ပင်လယ်ကူးသင်္ဘောတစ်စီး၌ ကပ္ပတိန်က သင်္ဘောသားအား `ယနေ့ သင်္ဘောသား အရက်မူးသည်´ဟု မှတ်ချက်ရေးလိုက်၏။ ထိုသင်္ဘောသားသည် စိတ်ထဲ၌ မခံနိုင်ဖြစ်ကာ သင်္ဘောကပ္ပတိန်အား…
`ကျနော် အရက်တစ်ကြိမ်ပဲ သောက်ဖူးလို့ အရက်သမားဆိုတဲ့အမှား အဖြစ်မခံနိုင်ပါဘူး။ မှတ်ချက်ကို ဖျက်ပေးစေချင်ပါတယ်´ဟု ပြောရာ ကပ္ပတိန်က…
`အမှန်ကို အမှန်အတိုင်းရေးတာကွ´ဟု ပြော၏။
နောက်တစ်ပတ် ထိုသင်္ဘောသား မှတ်တမ်းရေးတာဝန်ကျသောအခါ မှတ်တမ်းထဲ၌ ရေးသွင်းလိုက်ပုံမှာကား…
`ယနေ့ ကပ္ပတိန် အရက်မမူးပါ´ဟူ၏။
** စိန်ငှက်ရိုး **
(အရက်သမားလောက ဟာသများမှ)
**(အရက်သမားလောက ဟာသများ)**

No comments:
Post a Comment