(၁)
၂၆ ဧပြီ ၂၀၀၂
နှစ်သစ်ကူးပြီးစ ရက်များပါ
အဟောင်းတွေ ကုန်ဆုံးခဲ့ပြီတဲ့လား
မိုးသား၊ ငုဝါ၊ ပိတောက်
နဲ့ ကံ့ကော်တွေ
သူ့ထက်ငါ ပြည့်သိပ်နေတဲ့ တိုင်းပြည်။
(၂)
`ရာ - ဇာ- လီ၊ ဗမာပြည် - သွားမည်´
ဒီမှာ- ပွက်ပွက်ညံကုန်ကြ။
ရာဇာလီနဲ့ နဂ္ဂတိုင်မှာ
တချို့က အနာဂတ်တခုလုံး ပုံပေးလိုက်ကြတယ်။
အပစ်ရက်ထားတဲ့
SSA- SSNA တို့တွေဟာ
ရာဇာလီနဲ့အတွေ့မှာ
`အားလဲကိုးပါတယ်´လို့ပြောသတဲ့
(ဦးခွန်ထွန်းဦးက RFA မှာ ရှင်းပြပါတယ်။)
တော်လှန်ရေးနဲ့ လက်နက်ကိုင်တို့ရဲ့
အဓိပ္ပါယ်နဲ့ တာဝန်ကို
ဘယ်လိုခေါင်းစဉ်တပ်ကြတော့မှာလဲ။
ရာဇာလီ `မကြာခင် တိုးတက်မှုရလာပါလိမ့်မယ်´
NLD, CC `ဘယ်လိုတိုးတက်မှု ရမှာလဲ´
ရာဇာလီ `ဒါတော့ မပြောနိုင်ဘူး။ ခင်ဗျားတို့ စောင့်ကြည့်ပါ´
(ဦးလွင်က RFA ကို ဖောက်သည်ချတယ်)
အော်… နိုင်ငံတော်ရဲ့ အနာဂတ်ရေးဟာ
တချပ်မှောက် ဖဲဝိုင်းလို
လျှို့ဝှက်သဲတုန် ဆန်ခဲ့ရပြီလား။
သံတမန်ပြောမှ သိရမဲ့အနာဂတ်မှာ
ဘာအဓိပ္ပါယ်တွေ သက်ရောက်နေမှာလဲ။
`အမျိုးသား သွေးစည်းရေး´တဲ့
ဖဲ ၃ ချပ်သမားရဲ့ မမြှူစကားမှာ
ဝမ်းသာအားရ ဖြစ်ပြရမှာလား။
ဗမာပြည်ရဲ့ အနားသတ်မျဉ်း
ဒင်းတို့ စိတ်အလိုကျ
ရေးဆွဲခွင့် ပြုကြရမှာလား။
(၃)
မီးပြင်းလောင်မှ
စပါးကောင်းမယ်- တဲ့
တောင်ယာသမားဟာ
စပါးကောင်းကိုမှ ချစ်တတ်သူ။ ။
** ထက်မိုး **
(၂၈၊ ဧပြီလ၊ ၂၀၀၂၊ တောစပယ်စခန်း-ရှေ့တန်း)
(ကိုထက်မိုး၏ ပြန်ကျမိုးများမှ)
**(ကိုထက်မိုး၏ ပြန်ကျမိုးများ)**
(၁)
၂၆ ဧပြီ ၂၀၀၂
နှစ်သစ်ကူးပြီးစ ရက်များပါ
အဟောင်းတွေ ကုန်ဆုံးခဲ့ပြီတဲ့လား
မိုးသား၊ ငုဝါ၊ ပိတောက်
နဲ့ ကံ့ကော်တွေ
သူ့ထက်ငါ ပြည့်သိပ်နေတဲ့ တိုင်းပြည်။
(၂)
`ရာ - ဇာ- လီ၊ ဗမာပြည် - သွားမည်´
ဒီမှာ- ပွက်ပွက်ညံကုန်ကြ။
ရာဇာလီနဲ့ နဂ္ဂတိုင်မှာ
တချို့က အနာဂတ်တခုလုံး ပုံပေးလိုက်ကြတယ်။
အပစ်ရက်ထားတဲ့
SSA- SSNA တို့တွေဟာ
ရာဇာလီနဲ့အတွေ့မှာ
`အားလဲကိုးပါတယ်´လို့ပြောသတဲ့
(ဦးခွန်ထွန်းဦးက RFA မှာ ရှင်းပြပါတယ်။)
တော်လှန်ရေးနဲ့ လက်နက်ကိုင်တို့ရဲ့
အဓိပ္ပါယ်နဲ့ တာဝန်ကို
ဘယ်လိုခေါင်းစဉ်တပ်ကြတော့မှာလဲ။
ရာဇာလီ `မကြာခင် တိုးတက်မှုရလာပါလိမ့်မယ်´
NLD, CC `ဘယ်လိုတိုးတက်မှု ရမှာလဲ´
ရာဇာလီ `ဒါတော့ မပြောနိုင်ဘူး။ ခင်ဗျားတို့ စောင့်ကြည့်ပါ´
(ဦးလွင်က RFA ကို ဖောက်သည်ချတယ်)
အော်… နိုင်ငံတော်ရဲ့ အနာဂတ်ရေးဟာ
တချပ်မှောက် ဖဲဝိုင်းလို
လျှို့ဝှက်သဲတုန် ဆန်ခဲ့ရပြီလား။
သံတမန်ပြောမှ သိရမဲ့အနာဂတ်မှာ
ဘာအဓိပ္ပါယ်တွေ သက်ရောက်နေမှာလဲ။
`အမျိုးသား သွေးစည်းရေး´တဲ့
ဖဲ ၃ ချပ်သမားရဲ့ မမြှူစကားမှာ
ဝမ်းသာအားရ ဖြစ်ပြရမှာလား။
ဗမာပြည်ရဲ့ အနားသတ်မျဉ်း
ဒင်းတို့ စိတ်အလိုကျ
ရေးဆွဲခွင့် ပြုကြရမှာလား။
(၃)
မီးပြင်းလောင်မှ
စပါးကောင်းမယ်- တဲ့
တောင်ယာသမားဟာ
စပါးကောင်းကိုမှ ချစ်တတ်သူ။ ။
** ထက်မိုး **
(၂၈၊ ဧပြီလ၊ ၂၀၀၂၊ တောစပယ်စခန်း-ရှေ့တန်း)
(ကိုထက်မိုး၏ ပြန်ကျမိုးများမှ)


No comments:
Post a Comment