** အသီးအရွက်များများစားလျှင် ကျောက်ကပ်ရောဂါ ကာကွယ်ပေးနိုင် **
(နယူးယောက်၊ စက်တင်ဘာလ ၁၈-ရက်)
သွေးတိုးရောဂါ မဖြစ်အောင် နေထိုင်စားသောက်ခြင်းဖြင့် ကျောက်ကပ်ရောဂါဖြစ်ပွားခြင်းကို ကာကွယ်ပေးနိုင်ဖွယ်ရှိကြောင်း သုတေသနပညာရှင်များက သတင်းထုတ်ပြန်သည်။ ဟင်းသီးဟင်းရွက်များနေ့စဉ်စားသုံးပေးခြင်းဖြင့် သွေးတိုးရောဂါဖြစ်ပွားမှုမှ လျော့ကျစေနိုင်ပြီး ကျောက်ကပ်ရောဂါကိုလည်း ကာကွယ်ပေးနိုင်လိမ့်မည် ဖြစ်ကြောင်း အမေရိကန်သုတေသီများက တွေ့ရှိထားသည်။ အဆိုပါအဖွဲ့က လူပေါင်း ၃၄၂၆ ဦးတို့အား အသီးအရွက်စားသုံးမှုနှင့် ကျောက်ကပ်ရောဂါဖြစ်ပွားမှုကို နှိုင်းယှဉ်၍ သုတေသနပြုခဲ့ရာတွင် အသီးအရွက်စားသုံးသူများမှာ ကျောက်ကပ်ရောဂါ ဖြစ်ပွားမှုနှုန်း နည်းပါးသည်ဟု ဆိုသည်။ (အင်တာနက်)
** Public Health **

No comments:
Post a Comment