**(ကိုထက်မိုး၏ ပြန်ကျမိုးများ)**
(၁)
ခေတ်သစ်ဆက်သွယ်ရေး အဘိဓာန်မှာ
မိုင်ပေါင်းများစွာ ဝေးကွာနေခြင်းဆိုတာ
ဘာသာပြန်မရှိပါ သမီး။
(၂)
တယ်လီဖုန်းထဲက
ဖခင်ရဲ့ အသံဟာ
၅ နှစ်သမီးအတွက်
ပဉ္စလက်၊ မှော်
အပျော်
တော်လှန်ရေးတရပ် ပ။
ဘာပဲမေးမေး
`အင်း´သာဖြေတတ်ခဲ့
သမီးဘ၀ရဲ့ ပထမဆုံး
တယ်လီဖုန်းဆက်ဆံရေးဟာ
ကြည်နူးစရာကောင်းလိုက်တာ။
(၃)
ဖခင်နဲ့ ဝေးနေရတဲ့ရက်တွေမှာ
အမေက ရိုက်တဲ့အခါ
အဖေကို တမ်းတမှာ
အဖေကို တမ်းတတဲ့အခါ
တယ်လီဖုန်းကို လှမ်းကြည့်တော့မှာ။
ဖုန်းခေါ်သံမြည်တိုင်းမှာ
(ဧည့်သည်ဖြစ်တဲ့ သမီးဟာ)
ကစားနေတာ ခဏနား
နားခွင့်
အကျင့်သစ်တခုရတော့မှာ။
(၄)
ကြည်နူးဝမ်းသာ
သိပ္ပံပညာသည်
သမီးဘ၀ဆီ
ချစ်ခြင်းနှင့် ၀င်လာခဲ့ပြီ။
** ထက်မိုး **
(၂၇ ဇန်န၀ါရီ၊ ၂၀၀၂၊ မယ်လဒုက္ခသည်စခန်း)
(ကိုထက်မိုး၏ ပြန်ကျမိုးများမှ)
**(ကိုထက်မိုး၏ ပြန်ကျမိုးများ)**
(၁)
ခေတ်သစ်ဆက်သွယ်ရေး အဘိဓာန်မှာ
မိုင်ပေါင်းများစွာ ဝေးကွာနေခြင်းဆိုတာ
ဘာသာပြန်မရှိပါ သမီး။
(၂)
တယ်လီဖုန်းထဲက
ဖခင်ရဲ့ အသံဟာ
၅ နှစ်သမီးအတွက်
ပဉ္စလက်၊ မှော်
အပျော်
တော်လှန်ရေးတရပ် ပ။
ဘာပဲမေးမေး
`အင်း´သာဖြေတတ်ခဲ့
သမီးဘ၀ရဲ့ ပထမဆုံး
တယ်လီဖုန်းဆက်ဆံရေးဟာ
ကြည်နူးစရာကောင်းလိုက်တာ။
(၃)
ဖခင်နဲ့ ဝေးနေရတဲ့ရက်တွေမှာ
အမေက ရိုက်တဲ့အခါ
အဖေကို တမ်းတမှာ
အဖေကို တမ်းတတဲ့အခါ
တယ်လီဖုန်းကို လှမ်းကြည့်တော့မှာ။
ဖုန်းခေါ်သံမြည်တိုင်းမှာ
(ဧည့်သည်ဖြစ်တဲ့ သမီးဟာ)
ကစားနေတာ ခဏနား
နားခွင့်
အကျင့်သစ်တခုရတော့မှာ။
(၄)
ကြည်နူးဝမ်းသာ
သိပ္ပံပညာသည်
သမီးဘ၀ဆီ
ချစ်ခြင်းနှင့် ၀င်လာခဲ့ပြီ။
** ထက်မိုး **
(၂၇ ဇန်န၀ါရီ၊ ၂၀၀၂၊ မယ်လဒုက္ခသည်စခန်း)
(ကိုထက်မိုး၏ ပြန်ကျမိုးများမှ)


No comments:
Post a Comment