွေ့ရှိရသည့် နေအိမ်အဆောက်အအုံလက်ရာများမှာ ကျောက်ဆုံးများဖြင့် တည်ဆောက်ထားသည့် စက်ဝိုင်းပုံသဏ္ဍာန် ဒီဇိုင်းများဖြစ်သည်။ နေအိမ်တိုင်းတွင် ဂလိုင်ပေါက်ကဲ့သို့ ပြုလုပ်ထားသော ပြတင်းပေါက်များ အရေးပေါ်ထွက်ပေါက်များနှင့် ကျောက်တန်းများပါရှိသည်။ ထိုပြင် လှေကားထစ်များပါရှိသည့် ပွဲကြည့်စင်ကဲ့သို့ နေရာများ၊ အရှည်ပေ ၁၅-နှင့် အမြင့်ကိုးပေးခန့်ရှိသော တံတိုင်းများကို တွေ့ရှိရသည်။ နေအိမ်အဆောက်အအုံအားလုံးသည် ဒီဇိုင်းပုံစံတူများဖြစ်သည်ဟု ပီရူးမီဒီယာများက ဖော်ပြထားသည်။ (အင်တာနက်)
** ကားလ်ဟာရီကိန်းမုန်တိုင်း မက္ကဆီကိုသို့ ၀င်ရောက်မွှေနှောက် **
(ဗီရာခရုဇ်(မက္ကဆီကို) စက်တင်ဘာလ ၁၈-ရက်)
ကားလ်ဟာရီကိန်းမုန်တိုင်းသည် မက္ကဆီကိုဗဟိုပင်လယ်ကွေ့သို့ စက်တင်ဘာလ ၁၇-ရက်နေ့က ၀င်ရောက်ခဲ့သဖြင့် မြေပြိုင်ကာ လူနှစ်ဦး သေဆုံးသွားကြောင်း ရိုက်တာသတင်းတွင် ဖော်ပြသည်။ ၄င်းမုန်တိုင်းဒဏ်ကြောင့် ဗီရာခရုဇ်ဆိပ်ကမ်းတွင် သစ်ပင်ကြီးများ လဲပြိုပြီး လမ်းများပေါ်၌ ရေလွမ်းခြင်းများ ဖြစ်ပေါ်ခဲ့သည်။ ယင်းမုန်တိုင်းသည် အားပျော့သွားသော်လည်း ကုန်းတွင်းပိုင်း၌ တစ်နာရီ ၃၅-မိုင်နှုန်း တိုက်ခတ်လျက်ရှိကြောင်း အမေရိကန်ဟာရီကိန်းဌာနက ကြေညာသည်။ (ရိုက်တာ)
** လမျက်နှာပြင်ပေါ်တွင် အောက်ဆီဂျင်နှင့် ဆီလီကွန်တို့ တွေ့ရှိ **
(နယူးယောက်၊ စက်တင်ဘာလ ၁၈-ရက်)
ကမ္ဘာသည် ယခင်သိပ္ပံပညာရှင်တို့ ယူဆထင်မြင်ထားသည်ထက် ဘူမိဗေဒနည်းအရ အလွန်ရှုပ်ထွေးသည့် အစိတ်အပိုင်းများ ပါဝင်နေကြောင်း စက်တင်ဘာလ ၁၇-ရက်နေ့ထုတ် သိပ္ပံဂျာနယ်တစ်စောင်တွင် ဖော်ပြသည်။ နာဆာမှ လွှတ်တင်ထားသော လကမ္ဘာစူးစမ်းလေ့လာရေး အာကာသယာဉ်မှရခဲ့သော အချက်အလက်များအရ လကမ္ဘာပေါ်တွင် အောက်ဆီဂျင်နှင့် ဆီလီကွန်တို့ ပါဝင်နေကြောင်း၊ လစူးစမ်းလေ့လာရေးအာကာသယာဉ်သည် ၄င်းအချက်အလက်များကို လမျက်နှာပြင်အထက် ၃၁-မိုင်အကွာမှ လှည့်လည် စူးစမ်းလေ့လာခဲ့ခြင်းဖြစ်ကြောင်း ဆိုပါ ဂျာနယ်၌ ဖော်ပြသည်။ (အင်တာနက်)
** စုစည်းဘာသာပြန်-မောင်မောင်မြင့်ဆွေ
** ကူရီရော့စတီးအမည်ရှိ စက်ရုပ်အာကာသယာဉ်အင်္ဂါဂြိုဟ်သို့ စေလွှတ်ရန်

No comments:
Post a Comment