လူတစ်ယောက်သည် သွားအကြီးအကျယ်ကိုက်နေသဖြင့် သွားဆရာဝန်ထံ ရောက်လာပြီး ကြောက်ရွံ့တုန်လှုပ်နေသည်။ ထိုအခြင်းအရာကို မြင်နေရသော သွားဆရာဝန်က လူနာဖြစ်သူကို နှစ်သိမ့်ပြီး အရက်သောက်တတ်ပါသလားဟု မေးပြီး ၀ီစကီနှစ်ခွက်တိုက်လေ၏။ လူနာသည် အရက်ကို ဆက်တိုက်မော့ချလိုက်သည်ကို မြင်ရပြီး မကြာခင်မှာပင် ဆရာဝန်က…
`ကဲ… ခင်ဗျားအခု သတ္တိရှိလာပြီမဟုတ်လား´ဟု မေးလိုက်သဖြင့် အရက်သောက်ထားသူလူနာက သွားဆရာဝန်ကို ပြန်ဖြေလိုက်သည်မှာကား…
`အေး… ဟုတ်တယ်။ အခု ငါ့သွားတွေကို ထိရဲတဲ့ကောင် ထိကြည့်စမ်း ငါနဲ့ တွေ့သွားမယ်´ဟူ၏။
** စိန်ငှက်ရိုး **
(အရက်သမားလောက ဟာသများမှ)
Rest of your post
** (အရက်သမားလောက ဟာသများ) **

No comments:
Post a Comment