
**ရဲဘော်တို့
အခု ဘောင်းဘီတွေ ခဏချွတ်၊
ငါတို့ သေနတ်တွေ ခါးပုံစထဲမှာ မမြင်အောင်ဖွက်လို့
လွှတ်တော်ထဲကို စစ်ထွက်ကြမယ်...
အဲဒီတော့ မှာချင်တာ
၁။ လုပ်ချင်တာတွေ ဆက်လုပ်ကြမယ်။
အဲဒီတော့ မှာချင်တာ
၂။ ရမ်းချင်တိုင်းရမ်းကြမယ်။
အဲဒီတော့ မှာချင်တာ
၃။ ရိုင်းသမျှ ကိုယ့်အတွက်ဘဲဖြစ်ရမယ်။
**ရဲဘော်တို့
အခု ရင်ကျိုးခံ ခါးကုန်းစံမယ့်
ပြည်သူတွေက အဆင်သင့်ဘဲ
ပြည်သူဆိုတာ ငါတို့ရန်သူ
ဒီမိုကရေစီဆိုတာ
ငါတို့ ခိုးလုဆောင်းရမယ့် သရဖူ
ဘာအဖြူတွေ့တွေ့ အရောင်ခြယ်
အမှန်ပြောသူတွေအတွက်
ငါတို့ပြင်ဆင်ထားခဲ့တဲ့
ကြံတောအသစ်တွေနဲ့
နရသိန်ဝင်စာလက်မှတ်အသစ်တွေ အဆင်သင့်
တာလဘောဟင်းချိုအရသာသစ်နဲ့
အာဏာသိမ်းမှုအသစ်ဟာ
တို့ ဆက်လျှောက်မယ့် ရည်မှန်းချက်ဖြစ်တယ်
အရာရာဟာ အစိမ်းနဲ့ဘဲ အယူတိမ်းရမယ်။
ငါတို့ အဲဒီလွှတ်တော်ထဲမှာလည်း
အောင်လံဆက်ထူမယ်....
**ရဲဘော်တို့
”အားလုံးသတိ..”.....။ ။
**ရွက်သစ်**

**ရဲဘော်တို့
အခု ဘောင်းဘီတွေ ခဏချွတ်၊
ငါတို့ သေနတ်တွေ ခါးပုံစထဲမှာ မမြင်အောင်ဖွက်လို့
လွှတ်တော်ထဲကို စစ်ထွက်ကြမယ်...
အဲဒီတော့ မှာချင်တာ
၁။ လုပ်ချင်တာတွေ ဆက်လုပ်ကြမယ်။
အဲဒီတော့ မှာချင်တာ
၂။ ရမ်းချင်တိုင်းရမ်းကြမယ်။
အဲဒီတော့ မှာချင်တာ
၃။ ရိုင်းသမျှ ကိုယ့်အတွက်ဘဲဖြစ်ရမယ်။
**ရဲဘော်တို့
အခု ရင်ကျိုးခံ ခါးကုန်းစံမယ့်
ပြည်သူတွေက အဆင်သင့်ဘဲ
ပြည်သူဆိုတာ ငါတို့ရန်သူ
ဒီမိုကရေစီဆိုတာ
ငါတို့ ခိုးလုဆောင်းရမယ့် သရဖူ
ဘာအဖြူတွေ့တွေ့ အရောင်ခြယ်
အမှန်ပြောသူတွေအတွက်
ငါတို့ပြင်ဆင်ထားခဲ့တဲ့
ကြံတောအသစ်တွေနဲ့
နရသိန်ဝင်စာလက်မှတ်အသစ်တွေ အဆင်သင့်
တာလဘောဟင်းချိုအရသာသစ်နဲ့
အာဏာသိမ်းမှုအသစ်ဟာ
တို့ ဆက်လျှောက်မယ့် ရည်မှန်းချက်ဖြစ်တယ်
အရာရာဟာ အစိမ်းနဲ့ဘဲ အယူတိမ်းရမယ်။
ငါတို့ အဲဒီလွှတ်တော်ထဲမှာလည်း
အောင်လံဆက်ထူမယ်....
**ရဲဘော်တို့
”အားလုံးသတိ..”.....။ ။
**ရွက်သစ်**


No comments:
Post a Comment