ရဲခေါင်ပြောက်ကျား ချေဂွေဗားရား ကျဆုံးခဲ့ရသော ၁၉၆၇ ခုနှစ် အောက်တိုဘာလ ၉ ရက်နေ့ကို ဂုဏ်ပြုသောအားဖြင့် ၂၀၀၈ ခုနှစ်၊ အောက်တိုဘာ ၉ ရက်နေ့မှစ၍ အဖိနှိပ်ခံမြန်မာပြည်သားများအတွက် ရည်ရွယ်လျက် မြန်မာပြည်သားဘလော့ဂ်ကို အမှတ်တရ တင်ဆက်လိုက်ပါသည်။ ** ခွန်အားမျှဝေ... တို့တတွေသည်... မလွဲမသွေ ပြည်သူတွေအတွက်... **

Tuesday, September 21, 2010

“ဆက်ပြောနေကြရဦးမဲ့ ဘုံရန်သူဦးတည်ရေး”

> စစ်အုပ်စုကား NLD ပါတီဖျက်သိမ်းကြောင်းကြေငြာခြင်းနဲ့ နောက်ထပ်ခြေတစ်လှမ်းရှေ့တိုးလိုက်ပြန်ပါပြီ ၊ ချိန်ခွင်ရှာတဘက် စောင်းနေတဲ့ နိုင်ငံရေးအခြေအနေမှာ မကြေမနပ်ဖြစ်ယုံကလွဲလို့ ကျွန်တော်တို့ဘာမှမတတ်နိုင်သေး ၊ စစ်အုပ်စု တနေ့ဒီလို လုပ်မယ်ဆိုတာသိပြီးသားဖြစ်ပါလျက် ညီညီညွတ်ညွတ်နဲ့ကြိုတင်ပြင်ဆင်မှု ကျွန်တော်တို့ ဒီမိုကရေစီအင်အားစုတွေဘက်က လုပ်မှမလုပ်ထားနိုင်တာ ၊ စစ်အုပ်စုအနိုင်ကျင့်တာခံရတိုင်း(ထုံးစံအတိုင်း) အချင်းချင်းအပြစ်ဖို့ကြရင်း ပေါက်ကွဲချင်နေမှုတွေ ကိုအာသာဖြေကြတော့ စစ်အုပ်စုအကြိုက် ဖြစ်ပြီးရင်းဖြစ်ရင်း ဘုံရန်သူကိုလက်တွဲတိုက်ဘို့ ညီညွတ်ရေးမတည်ဆောက်နိုင် ဖြစ်နေခဲ့တာ ၂၂နှစ်သက်တမ်းကျော်ခဲ့ပါပြီ ။

ထင်တိုင်းကြဲနေနိုင်အောင် သန်းရွှေနဲ့စစ်ဝါဒီတွေမှာ ဘယ်လိုအရည်အချင်းတွေရှိလဲ ၊ ကျွန်တော် ခနခနတွေးကြည့်အဖြေရှာ ဘူးပါတယ် ၊ ပြည်သူတွေကို လက်နက်ပြခြိမ်းခြောက် အနိုင်ကျင့်ဖိနှိပ်ထားနိုင်လို့ဆိုတာတခုထဲကြောင့်မဟုတ်ပဲ တော်လှန်သူ အင်အားစုတွေကို ဖြိုခွဲနှိမ်နှင်းထားနိုင်လို့ဆိုတဲ့အချက်ကိုလဲ သတိထားမိပါတယ်။ဒါဟာ မဆလခေတ် ဗိုလ်နေ၀င်းလက်ထက် ထဲက စစ်ထောက်လှမ်းရေးတွေသုံးတဲ့ စိတ်ဓါတ်စစ်ဆင်ရေးနည်းဗျူဟာကို စစ်အာဏာရှင်အဆက်ဆက်က အမွေဆက်ခံပြီး ကောင်းကောင်းကျင့်သုံးခဲ့တာပဲဖြစ်ပါတယ် ။

