ရဲခေါင်ပြောက်ကျား ချေဂွေဗားရား ကျဆုံးခဲ့ရသော ၁၉၆၇ ခုနှစ် အောက်တိုဘာလ ၉ ရက်နေ့ကို ဂုဏ်ပြုသောအားဖြင့် ၂၀၀၈ ခုနှစ်၊ အောက်တိုဘာ ၉ ရက်နေ့မှစ၍ အဖိနှိပ်ခံမြန်မာပြည်သားများအတွက် ရည်ရွယ်လျက် မြန်မာပြည်သားဘလော့ဂ်ကို အမှတ်တရ တင်ဆက်လိုက်ပါသည်။ ** ခွန်အားမျှဝေ... တို့တတွေသည်... မလွဲမသွေ ပြည်သူတွေအတွက်... **

Monday, September 13, 2010

အားလုံး သပိတ်မှောက်ကြရလိမ့်မည်

> အမှိုက်စုတ်တွေကို ထည့်ပြီးအသုံးပြုရန်အတွက်သာ လူတွေအလိုရှိသည့် နအဖစစ်အစိုးရ၏ ယနေ့ထုတ် မြန်မာ့အလင်းသတင်းစာကို ဖတ်လိုက်သည်။ မောင်မိုးရှင်းဆိုသောဆောင်းပါးရှင်က အားလုံး စုံညီမဲပေးကြမည် ဆိုသည့်ဆောင်းပါးတပုဒ်ကို ရေးသားထားသည်ကို ဖတ်ကြည့်လိုက်သည်။ သူကတော့တကယ့် စစ်အစိုးရ အကြိုက် လိုက်ဖါးပြီး ရေးထားသည်မို့ ဟုတ်ပေ့ဖြစ်နေသည်။ သို့ပေမင့် ပြည်သူတွေမအကြပါ။ သို့အတူ ပြည်သူတွေက အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်မှ ဒေါ်အောင်ဆန်းစုကြည်အား အလွန်တရာ ချစ်မြတ်နိုး ကြပါသည်။ ပြီးတော့နိုဘယ်ငြိမ်းချမ်းရေးဂုဏ်ထူးရှင်မို့ လေးစားချစ်ခင်ကြသလို သွားလေသူ ဗိုလ်ချုပ် အောင်ဆန်း၏ သမီး မို့လည်း ယုံကြည်မြတ်နိုးချစ်ခင်မူ အတိုင်းအတာတခု ရှိနေပါသည်။
ဒေါ်အောင်ဆန်းစုကြည်က ပြည်သူတွေမှာ မဲပေးခွင့်လည်း ရှိသလို မဲမပေးပိုင်ခွင့်လည်း ရှိသည့် အကြောင်းကို ပြောထားပါသည်။ ၂၀၁၀ ရွေးကောက်ပွဲမှာ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ကို မဲပေးချင်သော ပြည်သူတွေမှာ ယခုတော့ရှင်းရှင်းလင်းလင်း နားလည်ထားကြ ပါပြီ။ ဤနေရာ၌ ပြည်သူတွေမှာဟု ဆိုခြင်းမှာ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ၀င်များနှင့် ဒီမိုကရေစီနှင့် လူ့အခွင့်အရေးလိုချင်သော ပြည်သူတရ့ပ်လုံးကို ရည်ညွှန်းပြောဆိုခြင်းဖြစ်သည်။ ဘာကြောင့်များပြည်သူတရပ်လုံးကို မဲမပေးကြပါနှင့်ဟု ပြောဆိုကြရပါသနည်း။ ရှင်းနေပါသည်။ မဲမပေးလိုက မပေး၍ရပါသည်ဟု ဥပဒေမှာ ရှိနေနှင့်သောကြောင့် မဲမပေးဘဲနေခြင်းသာဖြစ် သည်။ သည်တော့မဲမပေးဘဲနေသူများကို ရှက်စရာကောင်းနေပါပြီဟု ဘာဖြစ်လို့ မောင်မိုးးရှင်းဆိုသော ဆောင်းပါးရှင် က အားမနာပရေးသားရပါမည်လဲ။
