**အိမ်တွေမှ ထွက်ခွာလာစမှာ
ဘာတခုမှ ထွေထွေထူးထူး
ပါမလာကြပါဘူး။
**မရှိမဖြစ် အသုံးဝင်တဲ့ `စိတ်ဓာတ်´များသာ
တောင်ပေါ်ကို ရောက်လာတယ်။
သူတို့တွေရဲ့ `ဒို့ခေတ်´နေ့များ
ပျောက်ကျားယူနီဖောင်းကိုချွတ်
`အကြောင်း ကြောင်း ကြောင့် ကိုပြောင်းဝတ်တယ်´။
**မျှော်လင့်ထားပြီးလဲ တကယ်ဖြစ်လာတဲ့ `အခက်အခဲ´ရယ်
ပုဂ္ဂလိက ကသိကအောက်များရယ်
ယဉ်ပါးတိမ်းညွတ်လွယ်မှု
သုခုမ အရိပ်မှာ
ဓားစာခံတယောက်မျက်နှာပေးနဲ့
`အနွေးထည်´တွေချည်း ၀တ်ပစ်သွားကြတယ်။
**ဘာတခုမှ မပြောင်းလဲမှုများ
ပြောင်းပြန်လှန်ပြောင်းလဲခြင်းများ
ကိစ္စတကာမှာ
ဟောဒီ `ကတုတ်ကျင်းလေး´က
တရားမျှတ
အလိမ္မာလှဆုံးသက်သေ။
** ထက်မိုး **
(ကိုထက်မိုး၏ ပြန်ကျမိုးများမှ)
**(ကိုထက်မိုး၏ ပြန်ကျမိုးများ)**
**အိမ်တွေမှ ထွက်ခွာလာစမှာ
ဘာတခုမှ ထွေထွေထူးထူး
ပါမလာကြပါဘူး။
**မရှိမဖြစ် အသုံးဝင်တဲ့ `စိတ်ဓာတ်´များသာ
တောင်ပေါ်ကို ရောက်လာတယ်။
သူတို့တွေရဲ့ `ဒို့ခေတ်´နေ့များ
ပျောက်ကျားယူနီဖောင်းကိုချွတ်
`အကြောင်း ကြောင်း ကြောင့် ကိုပြောင်းဝတ်တယ်´။
**မျှော်လင့်ထားပြီးလဲ တကယ်ဖြစ်လာတဲ့ `အခက်အခဲ´ရယ်
ပုဂ္ဂလိက ကသိကအောက်များရယ်
ယဉ်ပါးတိမ်းညွတ်လွယ်မှု
သုခုမ အရိပ်မှာ
ဓားစာခံတယောက်မျက်နှာပေးနဲ့
`အနွေးထည်´တွေချည်း ၀တ်ပစ်သွားကြတယ်။
**ဘာတခုမှ မပြောင်းလဲမှုများ
ပြောင်းပြန်လှန်ပြောင်းလဲခြင်းများ
ကိစ္စတကာမှာ
ဟောဒီ `ကတုတ်ကျင်းလေး´က
တရားမျှတ
အလိမ္မာလှဆုံးသက်သေ။
** ထက်မိုး **
(ကိုထက်မိုး၏ ပြန်ကျမိုးများမှ)


No comments:
Post a Comment