၁၉၈၈ ခုနှစ်မတိုင်မှီကာလက နိုင်ငံရေးအရဖြစ်ဖြစ် ၊ စစ်ရေးအရဖြစ်ဖြစ် စစ်အာဏာရှင်တွေကို အထိရောက်ဆုံးတိုက်နိုင်ခဲ့တဲ့ ဗကပထဲကနေ ၀တွေကိုးကန့်တွေကိုခွဲထုတ်ပြီးဖြိုခွဲခဲ့ပါတယ် ၊ ရှစ်လေးလုံးအရေးတော်ပုံကိုရက်ရက်စက်စက်ဖြိုခွဲခံရလို့ ကျောင်းသားလူငယ်တွေတောခိုကြပြီး လက်နက်ကိုင်တော်လှန်ရေးအားကောင်းမဲ့အခြေနေမြင်တော့ မဖမ်းပါဘူး ၊ ပြန်လာ ကြပါဆိုတဲ့အကြောင်း စခန်းတွေရှိရာရဟတ်ယာဉ်နဲ့စာရွက်တွေကြဲခဲ့သလို ကြိုဆိုရေးစခန်းတွေဖွင့်ကြိုဆိုပြပြီး ကျောင်းသား တွေကြားမှာ သွေးကွဲအောင်လုပ်ခဲ့ပါတယ်၊ပြည်တွင်းမှာရှစ်လေးလုံးအရှိန်အဟုန်နဲ့ အားကောင်းကောင်းရှိနေတဲ့ ကျောင်းသား သမဂ္ဂကိုလဲ ဗကသ နဲ့ မကသလို့ အပြိုင်ဖြစ်အောင်ခွဲထုတ်ပြီး မကသကို မန္တလေးဆောင်မှာ တရားဝင်ခွပ်ဒေါင်းအလံထောင် ရုံးခန်းဖွင့်ခွင့်ပြုခဲ့ပါတယ် ၊ နောက်ပိုင်းလက်နက်ကိုင်အင်အားစုတွေထဲမှာ အားအကောင်းဆုံးနဲ့ သဘောထားအပြတ်သားဆုံး ပြောရမဲ့ KNU ကိုလဲ DKBA အပါအ၀င် နာမည်အမျိုးမျိုးနဲ့ငြိမ်းချမ်းရေးတပ်တွေဖြစ်ပြီး စိတ်ဝမ်းကွဲကုန်အောင် ခွဲထုတ်ခဲ့ပါ တယ်။

စစ်အုပ်စုက ကျွန်တော်တို့အင်အားစုတွေကို အဲသလိုခွဲထုတ်ခဲ့တာတွေပြောရရင် အများကြီးပါ ၊ ကျွန်တော်တို့ကြားမှာ တစ်ဦး ချင်းပုဂ္ဂိုလ်ရေးဖြစ်တဲ့ပြဿနာကို နိုင်ငံရေးပြဿနာပုံစံဖြစ်တဲ့ထိဆွဲယူပြီး အုပ်စုလိုက်ပြဿနာထိဖြစ်အောင်လုပ် ၊ ကျွန်တော် တို့ချင်းအားမလိုအားမရဖြစ်လို့ပြောရင် တဘက်ဝေဘန်ခံရသူဘက်ကနေနာသယောင် ၀င်ပြောရန်တိုက်ပေးပြီး ပြဿနာရဲ့ ရင်းမြစ်ပျောက်အောင်လုပ်ခဲ့တာ အကြိမ်ကြိမ်ရှိပါပြီ ။ ကျွန်တော်တို့တွေရဲ့အားနည်းချက်ကလဲ တခုခုဆို ဘုံရန်သူဦးတည် တိုက်ရေးဆိုတာပျောက်ပြီး အချင်းချင်းစကားနိုင်လုကြ ၊ ငယ်ကျိုးငယ်နာတွေဖေါ်ကြ ၊ ကိုယ်ရည်အပြိုင်သွေးကြနဲ့ ညီညွတ်ရေးဝေးသထက်ဝေး ဖြစ်ခဲ့ရသည်ချည်းသာပါပဲ ။

