အိမ်မွေးခွေးတစ်ကောင်နှင့် ပတ်သက်၍ အိမ်နီးချင်းတစ်ဦးနှင့် အငြင်းပွားနေခြင်းကို ဖျန်ဖြေပေးရန်အတွက် ရောက်ရှိလာသောရဲ များကို ကိုက်လည်းကိုက်သည့်အပြင် ကန်လည်းကန်ခြင်းကြောင့် အသက် (၈၂)နှစ်အရွယ် အဘိုးအိုတစ်ဦးအား ရဲက ဖမ်းဆီး၍ ရဲစခန်းသို့ ခေါ်ဆောင်သွားပြီးနောက် စစ်ဆေးကာ ပြန်လည်လွှတ်ပေးလိုက်သည့်ဖြစ်ရပ်တစ်ခု ဒတ်ခ်ျအလယ်ပိုင်းရှိ နစ်ကတ်မည်ရှိ ကျေးရွာ၌ ဖြစ်ပွားခဲ့သည်။ (အင်တာနက်)
** ကမ္ဘာ့အပုဆုံးလူသားအရပ် ၂၇ လက်မသာရှိ **
(ဘိုဂိုတာ၊ စက်တင်ဘာ ၆)
အရပ်အမြင့် စင်တီမီတာ ၇၀(၂၇ လက်မ)ရှိသော ကိုလံဘီယာလူမျိုးအမျိုးသားတစ်ဦးကို သက်ရှိထင်ရှား ကမ္ဘာ့အပုဆုံးလူသားအဖြစ် ဂင်းနက်စ်ကမ္ဘာ့မှတ်တမ်း စာအုပ်က မှတ်တမ်းတင်လိုက်ပြီဖြစ်သည်။ အသက် (၂၄)နှစ် အရွယ်ရှိ အက်ဒွပ်နီနိုဟာနန်ဒက်ဇ်မှာ ကိုယ်အလေးချိန်အားဖြင့် ၁၀ ကီလိုဂရမ် (၂၂ ပေါင်)သာရှိသည်။ သူသည် အသက်နှစ်နှစ်အရွယ်ကတည်းက ဆက်လက်ကြီးထွားခြင်း မရှိတော့ကြောင်း မိခင်ဖြစ်သူက ပြောသည်။ မိမိသည် သူများနှင့်မတူဘဲ ထူးခြားသူဖြစ်၍ ပျော်ရွှင်မိပါကြောင်း ဟာနန်ဒက်ဇ်က သတင်းထောက်များအား ပြောကြားသည်။ ၄င်းသည် အချိန်ပိုင်းအကသမားအလုပ်ဖြင့် အသက်မွေးဝမ်းကျောင်း ပြုနေသူဖြစ်သည်။ (အေပီ)
** ၀မ်းရောဂါကြောင့် ကင်မရွန်း၌ လူ ၃၀၀-ကျော် သေဆုံး **
(ဒိုအာလာ၊ စက်တင်ဘာ ၆)
အာဖရိကတိုက်အနောက်ပိုင်းရှိ ကင်မရွန်းနိုင်ငံတွင် ၀မ်းရောဂါကြောင့် လူ ၃၀၀-ကျော် သေဆုံးခဲ့သည်ဟု ကုလသမဂ္ဂ ကလေးများရန်ပုံငွေအဖွဲ့ (ယူနီဆက်)က ပြောကြားကြောင်း စက်တင်ဘာလ ၆-ရက်နေ့ သတင်းများတွင် ဖော်ပြသည်။ ကင်မရွန်းနိုင်ငံ၏ နှစ် ၂၀ အတွင်း အဆိုးရွားဆုံး ၀မ်းရောဂါ ကူးစက်ပျံ့နှံ့မှုဖြစ်ကြောင်း သိရသည်။ (အင်တာနက်)
အေပီ)
**ချီလီမိုင်းလုပ်သားများ ပိတ်မိမှု တစ်လပြည့် **
ချီလီနိုင်ငံတွင် မြေအောက်မိုင်းတွင် ပြိုကျမှုကြောင့် သြဂုတ်လ ၅-ရက်နေ့ကတည်းက ပိတ်မိနေသည့် မိုင်းတွင်းလုပ်သား ၃၃-ဦး၏ မိသားစုများက တစ်လပြည့်အထိမ်းအမှတ်အဖြစ် မိုင်းတွင်းပြိုကျခဲ့သည့် ခန့်မှန်းအချိန်တွင် ဟွန်းများ ၀ီစီများကို မှုတ်ခဲ့ကြပြီး မိုင်းတွင်းလုပ်သားတစ်ဦးစီအတွက် အလံတစ်ခုစီ စိုက်ထူခဲ့ကြသည်။ (အင်တာနက်)
** သြစတြေးလျတွင် ရေလွှမ်းမိုးမှုဖြစ် **
သြစတြေးလျနိုင်ငံတောင်ပိုင်း ဗစ်တိုးရီးယားပြည်နယ်၌ ရေလွှမ်းမိုးမှုများ ဖြစ်ပွားလျက်ရှိရာ ၁၅-နှစ်တာကာလအတွင်းအဆိုးရွားဆုံး ရေဘေးနှင့် ရင်ဆိုင်နေရသည်။ လူနေအိမ် ၂၅၀-ခန့်ကို အရေးပေါ် ရွှေ့ပြောင်းပေးခဲ့ရပြီး ဗစ်တိုးရီးယားပြည်နယ် အရှေ့တောင်ဘက်နှင့် အနောက်ဘက်တွင် ရေဘေးအန္တရာယ် သတိပေးချက် ထုတ်ပြန်ထားသည်။ (အင်တာနက်)
** စုစည်းဘာသာပြန်- မောင်ငြိမ်း **
** ခွေးကိစ္စ စိတ်တိုနေသည့် အဘိုးအိုက ရဲကိုကိုက် **

No comments:
Post a Comment