တရားဝင်မဲမပေးပဲ ဆက်နေရင်တော့ သူများစိုက်တဲ့အသီးပဲ စားချင်ပြီး မိမိကိုယ်တိုင် တစုံတရာဘာဆို ဘာမှ ပါဝင်စိုက်ပျိုးချင်သူမဟုတ်တဲ့အတွက် အချောင်သမားသက်သက် အလိုက်မသိတဲ့ လူစားမျိုး ဒီမိုကရေစီ နိုင်ငံနဲ့ သင့်တော်ပါဦးမလား ဆိုပြီး ပြည်သူတွေကို စော်ကားရေးပြလိုက်ပါသေးသည်။ ပြီးတော့ ဒေါ်အောင်ဆန်းစုကြည်ကို တုန့်ပြန်ခြင်းဖြစ်သည်။
စင်စစ်အားဖြင့် ရွေးကောက်ပွဲဆိုသည်မှာ မဲပေးကြခြင်းဖြစ်ပါသည်။ မပေးဘဲ နေ၍လည်းရပါသည်။ သည်တော့မပေးဘဲနေသူကို သည်လိုစော်ကားမော်ကားပြောခြင်းကို ပြည်သူတွေက လက်ပိုက်ကြည့်နေရ ပါသည်။ ဘာကြောင့်အောင့်အီးနေရပါသနည်း။

ရှင်းနေပါပြီ။ ရွေးကောက်ပွဲ၌ တရားမျှတမှူမရှိ၍ တဖက်သတ် ပြောဆိုရေးသားနေကြရခြင်းကို အဓိပ္ပါယ်ဖေါ်ပြနေပါသည်။ အကယ်၍လွပ်လွပ်စွာရေးသားခွင့်ဆိုသော ဒီမိုကရေစီအနှစ်သာရရှိသည့် စံနုံးကိုသာ ရရှိနေပါက မောင်းမိုးရှင်းဆိုသော ဆောင်းပါးရှင်သည် ယင်းသို့ ရေးသားနိုင်မည်မဟုတ်။ အဘယ့်ကြောင့်ဆိုသော် ချက်ချင်းတုန့်ပြန် ဝေဖန်ရေးသား ချေပကြမည်မှာ သေချာလှပါသည်။ ပြည်သူတို့မှာ မျက်စိမုဒိမ်းကျင့်ခံနေရပါသည်။
သူကဆိုထားပြန်သေးသည်။ သူများစိုက်တဲ့အသီးပဲစားချင်ပြီး တစုံတရာဘာဆိုဘာမှ ပါဝင်စိုက်ပျိုး သူမဟုတ်ဟု ရေးထားပါသည်။ အင်မတန်မှ လူပါးဝသောစကားဖြစ်သည်။ အဘယ့်ကြောင့်ဆိုသော် မြန်မာ နိုင်ငံမှာ ဒီမိုကရေစီနှင့် လူ့အခွင့်အရေးကို ကမ္ဘာကြီးတခုလုံးနှင့်အတူ တန်းတူညီမျှရရှိရေးအတွက် ၈၈ ကျောင်းသားခေါင်းဆောင်များသည် အကျဉ်းထောင်ထဲမှာ ထောင်ဒဏ် ၆၀ ကျော်အထက်နှင့် ဆင်းရဲဒုက္ခခံကာ ရှိနေကြဆဲဖြစ်သည်။ တိုင်းရင်းသားခေါင်းဆောင်များသည် နှစ်ပေါင်း ရာကျော်နှင့် အကျဉ်းထောင်ထဲတွင် နေနေကြရပါသည်။ နိုင်ငံရေးအကျဉ်းသား ၂၀၀၀ ကျော်သည် ယခုကဲ့သို့ အကျဉ်းထောင်ထဲတွင် ရှိနေကြသည်ကို ပြည်သူတို့က မမေ့ကြသေးချေ။ တချိန်တည်းမှာပင် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်မှ ဒီမိုကရေစီခေါင်းဆောင်ဒေါ်အောင်ဆန်းစုကြည်မှာ ယခုအချိန်ထိ နေအိမ်အကျယ်ချုပ်နှင့် နေနေရဆဲ။ နောင်ကိုမည်ကဲ့သို့ဥပ္ပါယ်တမည် ပုဒ်မပုဒ်ထီးတွေနှင့် တပ်ပြီးဖမ်းဆီးနေအုံးမည်မသိရ။