ဒီကနေ့ကျွန်တော်တို့ကြားမှာလိုနေတာက အချင်းချင်းယုံကြည်လေးစားမှုပဲ ၊ ရှစ်လေးလုံးကာလ၀န်းကျင်က တကယ့်ကို ကိုယ်ကျိုးစွန့်လုပ်ခဲ့ကြသူတွေဖြစ်ခဲ့ကြပါလျက် နှစ်၂၀ကျော်ကာလရောက်မှ ပရော့ဂျက်တွေ ၊ ပရိုပိုဆယ်တွေ ၊ ကမ့်ပိန်းတွေ ၊ အလှုခံတာတွေ ၊ လူမှုရေးပညာရေးကျန်းမာရေးလုပ်ငန်းတွေယောင်ယောင်ပြောင်းသွားတာတွေ ၊ နိုင်ငံခြားထွက်သွားတာ တွေ ၊ အတိုချုပ်ပြောရရင် တစ်ဦးချင်းကိုယ်ကျိုးစီးပွားနဲ့နေထိုင်မှုတွေပြန်ဖြစ်ကုန်တဲ့အတွက် တစ်ဦးလုပ်တာတစ်ဦး သံသယ အမြင်နဲ့ပဲဝေဖန်ဆုံးဖြတ်ကြပြီး ယုံကြည်လေးစားမှုမဲ့နေကြတဲ့အခြေနေဖြစ်နေတာကို ပြန်ပြင်ယူနိုင်ကြဘို့လိုနေပါတယ်။
“ပုဂ္ဂိုလ်ခင်ရင်တရားမင်တယ်”ဆိုသလိုပဲ ၊ ကျွန်တော်တို့ ပုဂ္ဂိုလ်ရေးယုံကြည်မှုတွေ ရင်းနှီးမှုတွေပြန်တည်ဆောက်ကြမှ ဖြစ်ပါ လိမ့်မယ် ၊ အဲဒီကနေမှကျွန်တော်တို့အားလုံး ညီညွတ်ရေးဆိုတာကိုသွားနိုင်မှာပါ ၊ ပုဂ္ဂိုလ်ရေးယုံကြည်လေးစားမှုမရှိရင် ညီညွတ်ရေးတည်ဆောက်ရမှာမဟုတ်သလို ညီညွတ်ရေးမလုပ်နိုင်သေးသမျှလဲ စစ်အုပ်စုလုပ်သမျှခံနေရဦးမှာပါ ၊ မတရားတဲ့ အမိန့်အာဏာတွေနဲ့တည်ဆောက်ထားတဲ့ စစ်တပ်ကြီးက ညီညွတ်ခိုင်မြဲနေပြီး အမှန်တရားကိုဆုတ်ကိုင်တိုက်ပွဲဝင်နေပါတယ် ဆိုတဲ့ကျွန်တော်တို့က ရန်ဘက်စစ်တပ်လောက်တောင်မစည်းလုံးနိုင်တာ ရှက်လဲရှက်စရာကောင်းလွန်းပါတယ်ဗျာ။

ရန်သူ့အကြိုက်ဖြစ်စေမဲ့ အချင်းချင်းအပုတ်ချအပြစ်တင်ပြဿနာရှာမှုမျိုးတွေကိုတားဆီးကြရမှာဖြစ်သလို အကျိုးဖြစ်ထွန်းလို စိတ်နဲ့ ကြောင်းကျိုးညီဝေဘန်ထောက်ပြအကြံပြုမှုတွေကိုလဲ ၀ိုင်းစဉ်းစားကြသင့်ပါတယ် ၊ ဥပမာ ဒေါ်စုနဲ့ပါတ်သက်ပြီး တယောက်ယောက်ကတခုခုဝေဘန်တယ်ဆိုကြပါစို့ ၊ ဒေါ်စုကိုဝေဘန်ရမလားလို့ မျက်စိစုံမှိတ်မပြောပဲ ဝေဘန်တဲ့အချက် လက်ကဘာလဲ ၊ ဘာရည်ရွယ်ချက်နဲ့ဝေဘန်ရတာလဲ လေ့လာသင့်ပါတယ် ၊ ဒေါ်စုက တန်ခိုးရှင်မဟုတ်ပါဘူး ၊ လူပါ ၊ လူထု အတွက်ခေါင်းဆောင်ကောင်းတစ်ယောက်သာဖြစ်ပြီး လူသားသာဖြစ်တဲ့အလျောက် မှားတဲ့အခါဆိုတာရှိနိုင်ပါတယ် ၊ အဲဒါကို သတိထားမိသူတွေက ထောက်ပြဝေဘန်တဲ့အခါ ၀ိုင်းမစဉ်းစားပေးပဲ ဝေဘန်သူကိုပဲဝိုင်းတိုက်ခိုက်ကြရင် ဒေါ်စုလဲသူမှားတာ ပြန်မပြင်နိုင်ပဲသတိထားမိမှာမဟုတ်သလို ဗမာပြည် ပြည်သူလူထုအတွက်လဲ အရမ်းထိခိုက်နစ်နာသွားမယ်ဆိုတာ သတိပြုမိ ကြဘို့လိုပါတယ် ။

