
**ငါဟာ...
ပျော်ရွှင်ခြင်းတွေချထားပြီး
ယုံကြည်ရာဆီပြေးနေသူ..
**ငါဟာ
ပေါက်ကွဲလွယ်တဲ့မီးတောင်တခုဖြစ်သလို
ငြိမ်သက်ပြီးဥပက္ခာပြုတတ်သူလဲဖြစ်တယ်..
**ငါဟာ..
စာနာနားလည်တတ်သူတယောက်ဖြစ်သလို
မုန်တိုင်းတခုလိုအရွယ်အစားမရွေး
တုန့် ပြန်ဝါးမြိုတတ်သူဖြစ်တယ်..
**ငါဟာ..
သူရဲကောင်းကောင်းမဟုတ်သလို
ယုတ်မာကောက်ကျစ်သူလဲမဟုတ..်
**ငါဟာ..
သတ္တိကောင်းသူတယောက်မဟုတ်ပေမယ့်
မိုက်ကန်းကန်းတော့လုပ်တတ်တယ်..
**ငါဟာ..
သံစဉ်တွေကြားမှာမျောနေသူမဟုတ်
သီဟိုရီတွေကိုစမ်းသပ်နေတတ်သူ...
**ငါဟာ..
ခံစားကြေကွဲတတ်ပေမယ့်
သင့်တော်ရာဆီကိုဘဲလျှောက်တယ်...
**ငါဟာ..
အမိတိုင်းပြည်အတွက်
ပင်ပန်းစွာရုန်းကန်ရင်း
ပျိုရွယ်ချင်းတွေကိုစတေးနေဆဲ
ကယ်တင်းဖို့ ကြိုးစားရင်း
ကိုယ်တိုင်နှစ်မြှပ်မြှပ်ဖြစ်နေတယ်...
**ဒါပေမယ့်
ညှိမတဲ့ ကာရံတွေကြားမှာ
စိတ်ပျက်ခြင်းတွေကိုခေါက်သိမ်းပြီး
တေးတပုဒ်ဖြစ်ဖြစ်..မဖြစ်ဖြစ်
ငါကတော့..ရေးခြစ်နေ ဦးမယ်
ကျောမှာတော့ဒဏ်ရာဗလပွနဲ့ ပေါ့...........။
** ဂျက်ထွေး**
**ငါဟာ...
ပျော်ရွှင်ခြင်းတွေချထားပြီး
ယုံကြည်ရာဆီပြေးနေသူ..
**ငါဟာ
ပေါက်ကွဲလွယ်တဲ့မီးတောင်တခုဖြစ်သလို
ငြိမ်သက်ပြီးဥပက္ခာပြုတတ်သူလဲဖြစ်တယ်..
**ငါဟာ..
စာနာနားလည်တတ်သူတယောက်ဖြစ်သလို
မုန်တိုင်းတခုလိုအရွယ်အစားမရွေး
တုန့် ပြန်ဝါးမြိုတတ်သူဖြစ်တယ်..
**ငါဟာ..
သူရဲကောင်းကောင်းမဟုတ်သလို
ယုတ်မာကောက်ကျစ်သူလဲမဟုတ..်
**ငါဟာ..
သတ္တိကောင်းသူတယောက်မဟုတ်ပေမယ့်
မိုက်ကန်းကန်းတော့လုပ်တတ်တယ်..
**ငါဟာ..
သံစဉ်တွေကြားမှာမျောနေသူမဟုတ်
သီဟိုရီတွေကိုစမ်းသပ်နေတတ်သူ...
**ငါဟာ..
ခံစားကြေကွဲတတ်ပေမယ့်
သင့်တော်ရာဆီကိုဘဲလျှောက်တယ်...
**ငါဟာ..
အမိတိုင်းပြည်အတွက်
ပင်ပန်းစွာရုန်းကန်ရင်း
ပျိုရွယ်ချင်းတွေကိုစတေးနေဆဲ
ကယ်တင်းဖို့ ကြိုးစားရင်း
ကိုယ်တိုင်နှစ်မြှပ်မြှပ်ဖြစ်နေတယ်...
**ဒါပေမယ့်
ညှိမတဲ့ ကာရံတွေကြားမှာ
စိတ်ပျက်ခြင်းတွေကိုခေါက်သိမ်းပြီး
တေးတပုဒ်ဖြစ်ဖြစ်..မဖြစ်ဖြစ်
ငါကတော့..ရေးခြစ်နေ ဦးမယ်
ကျောမှာတော့ဒဏ်ရာဗလပွနဲ့ ပေါ့...........။
** ဂျက်ထွေး**
No comments:
Post a Comment