တခုသေချာသည်မှာ နအဖစစ်အစိုးရရှိနေသမျ ဒေါ်အောင်ဆန်းစုကြည်မှာ အကျယ်ချုပ်နှင့်သော်၎င်း၊ အကျဉ်းထောင်နှင့်သော်၎င်း ရှိနေအုံးမှာကတော့ မြေကြီးလက်ခတ်မလွှဲဖြစ်သည်။ နိုင်ငံရေးအကျဉ်းသား နှစ်ထောင်ကျော်သည် မြန်မာနိုင်ငံကို ဖျက်လိုဖျက်ဆီးပြုလုပ်မည့် သူများမဟုတ်။ မြန်မာနိုင်ငံဖွံွံ့ဖြိုးတိုးတက် စည်ပင်ရေးအတွက် ကြိုးစားရုန်းကန်နေကြသည့် ကိုယ်ကျိုးစွန့်အနစ်နာခံ နိုင်ငံရေးသမားများဖြစ်သည်။ သူတို့တွေမပါသော ဤရွေးကောက်ပွဲသည် ဒီမိုကရေစီအသီးအပွင့်ပါသော ရွေးကောက်ပွဲမျိုးမဟုတ်။ ယခုရွေးကောက်ပွဲသည် နိုင်ငံရေးပါတီများနှင့် နိုင်ငံရေးသမားများကို ရွေးချယ်ပွဲဆိုလျင် အကျဉ်းထောင်ထဲမှာ မတရားသဖြင့်ရှိနေသော နိုင်ငံရေးအကျဉ်းသားနှစ်ထောင်ကျော်ကို လွှတ်ပေးသင့်သည်။ ပြီးတော့ ရွေးကောက်ပွဲကို ပါဝင်ရေးအတွက် နအဖစစ်အစိုးရက ဆောင်ရွက်ရမည်ဖြစ်သည်။ ပြီးတော့ရွေးကောက်ပွဲ ပြုလုပ်ရေးအတွက် လိုအပ်သောအချက်အလက်များ ၊ အကြောင်းအရာများကို ဥပမာအားဖြင့် ၂၀၀၈ ဖွဲ့စည်းပုံ ဥပဒေကို ပြန်လည်ပြင်ဆင်ခြင်းဖြင့် ရွေးကောက်ပွဲကို ပြုလုပ်ကြမည်ဆိုပါက နတ်လူသာဓု ခေါ်ပေး ကြမည်မှာ သေချာလှပါသည်။ ကောင်းချီးပေးကြပါလိမ့်မည်။
ဤသည်ကို နအဖစစ်အုပ်စုတို့မှာ တစက်ကလေးမျှမပြုလုပ်။ သည်တော့ပြည်သူတွေက ဒီမိုကရေစီ အသီးအပွင့်မဟုတ်သည်ကို သိပါလျှက်ကယ်နှင့် မည်သို့မဲပေးကြပါ့မလဲ။ သွေးစွန်းသောမဲစာရွက်များက သွေးပွက်ပွက်အံပြီး သွေးစက်တွေမျက်ရည်တွေနှင့် လူးပေကျံနေသည့် အသီးအပွင့်များကို မည်သို့ မြိန်ရည်ယှက်ရည် စာေးသာက်နိုင်ကြပါမည်နည်း။ အဆိပ်လူးထားသော ဤအသီးများကို မည်သို့သော ပြည်သူများက စားသောက်ကြပါမည်နည်း။ မိမိတို့ကိုယ်တိုင်လည်း မစားသောက်ရအောင် တခြားသူများကိုလည်း မစားသုံးရအောင် လမ်းညွှန်ပြပေးကြရမည်မှာ ဒီမိုကရေစီမြတ်နိုးသောပြည်သူများ၏ တာဝန်ဝတ္တရားဖြစ်သည်။ ပြီးတော့သွေးဆာနေသောအသီးကို မည်သူကစိုက်ပျိုးနေပါသနည်း။