ဒေါ်စုက လူထုခေါင်းဆောင်နေရာကို ထိုက်ထိုက်တန်တန်ရောက်ခဲ့သူပါ ၊ ဗိုလ်ချုပ်အောင်ဆန်းအရှိန်ကြောင့်မဟုတ်ပဲ ကိုယ် ပိုင်အရည်အချင်းနဲ့ရောက်ခဲ့သူပါ ၊ မိသားစုတစ်ကွဲတစ်ပြားနဲ့ နေအိမ်ဝန်းထဲတင်ကာလတာရှည်နေပြီး ဗမာပြည်သူတွေ အတွက် အများကြီးအနစ်နာခံပေးဆပ်ခဲ့သူပါ ၊ အဲဒါကိုအသိမှတ်ပြုလက်ခံတဲ့သူတွေကပဲ ဒေါ်စုလွဲချော်ခဲ့တယ်လို့ထင်တာ တွေကို ဝေဘန်ထောက်ပြရင်လဲ သူဘာသာစဉ်းစားအဖြေရှာရမှာဖြစ်ပြီး တခြားသူတွေက ဒေါ်စုနေရာကနေလိုက်နာ ရန်လုပ် နေရမှာမဟုတ်ပါဘူး ။ ဒေါ်စုဘေးမှာက ဒေါ်စုကိုဝေဘန်ထောက်ပြအကြံကောင်းပေးရဲသူတွေမရှိပဲ (မျှောလိုက်ယုံ) နောက် လိုက်တွေပဲရှိခဲ့တဲ့အတွက် NLD ဒီနေ့လိုအခြေနေရောက်ခဲ့ရတာပါ ။

NLD ကိုကျွန်တော်တို့ ဂန္ဒီကစပြီးအားမလိုအားမရဖြစ်ခဲ့ကြတာ နှစ်၂၀ရှိပါပြီ၊ ဒါပေမဲ့ပြည်တွင်း NLD ကို နိုင်ငံရေးတိုက်ပွဲ နည်းလမ်းမှာ တပ်ဦးပါတီအဖြစ်တန်ဘိုးထားမပျက်ခဲ့ပါဘူး ၊ ပြည်ပရောက်NLD(LA)တွေနဲ့ အဝေးရောက်အစိုးရဖွဲ့တဲ့NLDတွေ ကို သူလိုငါလိုထူးမခြားနားပဲ သဘောထားခဲ့ကြပေမဲ့ ပြည်တွင်းNLD ကိုတော့ ၁၉၉၀ ရွေးကောက်ပွဲရလာဒ်ကိုဆုတ်ကိုင် ရပ်တည်နေတဲ့ လူထုဦးဆောင်ပါတီအနေနဲ့ မျှော်လင့်ချက်တွေထားခဲ့ကြတာပါ ၊ နစ်နစ်နာနာမဟုတ်ပေမဲ့ထိထိရောက်ရောက် လဲ အကြိမ်ကြိမ်ဝေဘန်ခဲ့ဘူးပါတယ် ၊ အဲဒီအတွက် NLD ကဘာမှမပြောင်းလဲမပြုပြင်ခဲ့ပေမဲ့ ကျွန်တော်တို့ချင်းကြားမှာ သဘောထားကွဲလွဲမှုတွေဖြစ်ပြီး စည်းလုံးမှုသာပျက်သထက်ပျက်ခဲ့ရပါတယ် ။

