(ဗီယင်ကျန်း၊ စက်တင်ဘာလ ၁၇-ရက်)
အာရှတိုက်၏ အလွန့်အလွန်ရှားပါးလှသည့် ဦးချိုရှည်ကြီးနှစ်ချောင်းပါ သတ္တ၀ါတစ်မျိုးကို လာအိုနိုင်ငံရှိ ကျေးရွာသားများက ဖမ်းဆီးရမိထားကြောင်း စက်တင်ဘာလ ၁၆-ရက်နေ့က ဗီယင်ကျန်း မီဒီယာများတွင် ဖော်ပြသည်။ အဆိုပါ သတ္တ၀ါသည် နို့တိုက်သတ္တ၀ါဖြစ်ပြီး ရှားပါးတောင်ဆိတ် အမျိုးအနွယ်ဖြစ်ကြောင်း၊ တောရိုင်းတိရစ္ဆာန်လောကတွင် ထိုကဲ့သို့ သတ္တ၀ါကို တွေ့ရခဲကြောင်း၊ ယင်းသတ္တ၀ါ၊ ကောင်ရေမည်မျှရှိသည်ကိုလည်း မသိကြသေးကြောင်း သတင်းတွင် ဖော်ပြသည်။ ယင်းသတ္တ၀ါကို ၁၉၉၂ ခုနှစ်မှစ၍ အရှေ့တောင်အာရှ သစ်တောကြီးများအတွင်း တွေ့ရှိရတတ်ကြောင်း၊ လာအိုနိုင်ငံမှ ကျေးရွာသားများက ထောင်ချောက်ကင်မရာများဖြင့် ရိုက်ကူးထားသည့် ဓာတ်ပုံသည်ပင်လျှင် အနည်းငယ်မျှသာ ရှိသေးကြောင်း လာအိုတောရိုင်းတိရစ္ဆာန်ထိန်းသိမ်းရေးတာဝန်ရှိသူများက ပြောကြားသည်။ (အင်တာနက်)
** ဟစ်တလာ သူလျှိုမယ်၏ ဓာတ်ပုံ လေလံတင်ရောင်းချမည် **
(ဘာလင်၊ စက်တင်ဘာလ ၁၇-ရက်)
ဒုတိယကမ္ဘာစစ်အတွင်းက ဟစ်တလာအတွက် သူလျှိုလုပ်ပေးခဲ့သူ အမျိုးသမီးတစ်ဦး၏ ဓာတ်ပုံကို စက်တင်ဘာလ ၃၀-ရက်နေ့တွင် လေလံတင်ရောင်းချမည်ဖြစ်ကြောင်း မူလ်လော့ခ်လေလံတင်ရောင်းချရေးအဖွဲ့က စက်တင်ဘာလ ၁၆-ရက်နေ့က ပြောကြားသည်။ (အင်တာနက်)
** သြစတြေးလျ မူလတိုင်းရင်းသားများ ကမ္ဘာ့ပထမဆုံး နက္ခတ္တဗေဒပညာရှင်များဖြစ်နိုင်ဟုဆို **
(ကင်ဘာရာ၊ စက်တင်ဘာလ ၁၇-ရက်)
သြစတြေးလျနိုင်ငံမှ မူလတိုင်းရင်းသားများမှာ ကမ္ဘာ့ပထမဆုံး နက္ခတ္တဗေဒပညာရှင်များဖြစ်ကောင်းဖြစ်မည်ဟု သြစတြေးလျဓနသဟာယ သိပ္ပံနှင့် စက်မှုသုတေသနအဖွဲ့(စြီအက်စ်အိုင်အာရ်အို)၏ လေ့လာတွေ့ရှိချက်တွင် စက်တင်ဘာလ ၁၆-ရက်နေ့က ဖော်ပြသည်။ (ဆင်ဟွာ)
** စုစည်းဘာသာပြန်-မောင်မောင်မြင့်ဆွေ **
** အလွန်ရှားပါးသည့် တောင်ဆိတ် သတ္တ၀ါတစ်မျိုး လာအိုနိုင်ငံ အလယ်ပိုင်း၌ တွေ့ရှိ **

No comments:
Post a Comment