ဗိုလ်ချုပ်မှူးကြီးသန်းရွှေမှာ မြန်မာနိုင်ငံသူနိုင်ငံသားတို့၏ ဘ၀ရှင်မင်းတရားကြီးမဟုတ်။ မိစ္ဆာကောင် လူသတ်သမားဖြစ်သည်။ သူ့ကြောင့် သန်းငါးဆယ်ကျော်ပြည်သူတရပ်လုံးမှာ ဆင်းရဲဒုက္ခခံစားနေရသည်။ စစ်အာဏာရှင်စနစ်ကို တိတိကျကျ ကျင့်သုံးသောကြောင့် ကမ္ဘာကြီးတခုလုံးမှ သူ့အားစစ်အာဏာရှင်ဟု ခေါ်ဝေါ်သမုတ်ထားသည်။ ယခုဆိုလျှင် ကမ္ဘာ့ကုလသမဂ္ဂမှ စုံစမ်းစစ်ဆေးရေးအဖွဲ့ဖွဲ့ပြီး ကမ္ဘာ့ရာဇ၀တ်ကောင် အဖြစ် စစ်ဆေးကြလိုသည်။ မကြာခင်သူ့အား ကမ္ဘာ့ရာဇ၀တ်ကောင်အဖြစ် စစ်ဆေးကြလျင် ရာဇ၀တ်ဘေး ပြေးမလွတ်မှန်း နိုင်ငံတကာမှ သိရှိသွားကြလိမ့်မည်ဖြစ်သည်။ ဤကဲ့သို့ စစ်ရာဇ၀တ်ကောင်၏ ရွေးကောက်ပွဲမှ ထွက်ပေါ်လာမည့် အသီးအပွင့်ဆိုသည်မှာ မည်ကဲ့သို့နည်းနှင့်မျှ ဒီမိုကရေစီအသီးအပွင့်မျိုး သီးပွင့်လာမည် မဟုတ်ချေ။ ယင်းအသီးအပွင့်ကို သီးပွင့်ရန်ဗိုလ်ချုပ်မှူးကြီးသန်းရွှေက စိုက်ပျိုးထားနေသည်။
စစ်အစိုးရအလိုတော်ရိ မောင်မိုးရှင်းမှာ မြန်မာနိုင်ငံမှ ပြည်သူတရပ်လုံးက မဲပေးလိုက်သော ကိန်းဂဏန်းကိုကြည့်၍ နိုင်ငံတကာက နိုင်ငံရေးအသိနိုးကြားမှူကို မြင်တွေ့ကြခြင်း။ ချစ်သည့်နိုင်ငံများက ချှီးကြူးခြင်း။မုန်းသည့်နိုင်ငံများက မနာလိုခြင်း။တိုးတက်စေချင်သည့်နိုင်ငံများက ၀မ်းသာကြပြီး၊ ဒုက္ခ ကျရောက် စေချင်သည့်နိုင်ငံများက မှိုင်ဝေသွားခြင်း။ သမိုင်းရေးခွင့်ကို ရရှိသွားခြင်းဆိုပြီး ရေးထားသေးသည်မှာ ဆန္ဒမဲ ပေးကြပါဟု တိုက်တွန်းခြင်းဖြစ်နေသည်။ ဆန္ဒမဲပေးကြပါဟု တိုက်တွန်းထား၍ မဲပေးသောသူများကြောင့် နိုင်ငံရေးအသိနိုးကြားမှူကို နိုင်ငံတကာမှ သိရှိသွားမည်ဟု ထင်ထားပါသည်။
