ညီညွတ်ရေး ဆိုတဲ့စကားဟာသမိုင်းစဉ်အဆက်ဆက် နိုင်ငံရေး၊လူမှုရေး၊ ဘာသာရေးနယ်ပယ်တွေမှာ တွင်တွင် ကြီးသုံးစွဲခဲ့ကြပါတယ်။အထူးသဖြင့်နိုင်ငံရေးမှာအသုံးအများဆုံးပါ။
ညီညွတ်ရေးသည် အင်အား
ညီညွတ်မှုနှင့်အောင်ပွဲယူကြစို့
စသည်စသည်ဖြင့် ဗမာပြည်သမိုင်းအဆက်ဆက် နိုင်ငံရေးခေါင်းဆောင်များ။ အဆင့်ဆင့်တာဝန်ရှိသူများဟာ ဒီစကားလုံးကိုသုံးပြီး သူတို့လိုချင်တဲ့စုစည်းမှုတခုကို တည်ဆောက်ဘို့ အမြဲကြိုးစားခဲ့ကြပါတယ်။ သို့သော် လည်း နိုင်ငံရေးခေါင်းဆောင်များဟာလောဘ၊ ဒေါသ၊ မောဟ၊ မကင်းတဲ့လူသားများဖြစ်တဲ့အတွက် မိမိအ တွေးအခေါ်၊ အယူ အဆကိုရှေ့တန်းတင်ပြီး သူတို့ရည်ရွယ်ရာကိုရအောင် အားလုံးကိုစုစည်းမှုကိုမကြိုစားဘဲ သူ့အုပ်စု၊ ကိုယ့် အုပ်စုဖွဲ့ ကြပြီးအုပ်စု။ ဂိုဏ်းဂဏထူထောင်၍ အုပ်စုတစုနှင့် တစုသတ်ကြဖြတ်ကြ၊ အနိုင် ကျင့်ကြ၊ ကောက်ကျစ် ယုတ်မာမှုတွေကြောင့် လိုချင်တဲ့ပန်းတိုင်ကို မရောက်ဘဲ အကွဲကွဲအပြဲပြဲတွေနဲ့ ၀မ်း နည်းစရာ။ ကြေကွဲစရာတွေနဲ့ပြည့်နှက်နေခဲ့တာ ဗမာပြည်နိုင်ငံရေးသမိုင်းတလျှောက်ကို လေ့လာကြည့် ရင်တွေ့ကြပါလိမ့်မယ် ဗမာပြည် သမိုင်း မှာပဒေသ ရာဖ်ခေတ်၊ နယ်ချဲ့တော်လှန်ရေး၊ ဖက်ဆစ်တော်လှန်ရေး၊ ပြည်တော်သာ၊ စစ်အာဏာ ရှင် ဆန့်ကျင်ရေး ဒီမိုကရေစီရေး ယခုထိညီညွတ်ရေးကို တည်ဆောက်နိုင်ပြီး ပန်းတိုင်ကို ညီညာစွာချီတက်၍ အောင်ပန်းကို ဆွတ်ခူးနိုင်ခဲ့တယ်ဆိုတဲ့ သမိုင်းအဖြစ်အပျက် ကျွှန်တော်လေ့ လာသလောက်တခါမှမရှိခဲ့ဘူးပါ။ ညီညွတ်မှအင်အားဖြစ်မယ်၊ အင်အားရှိမှအောင်ပွဲရမယ်ဆိုတာ ဘယ်သူမှ မငြင်းနိုင်တဲ့ အမှန်တရားပါ၊ညီညွတ်မှုနှင့်အောင်ပွဲယူကြစို့
ဒီလိုဆိုရင်
ညီညွတ်ရေးကိုဘယ်လိုတည်ဆောက်မလဲဆိုတာကျွှန်တော်တွေးပါတယ်၊ကျွှန်တော်တွေးတာကဒီလိုပါ။နိုင်ငံ
တိုင်းမှာတော်လှန်ရေးတခုကိုလုပ်ကြမယ်ဆိုရင်အားလုံးညိညွတ်ဘို့အတွက်ယုံကြည်ချက်၊ခံယူချက်၊အတွေး