ခုတော့ စစ်အုပ်စုက တဘက်သတ်ဖိထိုးလာရာကနေ ပွဲသိမ်းလက်သီးတစ်ချက်ကို (NLDပါတီဖျက်သိမ်းကြောင်းကြေငြာခြင်း နဲ့) အပိုင်ထိုးချလိုက်ပါပြီ ၊ ဒါဟာ NLD ကိုထိုးချလိုက်တယ်ဆိုတာထက် ကျွန်တော်တို့ဒီမိုကရေစီအင်အားစုတွေအားလုံးကို အပိုင်ထိုးချလိုက်တာပါ၊NLD ပြန်မထနိုင်ရင် NLD လဲရင် ကျွန်တော်တို့ပါလဲပြီလို့ အပိုင်တွက်ထိုးချလိုက်တာပါ၊ ဟုတ်ပါတယ်၊ ခုချိန်မှာ NLD တကယ်လဲသွားခဲ့မယ်ဆိုရင် ကျွန်တော်တို့တလျှောက်လုံးဆုတ်ကိုင်လာခဲ့တဲ့ ၁၉၉၀ ရွေးကောက်ပွဲရလာဒ်ပါ လုံးဝပျက်ဆီးသွားမှာပါ ၊ တဖြည်းဖြည်းလျော့ကျနေတဲ့ ပြည်သူတွေရဲ့ယုံကြည်မှုကိုလဲ ထပ်ပြီးဆုံးရှုံးစေမှာပါ ၊ ဒီလိုပဲ ၊ ကျွန်တော်တို့ချင်း ရန်ဖြစ်စကားများနေကြရတဲ့ တော်လှန်သူတွေလိုလို ၊ NGO တွေလိုလို ၊ ဒုက္ခသည်တွေလိုလို ဖိနှိပ်ခံဘ၀ မှာလုံးချာပတ်ချာလည်နေဦးမှာပါ ။

ဒီတော့ ရန်သူရဲ့အနိုင်ကျင့်မှုကြောင့် ပြိုလဲမလိုဖြစ်နေတဲ့ NLD ကို ပြန်ခံမချရကောင်းလားလို့ အားမလိုအားမရဖြစ် အပြစ်ဖို့ မနေကြတော့ပဲ ၊ ၀ိုင်းထူကျားကန်ပေးကြသင့်ပါတယ် ၊ နောက်ဆုံး NLD ကမထနိုင်တော့လို့ လဲပါပြီဆိုရင်တောင် ကျွန်တော်
တို့က NLD နေရာကနေ တိုက်ပွဲဝင်ကြရမှာပါ ၊ နောက်ဆုံးတိုက်ပွဲမဟုတ်ပေမဲ့ ခုချိန်ဟာ ဗမာပြည်သမိုင်းအတွက် အရေး ကြီးတဲ့အချိုးအကွေ့ဖြစ်နေပါပြီ ၊ ကျွန်တော်တို့ချင်းရဲ့ ပုဂ္ဂိုလ်ရေးတွေ ၊အမုန်းတွေ ၊ အာဃာတတွေ ၊ အမြင်မတူတာတွေ ခနမေ့ထားပြီး ဘုံရန်သူကိုပဲ ဦးတည်တိုက်ပွဲဝင်ကြရမှာပါ ၊ “မင်းတို့ထင်သလိုလုပ်မရစေရဘူး” လို့ စစ်အာဏာရှင်တွေကို သံပြိုင်ဟစ်ကြွေး စိန်ခေါ်ကြရအောင်ပါ ။

တော်လှန်ရေးသစ္စာခိုင်မာမှုဖြင့်
**မောင်ချင့်ချိန်**

စစ်အုပ်စုကား NLD ပါတီဖျက်သိမ်းကြောင်းကြေငြာခြင်းနဲ့ နောက်ထပ်ခြေတစ်လှမ်းရှေ့တိုးလိုက်ပြန်ပါပြီ ၊ ချိန်ခွင်ရှာတဘက် စောင်းနေတဲ့ နိုင်ငံရေးအခြေအနေမှာ မကြေမနပ်ဖြစ်ယုံကလွဲလို့ ကျွန်တော်တို့ဘာမှမတတ်နိုင်သေး ၊ စစ်အုပ်စု တနေ့ဒီလို လုပ်မယ်ဆိုတာသိပြီးသားဖြစ်ပါလျက် ညီညီညွတ်ညွတ်နဲ့ကြိုတင်ပြင်ဆင်မှု ကျွန်တော်တို့ ဒီမိုကရေစီအင်အားစုတွေဘက်က လုပ်မှမလုပ်ထားနိုင်တာ ၊ စစ်အုပ်စုအနိုင်ကျင့်တာခံရတိုင်း(ထုံးစံအတိုင်း) အချင်းချင်းအပြစ်ဖို့ကြရင်း ပေါက်ကွဲချင်နေမှုတွေ ကိုအာသာဖြေကြတော့ စစ်အုပ်စုအကြိုက် ဖြစ်ပြီးရင်းဖြစ်ရင်း ဘုံရန်သူကိုလက်တွဲတိုက်ဘို့ ညီညွတ်ရေးမတည်ဆောက်နိုင် ဖြစ်နေခဲ့တာ ၂၂နှစ်သက်တမ်းကျော်ခဲ့ပါပြီ ။