သို့ဆိုလျင် ရွေးကောက်ပွဲလုပ်သော နေ့တွင် အတင်းအကြပ်ပြုလုပ်၍ မဲလာထည့်သောပြည်သူ လူထုများ၊ မထည့်မနေရခြိမ်းခြောက်ပြီး ပြုလုပ်ထား သောကြောင့် လာရသောသူများ ရှိနေခဲ့လျင် ယင်းပုဂ္ဂိုလ် များ၏ စိတ်ဆန္ဒကို မည်သည့်နေရာများ၌ ထည့်သွင်း ရပါမည်မည်း။ မည်သူကမဲဆန္ဒရှင် ကိုယ်စားလှယ်ပါဟု အရည်အချင်းတစက်ကလေးမျှ မသိရှိရသောသူကို ဤပုဂ္ဂိုလ်တော်လှပါချည်ရဲ့ ဟု မည်သူတွေက မဲပေး ကြရ မည်နည်း။ ပြည်သူလူထုမစဉ်းစားဘဲ နေကြပါမည်လား။ လူ့ငနွားတွေပါဟု ပြည်သူတွေကို ကြိုးနဖါပါးတပ်ပြီး မဲထည့်လျင်တောင် ယခုပွဲကတော့ဖြင့် လုပ်ပွဲဖြစ်နေမှန်း ကမ္ဘာကြီးက အားလုံးသိနေပါပြီ။
အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်က မဲမပေးပါနှင့် ပြောဆိုလိုက်သည်မှာ သပိတ်မှောက်ခြင်းကို ပြောခြင်း ဖြစ်သည်။ ၁၉၉၀ ခုနှစ်တွင် မဲအနိုင်ရရှိထားသော အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်နှင့် တိုင်းရင်းသား နိုင်ငံရေးပါတီ တို့ကသပိတ်မှောက်ခြင်းသည် တနိုင်ငံလုံးမဲမပေးခြင်းကို ကမ္ဘာသို့ချပြခြင်းဖြစ်သည်။ ထို့ကြောင့် ဤပွဲမှာ တရားဝင်မူမရှိချေ။ သို့အတူတရားဝင်မူမရှိသောကြောင့် ရွေးကောက်ပွဲမှ ဖြစ်ပေါ်လာမည့် အရပ်သား အစိုးရ သည်လည်း တရားဝင်အစိုးရဖြစ်မည်မဟုတ်ချေ။ လွန်ခဲ့သောအပါတ်ကပင် အမေရိကန်အစိုးရမှ ယူနီဖေါင်း ကိုချွတ်ပြီး အရပ်သားအ၀တ်အစားကိုဝတ်ရုံနှင့် စစ်အစိုးရ၏ နိုင်ငံရေးစနစ်များမှာလည်း ပြောင်းလဲမည် မဟုတ် သလို မည်သို့မျှလည်း ထူးခြားလာမည်မဟုတ်သောကြောင့် သူတို့အနေဖြင့် စစ်အစိုးရအပေါ် မည်သို့မျှ အယုံအကြည်မရှိကြောင်း ထုတ်ဖေါ်ကြေညာထားလိုက်ပါသေးသည်။
ကမ္ဘာတွင်အမေရိကန်အစိုးရမှ အသိအမှတ်မပြုလျင် ယင်းနိုင်ငံမှာ ကံဆိုးမိုးမှောင်ကျနေတတ်ပါသည်။ ဒုက္ခကြီးစွာရောက်နေတတ်ပါသည်။ ဥရောပသမဂ္ဂနိုင်ငံများမှ အသိအမှတ်မပြုလျင် ဆက်လက်ပြီးဒုက္ခကြီးစွာ ကျရောက်နေပါသည်။ ယခုအချိန်တွင် ဒီမိုကရေစီနိုင်ငံများဖြစ်သောနိုင်ငံများစွာတို့သည် နအဖစစ်အစိုးရ၏ ၂၀၁၀ ရွေးကောက်ပွဲကို တရားမျှတမှူ မရှိခြင်းကို အထူးသိရှိနားလည်ကြပါသည်။ အာဆီယံနိုင်ငံထဲမှာပင် နအဖစစ်အစိုးရကို လက်သင့်ခံသည့်နိုင်ငံများလည်း နည်းပါးလာပါပြီ။