အခေါ်၊အယူအဆတူညီဘို့လိုအပ်ပါတယ်ဒီအပေါ်မှာအားလုံးလက်ခံတဲ့အလံ၊လူပုဂွိုလ်ဆိုတဲ့မဏ္ဋိုင်တခုလို
ပါတယ်၊ဒီမဏ္ဋိုင်မှာယုံကြည်ချက်၊ခံယူချက်ကိုအောင်မြင်အောင်အကောင်အထည်ဖေါ်ဘို့အတွက်လူပုဂွိုလ်
ခေါင်းဆောင်ရွေးချယ်မှုဟာအလွန်အရေးကြီးပါတယ်၊ဒီခေါင်းဆောင်ဟာလူထုအားလုံးလက်မခံသည့်တိုင်
အများစုလက်ခံတဲ့သူဖြစ်ရပါမယ်၊ယုံကြည်ချက်ခံယူချက်ခိုင်မြဲသူ၊အများကိုဦးဆောင်နိုင်တဲ့အရည်ချင်းရှိသူ
ဖြစ်ရပါမယ်။ဒီလိုဆိုရင်ညီညွတ်စွာတိုက်ပွဲဝင်ပြီးအောင်မြင်ခဲ့တဲ့ANCဆိုတဲ့တောင်အာဖရိကနိုင်ငံအမျိုးသား
ကွန်ဂရက်ကိုပြန်ကြည့်ရအောင်တောင်အာဖရိကနိုင်ငံတော်လှရေးမှာကျွှန်တော်တို့နိုင်ငံနှင့်မတူထူခြားတာ
ကအုပ်ချုပ်သူလူဖြုနှင့်အုပ်ချုပ်ခံလူမဲတို့တိုက်ပွဲပါသူတို့ကာလာအစုချင်းညီညွတ်မှုအင်အားရှိထားပြီးဖြစ်တယ်၊
လူမဲညီညွတ်မှုအင်အားကိုအောင်ပွဲရသည်အထိဦးဆောင်သယ်ဆောင်သွားသူကနယ်လ်ဆင်မန်ဒဲလားပါ။သူရဲ့
ဦးဆောင်မှုအောက်မှာလူမဲတရပ်လုံးလိုက်ခဲ့ကြပါတယ်သူထောင်ကျနေပေမဲ့လို့ထောင်ထဲကလူထုတရပ်လုံးကို
ဦးဆောင်နိုင်ခဲ့တယ်လူထုကလဲသူပြောသမျှကိုလိုက်လုပ်ကြပါတယ်ဒါကြောင့်သူတို့လိုချင်တဲ့ပန်းတိုင်ကိုရောက်
သွားကြပါတယ်၊ကျွှန်တော်ပြောတဲ့မဏ္ဋိုင်အရေးကြီးတယ်ဆိုတာဒါကိုပြောတာပါဒီတော့ကျွှန်တော်တို့တိုင်းပြည်
ကိုပြန်ကြည့်ရအောင်ဗမာပြည်မှာတောင်အာဖရိကလိုအဖြုအမဲကာလာခွဲတိုက်တဲ့တိုက်ပွဲမဟုတ်ပါကျွှန်တော်တို့
တိုင်းပြည်မှာဘာသာတူလူမျိုးတူအများစုနှင့်ဘာသာတူလူမျိုးစု၊ဘာသာမတူလူမျိုးစုများစုပေါင်းနေထိုင်ကြတဲ့
နိုင်ငံဖြစ်ပါတယ်အခြေအနေမတူပါသို့သော်ငြားကျွှန်တော်တို့မှာစစ်အာဏာရှင်ကလွဲလို့အားလုံးတူညီတဲ့မူရှိ
ပါတယ်။အဲဒါကတော့စစ်အာဏာရှင်ကျဆုံးရေးနှင့်ဒီမိုကရေစီနိုင်ငံထူထောင်ရေးဘဲဖြစ်တယ်ဒီမူကိုအောင်မြင်
အောင်အကောင်အထည်ဖေါ်ဘို့အတွက်ကျွှန်တော်အထက်ကပြောခဲ့သလိုလူထုအများစုလက်ခံတဲ့လူ