No comments:

Total Pageviews

Labels

ပညာပေး (1488) ကာတွန်းဟာသ (1343) ဟာသ (899) ဆောင်းပါး (822) ကဗျာ (777) သတင်း (533) .ဆောင်းပါး (512) အက်ဆေး/၀တ္ထုတို (504) ကြော်ငြာ (432) နိုင်ငံတကာထူးခြားသတင်း (388) ပညာပေး... (326) နိုင်ငံတကာ ထူးခြားသတင်း (321) ကဗျာ (279) နိုင်ငံတကာအခြားသတင်း.. (253) ကဗျာ… (228) ပုံပြင် (220) ဆောင်းပါး…. (203) အက်ဆေး (191) ဘောလုံးဟာသ...။ (156) သဘောထားအမြင် (149) Cartoon (145) သတင်း.... (139) ကဗျာ... (136) ကဗျာ..... (132) ပညာပေး.. (131) နိုင်ငံတကာ အခြားသတင်း.. (123) ပြည်တွင်းသတင်း (118) သတင်း..။ (114) သတင်းတို (111) သရော်စာ… (106) ဝတ္ထုတို (105) ၀တ္ထုတို (95) ဓါတ်ပုံသတင်း (81) သတင်း.. (79) ပေးစာ (79) ဘာသာပြန် ဝတ္ထုတို (75) ဓာတ်ပုံသတင်း (72) ကာတွန်း (64) ဓာတ်ပုံသတင်း..။ (64) သရော်စာ (64) နိုင်ငံတကာ အခြားသတင်း (60) ဓာတ်ပုံသတင်း.. (54) မေတ္တာစာ (54) အောက်မေ့ဘွယ်စာလွှာ (53) သတင်း. (47) ဘာသာပြန်အက်ဆေး (46)်ပုံပြင် (45) ကာတွန်းဟာသ- (44) ဘောလုံးဟာသ... (44) နိုင်ငံတကာအခြားသတင်း (43) -ကာတွန်းဟာသ (40) နိင်ငံတကာ အခြားသတင်း (39) ကဗျာ. (37) သတင်းဆောင်းပါး (36) News (35) ကာတွန်း ဟာသ (34) ပညာပေး) (33) ကဗျာ(ဟာသ) (32) ဟာသကဗျာ (32) အောင်မြင်ရေးဒဿန (30) xပညာပေး) (29) ကြေညာချက် (28) ရုပ်သံ သတင်း (25) ဂျာနယ် (24) TV (23) နိုင်ငံတကာ အခြားသတင်း. (23) ဘာသာပြန်ဆောင်းပါး (20) ရင်ဖွင့်သံ (19) သရဲဇာတ်လမ်း (19)်ပုံင်္ပြင် (18) ထုတ်ပြန်ချက် (14) ဓာတ်ပုံ (13) ဘာသာပြန်ပုံပြင် (13) ဓာတ်ပုံသတင်း (12) သတင်းဓါတ်ပုံ (12) သီချင်း (12) အင်တာဗျူး (12) အတွေးအမြင် (12) ဓာတ်ပုံသတင်း. (11) ပုံင်္ပြင် (11) အယ်ဒီတာ့ထံပေးစာ (11) ဥာဏ်စမ်း (11) Photo News (10) poem (10) ဂျာနယ် (10) ဟာသအက်ဆေး (10) (ကျန်းမာရေး ပညာပေး) (9) . (9) x ပညာပေး) (9) ဘာသာပြန် (9) The Article (8) ခရီးသွား.ဆောင်းပါး (8) နိုင်ငံတကာအခြားသတင်း (8) ဘာသာရေးဆောင်းပါး (8) သတင်း.