အထူးသဖြင့် စစ်ရာဇ၀တ်ကောင်အဖြစ် ကုလသမဂ္ဂမှ စုံစမ်းစစ်ဆေးရေးအဖွဲ့ကို ဖွဲ့စည်းပြီး စုံစမ်းစစ်ဆေး လာမည်ဆိုလျင် ပြည်သူတွေသည် ဒီမိုကရေစီ အသီးအပွင့်ကို ခံစားစံစားကြရမည်ဖြစ်ည်။ ယခုအချိန်တွင် ဒေါ်အောင်ဆန်းစုကြည်၏ မဲမပေးလိုက မဲမပေးကြရန် ပြောဆိုတိုက်တွန်းသော စကားကို အဓိကလက်ခံ သဘောပေါက်ကြဖို့လိုသည်။ စစ်အစိုးရသည် သူတို့၏သက်ဆိုးရှည်စေရေးအတွက် စစ်အာဏာရှင်စနစ်ကို ပြုလုပ်နေသည်။ ၂၀၁၀ ရွေးကောက်ပွဲသည် စစ်အာဏာရှင်စနစ်ကို အဓိကကျားကန်ပေးမည့် ပွဲဖြစ်သည်။ ဤပွဲတွင် ဒီမိုကရေစီလိုချင်သော မြန်မာနိုငံသူ နိုင်ငံသားတိုင်း သပိတ်မှောက်ပါသည်ခင်ဗျားဟု တညီတညွတ်တည်း ကြွေးကြော်ကြရန်သာရှိသည်။
သည်တော့ ကျနော်တို့က ဤစကားကို သေသေချာချာတိတိကျကျ ပြောဆိုအော်ဟစ်လိုက်ရပါသည်။ အားလုံး မဲမပေးးဘဲ သပိတ်မှောက်ကြပါစို့လို့။။။။။။။။။။

**ခိုင်အောင်ကျော် ( နယူးယောက် )**

အမှိုက်စုတ်တွေကို ထည့်ပြီးအသုံးပြုရန်အတွက်သာ လူတွေအလိုရှိသည့် နအဖစစ်အစိုးရ၏ ယနေ့ထုတ် မြန်မာ့အလင်းသတင်းစာကို ဖတ်လိုက်သည်။ မောင်မိုးရှင်းဆိုသောဆောင်းပါးရှင်က အားလုံး စုံညီမဲပေးကြမည် ဆိုသည့်ဆောင်းပါးတပုဒ်ကို ရေးသားထားသည်ကို ဖတ်ကြည့်လိုက်သည်။ သူကတော့တကယ့် စစ်အစိုးရ အကြိုက် လိုက်ဖါးပြီး ရေးထားသည်မို့ ဟုတ်ပေ့ဖြစ်နေသည်။ သို့ပေမင့် ပြည်သူတွေမအကြပါ။ သို့အတူ ပြည်သူတွေက အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်မှ ဒေါ်အောင်ဆန်းစုကြည်အား အလွန်တရာ ချစ်မြတ်နိုး ကြပါသည်။ ပြီးတော့နိုဘယ်ငြိမ်းချမ်းရေးဂုဏ်ထူးရှင်မို့ လေးစားချစ်ခင်ကြသလို သွားလေသူ ဗိုလ်ချုပ် အောင်ဆန်း၏ သမီး မို့လည်း ယုံကြည်မြတ်နိုးချစ်ခင်မူ အတိုင်းအတာတခု ရှိနေပါသည်။

No comments:

Total Pageviews

Labels

ပညာပေး (1488) ကာတွန်းဟာသ (1343) ဟာသ (899) ဆောင်းပါး (822) ကဗျာ (777) သတင်း (533) .ဆောင်းပါး (512) အက်ဆေး/၀တ္ထုတို (504) ကြော်ငြာ (432) နိုင်ငံတကာထူးခြားသတင်း (388) ပညာပေး... (326) နိုင်ငံတကာ ထူးခြားသတင်း (321) ကဗျာ (279) နိုင်ငံတကာအခြားသတင်း.. (253) ကဗျာ… (228) ပုံပြင် (220) ဆောင်းပါး…. (203) အက်ဆေး (191) ဘောလုံးဟာသ...