(၁)
စစ်ရုံးချုပ်ထဲမှာ
ကိုယ်သမိုင်းကိုယ် ပြန်နင်းကြပြီ။
အနှစ် ၅၀ ကျော်ပြည်တွင်းစစ်
လူထုသွေးနဲ့ အဆီယစ်
အာဏာမာန်ဖီ၊ အပြန်အလှန်
`ခွပ်စောင်းသံ´စစ်တီးဝိုင်း။
`တပည့်ဝတ်´ကို
ဆရာက လှံစွပ်နဲ့ ရေးသား
ဆရာဝတ်ကို
တပည့် ကဘက်နက်နဲ့ရေးသား။
ဗမာပြည်ကို
တိုက်ရာပါ ပစ္စည်းအဖြစ်
အမွေခွဲကြ
တပည့်က ပိုလက်စောင်းထက်သွားတဲ့အခါ
(အဖေကြီး အမိန့်မွေအလာ)
မသက်သာဘူးသာ မှတ်ကြပေတော့ပေါ့။
(၂)
ဒီနေ့တည့်တည့်မှာ
ပညာရှင်… တွေ
ကျွမ်းကျင်သူ… တွေ
သုတေသီ… တွေ
… … … … တဲ့
စားပွဲမှာ ခပ်ကြာကြာထိုင်ကြ
ဝှက်ဖဲကို တွက်ဆ
`ပွက်ထ´
(တချို့ကတော့ ခေါင်းဆောင်ပီသစွာ)
(၃)
တွေ့ဆုံဆွေးနွေးရေးကို
မထိခိုက်စေပါဘူး တဲ့
`ကြောင်ဖား´ကြီးက လျှာတပြတ်ပြတ်နဲ့
မျက်စလှမ်းပစ်တယ်။
(၄)
`ဓား- ဓား ချင်း၊ လှံ- လှံချင်း
အာဏာမာန်တ၀င်းဝင်း
စစ်သင်္ချိုင်းထဲမှာ နေရာလုယက်
မှန်အောင်ပစ်မဲ့၊ တည့်တည့်ပစ်မဲ့
စာရင်းရှင်းပွဲပေလား။
(၅)
ဟိုရေဒီယိုအင်တာဗျူးထဲက
ပဲခူးက ထီဆိုင်ပိုင်ရှင်နဲ့
မန္တလေးက အိမ်ရှင်မမှအပ
လူထုကတော့ စိတ်ဝင်စားကြတယ်။
(၆)
မြေခွေးနဲ့ ၀ံပုလွေတို့ရဲ့
စားခွက်လုတဲ့ပွဲမှာ
ပါးကွက်သားက
လူသတ်သမားလို့ စွပ်စွဲတဲ့ပွဲမှာ
မြင့်မြတ်ပြီး အတွေ့အကြုံကြီးတဲ့
လူထုထံမှာ
ဘာဂရုဏာမှ
ဒင်းတို့- ရစရာမရှိ…။
** ထက်မိုး **
(၆ ဧပြီ ၂၀၀၂ )-
(ကိုထက်မိုး၏ ပြန်ကျမိုးများမှ)
**(ကိုထက်မိုး၏ ပြန်ကျမိုးများ)**
(၁)
စစ်ရုံးချုပ်ထဲမှာ
ကိုယ်သမိုင်းကိုယ် ပြန်နင်းကြပြီ။
အနှစ် ၅၀ ကျော်ပြည်တွင်းစစ်
လူထုသွေးနဲ့ အဆီယစ်
အာဏာမာန်ဖီ၊ အပြန်အလှန်
`ခွပ်စောင်းသံ´စစ်တီးဝိုင်း။
`တပည့်ဝတ်´ကို
ဆရာက လှံစွပ်နဲ့ ရေးသား
ဆရာဝတ်ကို
တပည့် ကဘက်နက်နဲ့ရေးသား။
ဗမာပြည်ကို
တိုက်ရာပါ ပစ္စည်းအဖြစ်
အမွေခွဲကြ
တပည့်က ပိုလက်စောင်းထက်သွားတဲ့အခါ
(အဖေကြီး အမိန့်မွေအလာ)
မသက်သာဘူးသာ မှတ်ကြပေတော့ပေါ့။
(၂)
ဒီနေ့တည့်တည့်မှာ
ပညာရှင်… တွေ
ကျွမ်းကျင်သူ… တွေ
သုတေသီ… တွေ
… … … … တဲ့
စားပွဲမှာ ခပ်ကြာကြာထိုင်ကြ
ဝှက်ဖဲကို တွက်ဆ
`ပွက်ထ´
(တချို့ကတော့ ခေါင်းဆောင်ပီသစွာ)
(၃)
တွေ့ဆုံဆွေးနွေးရေးကို
မထိခိုက်စေပါဘူး တဲ့
`ကြောင်ဖား´ကြီးက လျှာတပြတ်ပြတ်နဲ့
မျက်စလှမ်းပစ်တယ်။
(၄)
`ဓား- ဓား ချင်း၊ လှံ- လှံချင်း
အာဏာမာန်တ၀င်းဝင်း
စစ်သင်္ချိုင်းထဲမှာ နေရာလုယက်
မှန်အောင်ပစ်မဲ့၊ တည့်တည့်ပစ်မဲ့
စာရင်းရှင်းပွဲပေလား။
(၅)
ဟိုရေဒီယိုအင်တာဗျူးထဲက
ပဲခူးက ထီဆိုင်ပိုင်ရှင်နဲ့
မန္တလေးက အိမ်ရှင်မမှအပ
လူထုကတော့ စိတ်ဝင်စားကြတယ်။
(၆)
မြေခွေးနဲ့ ၀ံပုလွေတို့ရဲ့
စားခွက်လုတဲ့ပွဲမှာ
ပါးကွက်သားက
လူသတ်သမားလို့ စွပ်စွဲတဲ့ပွဲမှာ
မြင့်မြတ်ပြီး အတွေ့အကြုံကြီးတဲ့
လူထုထံမှာ
ဘာဂရုဏာမှ
ဒင်းတို့- ရစရာမရှိ…။
** ထက်မိုး **
(၆ ဧပြီ ၂၀၀၂ )-
(ကိုထက်မိုး၏ ပြန်ကျမိုးများမှ)


No comments:
Post a Comment