ဆောင်းပါး (8) ဗေဒင် (8) သတင်းတို. (7) ဟာသ ဝတ္ထုတို (7) တဘောင် (6) ကှဗျာ (5) နိုင်ငံထူးခြားသတင်း (5) ဘာသာရေး၊ဓမ္မပုံပြင် (5) မိန့်ခွန်း (5) သမိုင်းစကား၊ ပန်းစကား (5) ဟာသ ဓာတ်ပုံ (5) အားကစားသတင်း (5) song (4) ကာတွန်းဟာသ (4) စကားပုံ (4) ထူးခြားသတင်း (4) ပညာပေ; (4) သတင်း.တို. (4) သရော်စာ (4) ဟာသ- (4)်ဆောင်းပါး (4) -ကာတွန်းဟာသ- (3) interview (3) ထုပ်ပြန်ချက် (3) ဓမ္မဒါန (3) ဓါတ်ပုံအက်ဆေး (3) ဓာတ်ပုံအက်ဆေး (3) ပညာပေ (3) ဖိတ်စာ (3) ရုပ်သံ (3) သတင်း.တို.။ (3) ဟာသ အင်တာဗျူး (3) ဟာသ. (3) အင်တာဗျူးး (3) အတိုဆုံးဝတ္ထုတို (3) အယ်ဒီတာ့အာဘော် (3) ဘောလုံးဟာသ. (3) (ဟာသ) (2) By....meepyatite (2) Statement (2) Story (2) With Best Regards (2) aဆာင်းပါ (2) ကန်တော့ချိုး (2) ကျန်းမာရေး ပညာပေး (2) ဇာတ်လမ်းတို (2) ပန်းချီ (2) ပုံပြင် (2) ဘာသာပြန်ကဗျာ (2) ရုပ်ပုံအတွေး (2) ဟာသပုံပြင် (2) အစီရင်ခံစာ (2) အမှတ်တရ (2) အတွေး (2) ဦးဦး မှော်ဆရာ (2) ဆောင်းပါ (2) ပြဇာတ် (2) (xပညာပေး) (1) (ပညာပေး) (1) ) (1) .... (1) 2010 at 11:22pm (1) =နိုင်ငံတကာ အားကစားသတင်းများ (1) Announce (1) By: Sara Yin (ကျန်းမာရေး ပညာပေး) (1) By; Silver Moon အင်တာဗျူး (1) General Knowledge (1) Joke (1) Photo Essay (1) Thanks (1) aဆာင်းပါး (1) khana.na155 ကဗျာ (1) minkonaing (1) ကဗျာ( (1) ကဗျာ… By..Blue gyee (1) ကာတွန်းဟာသ <br /> <br /> (1) ကိုယ်တိုင်ရေးကဗျာ သီဟသူ (1) ခရီးသွားဆာင်းပါး (1) ခရီးသွားဆောင်းပါး (1) စကား (1) စကားပုံ (1) စာစု (1) စိုးမိုးကျော် (ဟာသ) (1) ဆက်သွယ်ရန် (1) ဓါတ်ပုံအက်ဆေး (1) ဓာတ်ပုံအက်ဆေး (1) ဓာတ်ပုံအတွေး (1) နူတ်ခွန်းဆက်လွှာ (1) (1) ပညာပေ;း (1) မိန့်ခွန်း (1) ရုပ်ရှင် (1) သတင်း နှင့်ဟာသ (1) သတင်း.တို (1) သတင်းကဗျာ (1) သတင်းသီချင်း (1) သရော်ကဗျာ (1) ဟသ (1) ဟာသအင်တာဗျူး (1) ဟိုအကြောင်း ၊ဒီအကြောင်းသူတို့ အကြောင်း (1) အဆိုအမိန့် (1) အထ္ထုပ္ပတ္တိ) (1) အားကစားသတင်းများ (1) အခြားသတင်း (1) ဦးဦး မှော်ဆရာ ပညာပေး.. (1)ုပုံပြင် (1) ဆောင်းပါ; (1) ပေးပို့ သူ .. စိုးမိုးကျော် ဟာသ (1) ပေးပို့ သူ...သက်နိုင် ကဗျာ… (1) ပေးပို့ သူ…greenleave (1)်ပုံပြင် (1) (1) ရုပ်သံ (1) • Posted by thant zin htwe on နိုဝင်ဘာ 19 (1) …. (1)