။ (156) သဘောထားအမြင် (149) Cartoon (145) သတင်း.... (139) ကဗျာ... (136) ကဗျာ..... (132) ပညာပေး.. (131) နိုင်ငံတကာ အခြားသတင်း.. (123) ပြည်တွင်းသတင်း (118) သတင်း..။ (114) သတင်းတို (111) သရော်စာ… (106) ဝတ္ထုတို (105) ၀တ္ထုတို (95) ဓါတ်ပုံသတင်း (81) သတင်း.. (79) ပေးစာ (79) ဘာသာပြန် ဝတ္ထုတို (75) ဓာတ်ပုံသတင်း (72) ကာတွန်း (64) ဓာတ်ပုံသတင်း..။ (64) သရော်စာ (64) နိုင်ငံတကာ အခြားသတင်း (60) ဓာတ်ပုံသတင်း.. (54) မေတ္တာစာ (54) အောက်မေ့ဘွယ်စာလွှာ (53) သတင်း. (47) ဘာသာပြန်အက်ဆေး (46)်ပုံပြင် (45) ကာတွန်းဟာသ- (44) ဘောလုံးဟာသ... (44) နိုင်ငံတကာအခြားသတင်း (43) -ကာတွန်းဟာသ (40) နိင်ငံတကာ အခြားသတင်း (39) ကဗျာ. (37) သတင်းဆောင်းပါး (36) News (35) ကာတွန်း ဟာသ (34) ပညာပေး) (33) ကဗျာ(ဟာသ) (32) ဟာသကဗျာ (32) အောင်မြင်ရေးဒဿန (30) xပညာပေး) (29) ကြေညာချက် (28) ရုပ်သံ သတင်း (25) ဂျာနယ် (24) TV (23) နိုင်ငံတကာ အခြားသတင်း. (23) ဘာသာပြန်ဆောင်းပါး (20) ရင်ဖွင့်သံ (19) သရဲဇာတ်လမ်း (19)်ပုံင်္ပြင် (18) ထုတ်ပြန်ချက် (14) ဓာတ်ပုံ (13) ဘာသာပြန်ပုံပြင် (13) ဓာတ်ပုံသတင်း (12) သတင်းဓါတ်ပုံ (12) သီချင်း (12) အင်တာဗျူး (12) အတွေးအမြင် (12) ဓာတ်ပုံသတင်း. (11) ပုံင်္ပြင် (11) အယ်ဒီတာ့ထံပေးစာ (11) ဥာဏ်စမ်း (11) Photo News (10) poem (10) ဂျာနယ် (10) ဟာသအက်ဆေး (10) (ကျန်းမာရေး ပညာပေး) (9) . (9) x ပညာပေး) (9) ဘာသာပြန် (9) The Article (8) ခရီးသွား.ဆောင်းပါး (8) နိုင်ငံတကာအခြားသတင်း (8) ဘာသာရေးဆောင်းပါး (8) သတင်း.ဆောင်းပါး (8) ဗေဒင် (8) သတင်းတို. (7) ဟာသ ဝတ္ထုတို (7) တဘောင် (6) ကှဗျာ (5) နိုင်ငံထူးခြားသတင်း (5) ဘာသာရေး၊ဓမ္မပုံပြင် (5) မိန့်ခွန်း (5) သမိုင်းစကား၊ ပန်းစကား (5) ဟာသ ဓာတ်ပုံ (5) အားကစားသတင်း (5) song (4) ကာတွန်းဟာသ (4) စကားပုံ (4) ထူးခြားသတင်း (4) ပညာပေ; (4) သတင်း.