(ဂန်ဂျူဝါ၊ စက်တင်ဘာလ ၁၁-ရက်)
နိုင်ဂျီးရီးယားအစိုးရသည် နှစ်လအတွင်း လူ ၈၀၀ နီးပါးသေဆုံးခဲ့ရသည့် ၀မ်းရောဂါကူးစက်ပျံ့ပွားမှုကို ကာကွယ်နိုင်ရန် ကြိုးစားနေရကြောင်း စက်တင်ဘာလ ၁၁-ရက်နေ့ သတင်းများတွင် ဖော်ပြသည်။ ခွဲစိတ်ခန်းသုံး မျက်နှာဖုံးများ ၀တ်ဆင်ထားသော ကျန်းမာရေးဝန်ထမ်းများက လမ်းတကာလှည့်၍ ဗက်တီးရီးယားတိုက်ဖျက်ရေးအတွက် ဆေးများဖျန်းပေးနေရကြောင်း သိရသည်။ (အင်တာနက်)
** ယံမုံမြစ် မြစ်ရေကြီးမှုကြောင့် နယူးဒေလီ၌ ဒေသခံများကို ရွှေ့ပြောင်းပေး **
(နယူးဒေလီ၊ စက်တင်ဘာလ ၁၁-ရက်)
အိန္ဒိယနိုင်ငံမြို့တော် နယူးဒေလီ၌ ယမုံနာဖြစ် မြစ်ရေကြီးမှုကြောင့် ရေလွှမ်းမိုးမှုအန္တရာယ်ဖြစ်ပေါ်လျက်ရှိရာ ဒေသခံ လူထောင်ပေါင်းများစွာကို ဘေးလွတ်ရာသို့ ရွှေ့ပြောင်းပေးလိုက်ရကြောင်း အာဏာပိုင်များက ယနေ့ပြောကြားသည်။ (ဆင်ဟွာ)
** အင်အားအသင့်အတင့်ငလျင် အင်ဒိုနီးရှားတွင် လှုပ် **
(ဂျကာတာ၊ စက်တင်ဘာလ ၁၁-ရက်)
ပြင်းအား ရစ်ခ်ျတာစကေး ၅ ဒသမ ၉ ရှိသော ငလျင်တစ်ခု အင်ဒိုနီးရှားနိုင်ငံ ပါပူဝါဒေသ၌ ယနေ့လှုပ်ခတ်သွားကြောင်း မိုးလေ၀သနှင့် ဘူမိရူပအေဂျင်စီက သတင်းထုတ်ပြန်သည်။ ငလျင်သည် ဒေသစံတော်ချိန် မွန်းလွဲ ၂ နာရှိ ၁၂ မိနစ်တွင် လာဘူဟာမြို့၏ အရှေ့တောင်ဘက် ၁၉၈ ကီလိုမီတာ (၁၂၃ မိုင်)အကွာတွင် ဗဟိုပြုလျက် မြေအောက်အနက် ၁၀ ကီလိုမီတာတွင် လှုပ်ရှားခဲ့ခြင်းဖြစ်ကြောင်း အေဂျင်စီ၏ သတင်းတွင် ဖော်ပြထားသည်။ (ဆင်ဟွာ)
** စုစည်းဘာသာပြန်- မောင်ငြိမ်း **
** အနောက်အာဖရိကနိုင်ငံများတွင် ၀မ်းရောဂါကူးစက်ပျံ့နှံ့လျက်ရှိ **

No comments:
Post a Comment