်ပုဂွိုလ်ခေါင်းဆောင်ရှိဘို့လိုပါတယ်အဲဒါမဏ္ဋိုင်ပါ။တိုင်းပြည်မှာဒီမဏ္ဋိုင်နှင့်ကိုက်ညီတာဆိုလို့ကျွှန်တော်အမြင်အရ
ဒေါ်အောင်ဆန်းစုကြည်ကလွဲလို့ဘယ်သူမှမဖြစ်နိုင်ပါ၊ဒေါ်စုဟာလူထုအများစုထောက်ခံမှုကိုရထားခြင်း။
နိုင်ငံတကာထောက်ခံမှုကိုလဲရထားခြင်း။အမျိုးသားခေါင်းဆောင်
ဗိုလ်ချုပ်အောင်ဆန်းရဲ့သမီးဖြစ်သလိုကိုယ်ပိုင်အရည်အချင်းအရလည်းအားလုံးပြည့်စုံတဲ့ခေါင်းဆောင်တယောက်
်ဖြစ်ပါတယ်ဒေါ်စုဟာစကတည်းကနေယခုချိန်ထိစစ်အာဏာရှင်ကိုလက်မလျော့စတမ်းတိုက်ပွဲဝင်နေတုန်းဘဲ
ဆိုတာအားလုံးသိပါတယ်။တောင်အာဖရိကမှာနယ်လ်ဆင်မန်ဒဲလားကိုဝိုင်းရံကြသလိုကျွှန်တော်တို့လဲဒေါ်စုကို
အားလုံးက၀ိုင်းရံကြမယ်ဆိုရင်အားလုံးလိုချင်တဲ့ညီညွတ်ရေးဆိုတာပြောနေစရာမလိုဘဲနဲ့အလိုလိုရရှိသွားမှာ
ဖြစ်ပါတယ်ဆိုလိုတာကပြည်တွင်းကလည်းဒီအသံ။နယ်စပ်ကလည်းဒီအသံ။နိုင်ငံတကာကလဲဒီအသံဆိုရင
်ဒီလောက်အင်အားကြီးတဲ့ညီညွတ်မှုဆိုတာဘယ်မှာမှမရှိတော့ပါဒီညီညွတ်မှုအင်အားကြီးနဲ့စစ်အာဏာရှင်ကို
တွန်းလှန်လိုက်မယ်ဆိုရင်ကျွှန်တော်တို့လိုချင်တဲ့ဒီမိုကရေစီပန်းတိုင်ကိုအမြန်ဆုံးရရှိမှာမလွဲပါ။အခုတလော
တိုင်းပြည်အရေးကြီးတဲ့အချိန်မှာဒေါ်စုနှင့်NLDခေါင်းဆောင်များကိုဝေဖန်သံ၊မယုံကြည်တဲ့အသံ၊ဆန့်ကျင်တိုက်
ခိုက်တဲ့အသံတွေပလူပျံအောင်ကြားနေရပါတယ်။လုံးဝမဖြစ်သင့်ပါဒီလိုလုပ်ကြချင်းဟာညီညွတ်မှုအင်အားပြိုကွဲ
သွားသလိုကျွှန်တော်တို့လိုချင်တဲ့ပန်းတိုင်နဲ့လဲအလှမ်းဝေးသွားစေပါတယ်တိုင်းပြည်အတွက်အများကြီးနစ်နာ
ပါတယ်။လူတိုင်းမှာအားနည်းချက်အားသာချက်ရှိစမြဲပါဒေါ်စုမှာလဲအားနည်းချက်ရှိနိုင်ပါတယ်ဒီအားနည်ချက်
ကိုအတွင်းစည်းကအပြုသဘောပြုပြင်ကြရင်ဖြစ်နိုင်ပါတယ်ကျွှန်တော်တို့တိုင်းပြည်မှာဒေါ်စုထက်တော်တဲ့တတ်
်တဲ့လူအများကြီးရှိတယ်ဆိုတာကျွှန်တော်အပြည့်အ၀လက်ခံပါတယ်။မငြင်းနိုင်တဲ့အရာပါသို့သော်လဲငါတော်တယ်
