နှစ်ဘီလီယံ လိုအပ် **
(ဂျီနီဗာ၊ စက်တင်ဘာလ ၂၁-ရက်)
ပါကစ္စတန်နိုင်ငံ၌ သန်းပေါင်းများစွာသော ပြည်သူတို့ကြုံတွေ့နေရသည့် ရေဘေးကယ်ဆယ်ရေးအတွက် တစ်ကမ္ဘာလုံးက အရေးပေါ်ရန်ပုံငွေများ ထည့်ကြရန် ကုလသမဂ္ဂအတွင်းရေးမှူးချုပ် ဘန်ကီမွန်းက တိုက်တွန်းလိုက်သည်။ ပါကစ္စတန် ရေလွှမ်းမှုနှင့် စပ်လျဉ်း၍ စက်တင်ဘာလ ၂၀-ရက်ရက်နေ့က ကျင်းပသည့် နိုင်ငံတကာဝန်ကြီးအဆင့် အစည်းအဝေးတွင် ကုလသမဂ္ဂအတွင်းရေးမှူးချုပ် ဘန်ကီမွန်း အထပ်ပါအတိုင်း တိုက်တွန်းလိုက်ခြင်းဖြစ်သည်။ (အင်တာနက်)
** ပါကစ္စတန်၌ ကျောင်းကားမြစ်ထဲသို့ကျ၍ ၂၅ ဦးသေဆုံး **
(အစ္စလမ္မာဘတ်၊ စက်တင်ဘာလ ၂၁-ရက်)
ပါကစ္စတန်ထိန်းချုပ်ထားသည့် ကက်ရှ်မီးယားဒေသ၌ စက်တင်ဘာလ ၂၁-ရက်နေ့က ကျောင်းကားတစ်စီး မြစ်တစ်ခုအတွင်းသို့ ထိုးကျခဲ့ရာ ကလေး ၂၅-ဦး သေဆုံးခဲ့ရကြောင်း ကျောင်းအုပ်ဆရာကြီးက ပြောကြားသည်။ အဆိုပါ ကျောင်းကားမှာ ကက်ရှ်မီးယားဒေသ၏ မြို့တော် မူဆာဖာရာဘတ်မှ ၂၅ ကီလိုမီတာအကွာ ဂါဟီဒိုပက္ကာမြစ်အတွင်းသို့ ထိုးကျခဲ့ခြင်းဖြစ်ကြောင်း ကျောင်းအုပ်ဆရာကြီး မိုဟာမက်ဖာရုဒ်က ပြောကြားသည်။ (ဆင်ဟွာ)
** အီဂေါဟာရီကိန်း ကနေဒါသို့ ဦးတည်တိုက်ခတ် **
(ဟာမင်တန်(ဘာမြူဒါ) စက်တင်ဘာလ ၂၁-ရက်)
အီဂေါဟာရီကိန်းမုန်တိုင်းသည် ဘာမြူဒါဒေသသို့ တိုက်ခတ်ခဲ့ပြီးနောက် စက်တင်ဘာလ ၂၁-ရက်နေ့ နံနက်ပိုင်းက ကနေဒါနိုင်ငံ နယူးဖောင်လန်ကမ်းခြေသို့ ဦးတည်တိုက်ခတ်လျက်ရှိကြောင်း အမေရိကန် ဟာရီကိန်းဌာနက ကြေညာသည်။ အဆိုပါ မုန်တိုင်းသည် ဘာမြူဒါဒေသ၌ တိုက်ခတ်စဉ် လှေများ တိမ်းမှောက်ခြင်း၊ ကမ်းတင်ခြင်း၊ သစ်ပင်နှင့် ဓာတ်တိုင်များ လဲပြိုခြင်းများ ဖြစ်ပေါ်ခဲ့ကြောင်းသိရသည်။ ယင်းမုန်တိုင်းသည် ကနေဒါနိုင်ငံ နယူးဖောင်လန်ဒေသမှ အနောက်တောင်ဘက် ၃၇၅ မိုင်အကွာ၌ တည်ရှိနေပြီး တစ်နာရီမိုင် ၃၀ နှုန်းဖြင့် နယူးဖောင်လန်ကမ်းခြေသို့ ဦးတည်တိုက်ခတ်လျက်ရှိသည်။ (အင်တာနက်)
** စုစည်းဘာသာပြန်- အာကာကျော် **
** ပါကစ္စတန် ရေဘေးဒုက္ခကယ်ဆယ်ရန် အရေးပေါ်ရန်ပုံငွေ ဒေါ်လာ

No comments:
Post a Comment