(စက်တင်ဘာ ၂၂၊၂၀၁၀)
ထိုင်းနိုင်ငံတောင်ပိုင်း၊ကူရပူရီ မြို့နယ်၊ နန်ယွန်ရလား(နံယောင်)နယ်မြေအတွင်းရှိ မြန်မာအလုပ်သမား
များနေထိုင်ရာအိမ်ခန်းများတွင်မြန်မာများညမထွက်ရအမိန့် နှင့်မော်တော်ဆိုင်ကယ်စီးနင်းခွင့်မပြု
ကြောင်းတရားမ၀င်ထုတ်ပြန်ကြေညာချက်စာရွက်များကပ်ထားကြောင်း သိရှိရသည်။
အဆိုပါစာတွင်(၁)၊မြန်မာအလုပ်သမားများအနေဖြင့် ညနေ ၉နာရီမှ နံနက်၅နာရီအတွင်းအပြင်သို့ ထွက်ခွင့်မပြု။(၂)အလုပ်သမားများဘတ်ရှိရမည်ဖြစ်ပြီး၊အလုပ်လုပ်သည့်နေရာနှင့်မိမိဘတ်တို့ တစ် ထပ်တည်းဖြစ်ရမည်။စစ်ဆေးလျှင်ပြသနိုင်ရန်ကိုယ်နှင့်မကွာအမြဲတမ်းထားရှိရမည်။(၃)ဘတ်ရှိသည်
ဖြစ်စေ/မရှိသည်ဖြစ်စေ၊သူဌေးပိုင်ဆိုင်သောယာဉ်များကိုစီးနင်းခွင့်မပြု။သူဌေးအနေဖြင့်လည်းမိမိအလုပ်
်သမားအားယာဉ်စီနင်းခွင့်မပြုရ၊အကယ်၍တွေ့ရှိပါကအပြစ်ပေးအရေးယူခြင်းခံရမည်။စက်တင်ဘာ(၇)ရက်
နေ့ မှစတင်၍ကြပ်မတ်ဆောင်ရွက်သွားမည်။(အသိပေးသူ- ပုလိပ်) ဟူ၍ရေးသားထားသည်။
နေအိမ်ခန်းတွင်စာကပ်ခြင်းခံထားရပြီးစိုးရိမ်နေသော မြန်မာအလုပ်သမဒေါ်…..က“ကျမကတော့
ဆိုင်ကယ်သမားတွေကပုလိပ်ကိုတိုင်တဲ့အတွက် ပုလိပ်တွေကစာကပ်ထားတာဖြစ်တယ်။မြန်မာအလုပ် သမားတွေဆိုင်ကယ်စီးလာကြတယ်၊သူဌေးခိုင်းတာလည်းရှိတာပေါ့၊ဆိုတော့ဆိုင်ကယ်သမားတွေဝင်
ငွေနည်းလာတယ်လေ။အဓိကကတော့ မြန်မာအလုပ်သမားတွေကိုနှိပ်ကွပ်တဲ့သဘောပါပဲ”ဟုပြောဆို
သည်။
ယခင်လပိုင်းက ထိုင်းနိုင်ငံတောင်ပိုင်း ရနောင်းမြို့တွင် မြန်မာအလုပ်သမားဆိုင်ကယ်စီးသည့်အရေ
တွက်တိုးပွားလာခဲ့သဖြင့် အငှါးဆိုင်ကယ်ပြေးဆွဲသူများကမြို့နယ်အာဏာပိုင်ရုံတွင်ဆန္ဒပြခဲ့ကြသည်။
ဒေသခံ အငှါးဆိုင်ကယ်သမားများ ကန့် ကွက်ထားမှုကြောင့် ရနောင်းမြို့တွင်မြန်မာအလုပ်သမား
များအား ယာဉ်မောင်လိုင်စဉ်ထုတ်ပေးသည့်လုပ်ငန်းကိုရပ်တန့် ထားခဲ့သည့်မှာ တစ်လကျော်ကြာ ခဲ့ပြီးဖြစ်သည်။
ဖန်ငအခြေစိုက် FED အဖွဲ့ဒါရိုက်တာ ဦးထူးချစ်က“ဒီကြေညာချက်ကိုထိုင်းအာဏာ
ပိုင်တွေက တကယ်ထုတ်ပြန်ရိုးမှန်ရင်တော့ ရွေ့ ပြောင်းအလုပ်သမားတွေရဲ့ အခြေခံအခွင့်အရေးကိုချိုး
ဖေါက်တာဖြစ်တယ်၊နောက်ဆိုးကျိုးတွေဖြစ်လာမှာက ဒီကြေညာချက်ကို အခွင့်ကောင်းယူပြီး တော့
ဒေသခံထိုင်းလူမျိုးတွေက မြန်မာအလုပ်သမားတွေအပြင်ကိုထွက်လာရင်၊အနိုင်ကျင့်ဗိုလ်ကျတာတွေ
စော်ကားတာတွေကိုတရားဝင်ဖြစ်အောင်လုပ်ပေးသလိုဖြစ်လာမှာပေါ့၊ဒါမျိုးကမဖြစ်သင့်တဲ့ကိစ္စပါ”ဟု
ပြောသည်။
ထိုင်းနိုင်ငံတနံတလျား၌လုပ်ငန်းခွင်အသီသီးတွက်သန်းချီသောမြန်မာအလုပ်သမားများအလုပ်လုပ်ကိုင်
လျှက်ရှိကြရာတွင် နေထိုင်အလုပ်လုပ်ကိုင်ခွင့်စာရွက်စာတမ်းမပြည်စုံခြင်းများကြောင့်မြန်မာရွေ့ ပြောင်း
အလုပ်သမားများမှာ ထိုင်းရဲများ၊ထိုင်းလုပ်ငန်းရှင်များနှင့် ထိုင်းလူမျိုးလေ့လွင့်လူငယ်များ၏အနိုင်အထက်
ပြုမူခြင်းအမျိုးမျိုးတို့ ကို အချိန်ကာလအတန်ကြာခံစားခဲ့ကြပြီးဖြစ်သည်။
ထို့ ကြောင့်လည်း၊နေထိုင်အလုပ်လုပ်ကိုင်ခွင့်(ဘတ်)အပြင် ယာယီပတ်စပို့ တို့ အားလည်း ငွေအများအပြား
အကုန်အကျခံလုပ်ကိုင်နေကြဆဲဖြစ်သည်။ သို့ ရာတွင် ထိုင်းလူမျိုးတို့ က မြန်မာရွေ့ ပြောင်းအလုပ်သမားများ
အားဖိနှိပ်ဆက်ဆံလိုကြဆဲဖြစ်ကြောင်း(နံယောင်)အခြေစိုက်မြန်မာကျောင်းဆရာမတစ်ဦးကထောက်ပြပြောဆို
သွားသည်။
**သတင်း ... ကိုကျော်သောင်း(ဘန်ကောက်)**

No comments:
Post a Comment