ငါတတ်တယ်ဆိုပြီးငါသာခေါင်းဆောင်။ငါလုပ်မှရမယ်ဆိုတဲ့အယူအဆမျိုးကိုမတွေးစေချင်ပါယူဆရင်လဲမှားလိမ့်မယ်
လို့ထင်ပါတယ်။ဦးဝင်းတင်၊ဦးတင်ဦးတို့ဟာဒေါ်စုထက်အများကြီးအတွေ့အကြုံရှိပါတယ်၊တော်တယ်တတ်ပါတယ်
သို့သော်သူတို့ဟာရှေ့ကမထွက်ပါ။အများစုလက်ခံတဲ့ထင်ရှားတဲ့ခေါင်းဆောင်ဒေါ်စုဆိုတဲ့မဏ္ဋိုင်နောက်မှာဝိုင်းရံ
ထိမ်းသိမ်းပဲ့ပြင်ပြီးနေကြပါတယ်သူတို့လိုဘဲဒီသဘောတရားနဲ့တိုင်းပြည်တခုလုံးဝိုင်းရံကြမယ်ဆိုရင်ဘယ်သူမှ
တားလို့မရတဲ့ညီညွတ်တဲ့အင်အားကြီးတရပ်ရရှိမှာအမှန်ပါညီညွတ်ရေးလို့ပြောစရာမလိုဘဲအလိုလိုညီညွတ်ပြီး
သားဖြစ်သွားမဲ့သဘောပါခေါင်းဆောင်တယောက်ဟာဘက်စုံပြည့်စုံဘို့မလိုပါအများစုလက်ခံတဲ့အရည်အချင်း
ရှိဘို့သာလိုပါတယ်.ဥပမာအမေရိကန်သမ္မတကိုကြည့်ပါ။သမ္မတဟာဘက်စုံပြည့်စုံတဲ့သူမဟုတ်ပါ။ပြည်သူအများ
စုကရွေးချယ်ထားတဲ့သူသာဖြစ်တယ်။သမ္မတဆိုတဲ့မဏ္ဋိုင်ကိုပညာရှင်များကဘက်စုံဝိုင်းရံလိုက်တဲ့အခါပြည့်စုံ
တဲ့သမ္မတတယောက်ဖြစ်လာခဲ့ပါတယ်ဒေါ်စုကိုလဲငါတော်တယ်ငါတတ်တယ်လို့မစဉ်းစားဘဲကိုယ်တတ်ကျွမ်းတဲ့
ဘက်က၀ိုင်းရံလိုက်ကြမယ်ဆိုရင်ဒေါ်စုဟာပြီးပြည့်စုံတဲ့ခေါင်ဆောင်တယောက်ဖြစ်သွားမှာအမှန်ပါဒါပေမဲ့တချို့
သောသူများကဒေါ်စုဟာတခုခုမှားသွားခဲ့မယ်ဆိုရင်ကောဟုမေးခွန်းထုတ်နိုင်ပါတယ်။ဒီမေးခွန်းနဲ့ပတ်သက်
လို့ကျွှန်တော်ရဲ့အကောင်းဆုံးအတွေ့အကြုံတခုနဲ့ဖြေပါရစေ။ကျွှန်တော်အလွန်ရိုသေလေးစားတဲ့ဆရာကြီး
ဦးတင်မိုးမကွယ်လွန်ခင်ကအမေရိကန်မှာသူသွားချင်တဲ့နေရာတော်တ်ာများများကိုကျွှန်တော်ကားနှင့်လိုက်ပို့ခွင့်
့်ရခဲ့သလိုကျွှန်တော်အိမ်မှာလဲတလကျော်ကျာ်နေဘူးခဲ့ပါတယ်။ဆရာကြီးနှင့်အတူနေအတူသွာခဲ့စဉ်အတွင်းမှာ
ဆရာကြီးရဲ့အတွေးအခေါ်အယူအဆ၊ယုံကြည်ချက်၊ခံယူချက်၊ရပ်တည်ချက်တွေကိုအနီးကပ်ဆည်းပူးခွင့်ရခဲ့