တို. (4) သရော်စာ (4) ဟာသ- (4)်ဆောင်းပါး (4) -ကာတွန်းဟာသ- (3) interview (3) ထုပ်ပြန်ချက် (3) ဓမ္မဒါန (3) ဓါတ်ပုံအက်ဆေး (3) ဓာတ်ပုံအက်ဆေး (3) ပညာပေ (3) ဖိတ်စာ (3) ရုပ်သံ (3) သတင်း.တို.။ (3) ဟာသ အင်တာဗျူး (3) ဟာသ. (3) အင်တာဗျူးး (3) အတိုဆုံးဝတ္ထုတို (3) အယ်ဒီတာ့အာဘော် (3) ဘောလုံးဟာသ. (3) (ဟာသ) (2) By....meepyatite (2) Statement (2) Story (2) With Best Regards (2) aဆာင်းပါ (2) ကန်တော့ချိုး (2) ကျန်းမာရေး ပညာပေး (2) ဇာတ်လမ်းတို (2) ပန်းချီ (2) ပုံပြင် (2) ဘာသာပြန်ကဗျာ (2) ရုပ်ပုံအတွေး (2) ဟာသပုံပြင် (2) အစီရင်ခံစာ (2) အမှတ်တရ (2) အတွေး (2) ဦးဦး မှော်ဆရာ (2) ဆောင်းပါ (2) ပြဇာတ် (2) (xပညာပေး) (1) (ပညာပေး) (1) ) (1) .... (1) 2010 at 11:22pm (1) =နိုင်ငံတကာ အားကစားသတင်းများ (1) Announce (1) By: Sara Yin (ကျန်းမာရေး ပညာပေး) (1) By; Silver Moon အင်တာဗျူး (1) General Knowledge (1) Joke (1) Photo Essay (1) Thanks (1) aဆာင်းပါး (1) khana.na155 ကဗျာ (1) minkonaing (1) ကဗျာ( (1) ကဗျာ… By..Blue gyee (1) ကာတွန်းဟာသ <br /> <br /> (1) ကိုယ်တိုင်ရေးကဗျာ သီဟသူ (1) ခရီးသွားဆာင်းပါး (1) ခရီးသွားဆောင်းပါး (1) စကား (1) စကားပုံ (1) စာစု (1) စိုးမိုးကျော် (ဟာသ) (1) ဆက်သွယ်ရန် (1) ဓါတ်ပုံအက်ဆေး (1) ဓာတ်ပုံအက်ဆေး (1) ဓာတ်ပုံအတွေး (1) နူတ်ခွန်းဆက်လွှာ (1) (1) ပညာပေ;း (1) မိန့်ခွန်း (1) ရုပ်ရှင် (1) သတင်း နှင့်ဟာသ (1) သတင်း.တို (1) သတင်းကဗျာ (1) သတင်းသီချင်း (1) သရော်ကဗျာ (1) ဟသ (1) ဟာသအင်တာဗျူး (1) ဟိုအကြောင်း ၊ဒီအကြောင်းသူတို့ အကြောင်း (1) အဆိုအမိန့် (1) အထ္ထုပ္ပတ္တိ) (1) အားကစားသတင်းများ (1) အခြားသတင်း (1) ဦးဦး မှော်ဆရာ ပညာပေး.. (1)ုပုံပြင် (1) ဆောင်းပါ; (1) ပေးပို့ သူ .. စိုးမိုးကျော် ဟာသ (1) ပေးပို့ သူ...သက်နိုင် ကဗျာ… (1) ပေးပို့ သူ…greenleave (1)်ပုံပြင် (1) (1) ရုပ်သံ (1) • Posted by thant zin htwe on နိုဝင်ဘာ 19 (1) …. (1)