ပါတယ်။ဆရာကြီးဟာဒေါ်စုကိုအလွန်ယုံကြည်လေးစားသူဖြစ်ပါတယ်၊သူ့ရဲ့တိုင်းပြည်ချစ်တဲ့စိတ်ကြောင့်ဖြစ်ပေါ်
လာတဲ့မျှော်လင့်ချက်ကိုဒေါ်စုဘဲအကောင်အထည်ဖေါ်ပေးနိုင်လိမ့်မယ်လို့အပြည့်အ၀ယုံကြည်ထားသူဖြစ်
ပါတယ်။
သူကျွှန်တော်ကိုအမြဲတမ်းပြောတာကသန်းဝင်းမင်းစိတ်ထဲမှာအမြဲထည့်ထားရမှာကငါတို့တိုင်းပြည်ကိုကယ်တင
်နိုင်တာဒေါ်အောင်ဆန်းစုကြည်တယောက်ဘဲရှိတယ်။ဒီလိုခေါင်းဆောင်တယောက်ပေါ်ထွန်းဘို့ငါနှစ်ပေါင်း
များစွာစောင့်ခဲ့ရတယ်ဒေါ်စုဟာငါတို့တိုင်းပြည်ကိုအလင်းရောင်ပေးနိုင်တဲ့တခုတည်းသောဖရောင်းတိုင်
်ဖြစ်တယ်။
ဒီအလင်းရောင်မပျောက်ကွယ်သွားအောင်တိုးလာမဲ့လေတွေမ၀င်နိုင်အောင်ငါတို့ကာကွယ်ပေးရမယ်။
ဒီအလင်းရောင်ပျောက်ကွယ်သွားရင်ငါတို့တိုင်းပြည်အမှောင်ဖုံးသွားလိမ့်မယ်လို့ကျွှန်တော်ကိုတဖွဖွမှာ
ကြားခဲ့ပါတယ်။အားလုံးမျှဝေခံစားနားလည်နိုင်ကြပါစေ။တနေ့မှာပညာရှင်များနှင့်ဆွေနွေးပွဲတခုရောက်သွား
ပါတယ်။
တက္ကသိုလ်တခုမှာပါ။ဆရာဦးဝင်းဖေ၊ဆရာမောင်စွမ်းရည်တို့ပါပါတယ်။ကျွှန်တော်တို့စားပွဲတလုံးမှာအတူထိုင်
နေကြတဲ့အချိန်မှာဒေါက်တာဇာနည်နှင့်ပညာရှင်တချို့လာရောက်ပြီးထိုင်စကားပြောကြပါတယ်။
အဲဒီအချိန်တုန်းကကိုဇာနည်ဟာဗမာပြည်ပြန်ဝင်တော့မဲ့အချိန်ပါ။ဆရာကြီးသိပါတယ။်စကားပြောယင်းနှင
့်ဇာနည်ကဒေါ်စုကိုမယုံကြည်တဲ့အကြောင်းကိုဆရာ့ကိုပြောတယ်။ဆရာကဘာဖြစ်လို့မယုံကြည်တာလဲလို့
တခွန်းဘဲမေးပါတယ်။ဇာနည်ကအများကြီးပြောပါတယ။်ဆရာကဘာမှပြန်မပြောဘဲနားထောင်နေတယ်။
ဇာနည်ပြောပြီးဆရာကိုမေးတယ်။ဆရာကောဒေါ်စုကိုဘယ်လိုသဘောထားလဲဆိုတော့ဆရာကငါမှာရိုသေ
လေးစားခဲ့တဲ့ဆရာကြီးတွေအများကြီးရှိကြောင်း၊ဒါပေမဲ့တိုင်းပြည်အရေး။ဒီမိုကရေစီရေးနဲ့ပတ်သက်ရင်
ဒေါ်စုကိုအပြည့်အ၀လေးစားယုံကြည်ကြောင်းပြောပါတယ်။ဇာနည်ကထပ်မေးတယ။်ဆရာဘာကြောင့်ဒေါ်စုက
ိုယုံကြည်တာလဲမေးတော့ဆရာကမင်းကငါလူတယောက်ကိုလွယ်လွယ်ကူကူယုံကြည်လိမ့်မယ်လို့ထင်သလား
လို့ပြန်မေးပါတယ်။ဇာနည်ကဆရာလိုပုဂွိုလ်ကြီးအလွယ်တကူယုံမယ်လို့မထင်ကြောင်းပြောတယ်။ဆရာက
ဒေါ်စုကိုငါအနီးကပ်လေ့လာတယ်။ငါတတ်သလောက်ဗဟုသုတပညာနှင့်အချိန်ယူပြီးလေ့လာဆန်းစစ်ကြည့်
တယ။်ဒေါ်စုဟာတိုင်းပြည်ရဲ့ခေါင်းဆောင်အစစ်ဖြစ်တယ်လို့ငါဆုံးဖြတ်တယ်လို့ပြောပါတယ။်ဇာနည်ကတကယ်
လို့ဒေါ်စုကတခုခုမှားခဲ့မယ်ဆိုရင်ကောဆရာလို့ပြန်မေးတဲ့အခါဆရာကငါ့အတွေ့အကြုံ၊ပညာဗဟုသုတကို
ငါယုံတယ။်တကယ်မင်းပြောသလိုငါယုံကြည်တဲ့ခေါင်းဆောင်ဟာမှားယွင်းကိုထား၊ကုန်ကုန်ပြောမယ်ကွာ။
ငါ့ခေါင်းဆောင်ဂျောက်ထဲခုန်ချရင်ငါပါလိုက်ခုန်ချမယ်ကွာငါယုံကြည်ချက်ကိုဘယ်တော့မစွန့်လွှတ်ဘူးကွလို့
ဆရာကြီးကဖြေကြားခဲ့ပါတယ်။
အားလုံးစဉ်းစားကြည့်ကြပါဆရာကြီးရဲ့ယုံကြည်ချက်၊ခံယူချက်၊ရပ်တည်ချက်တွေဟာဘယ်လောက်တည်တန့်
ခိုင်မြဲသလဲ။လေးစားတန်ဘိုးထားအတုယူသင့်တဲ့ရပ်တည်ချက်ဖြစ်ပါကြောင်း။ဒါကြောင့်ကျွှန်တော်ဟာဆရာကြီး
ထံမှသင်ကြားခဲ့သော၊ဆည်ပူးခဲ့သောအတွေ့အကြုံဗဟုသုတများကိုလက်တွေ့အသုံးချနိုင်အောင်အမြဲ
ကျိုးစားခဲ့ပါတယ်အားလုံးအတုယူလိုက်နာဆောင်ရွက်သင့်တယ်လို့ကျွှန်တော်ထင်ပါတယ်။
ကျွှန်တော်တို့ဟာစစ်အာဏာရှင်ကိုအပြီးတိုင်ချေမှုန်းနိုင်ဘို့တိုက်ပွဲဝင်ကြတာပါဒီစစ်အုပ်စုရှိနေသ၍တိုက်ပွဲ
ဝင်ရအုံးမှာဘဲဖြစ်ပါတယ်၊စစ်အုပ်စုအားသာနေတယ်ငါတို့ကအားနည်းနေတယ်ဆိုတာကိုစဉ်းစားစရာမလိုပါ
နောက်ဆုံးကောက်ရိုးဘဲကျန်နေရင်လဲဒီကောက်ရိုးတပင်ကိုကိုင်ပြီးတိုက်ပွဲဝင်ရမှာကကျွှန်တော်တို့ဒီမိုကရေစီ
အင်အားစုတော်လှန်ရေးသမားတိုင်း၏ တာဝန်သာဖြစ်ပါကြောင်းတင်ပြလိုက်ရပါတယ်။
ကျွှန်တော်ဆောင်းပါးသည်တိုင်ပြည်အတွက်တစုံတရာအကျိုးရှိခဲ့သည်ရှိသော်ကျွှန်တော်ရေးရကျိုးနပ်ပါကြောင်း
ပါခင်ဗျား။
တိုင်းပြည်ရဲ့အကျိုး၊တိုင်းပြည်ရဲ့သိက္ခာကိုအစဉ်ဦးထိပ်ထားလျှက်
**သန်းဝင်း**
9/19/2010

No comments:
Post a Comment