(လန်ဒန်၊ စက်တင်ဘာလ ၂၂-ရက်)
ပေါ်တူဂီအသင်းကို ၂၀၁၀ ကမ္ဘာ့ဖလားပွဲနဲ့ ယူရို ၂၀၁၂ ခြေစစ်ပွဲတွေမှာ ကိုင်တွယ်မှုအားနည်းခဲ့လို့ နည်းပြကာလို့စ်ကွီရော့ဇ်ကို ဖယ်ရှားပြီး ပေါ်တူဂီဘောလုံးအဖွဲ့ချုပ်က နည်းပြသစ်အဖြစ် ပေါလိုဘန်တိုကို စက်တင်ဘာလ ၂၁-ရက်က ခန့်အပ်တာဝန်ပေးအပ်လိုက်ပြီဖြစ်သည်။ (အင်တာနက်)
** ကားလင်းဖလားပြိုင်ပွဲ အာဆင်နယ်ဂိုးပြတ်နိုင် **
(လန်ဒန်၊ စက်တင်ဘာလ ၂၂-ရက်)
ကားလင်းဖလား ဘောလုံးပြိုင်ပွဲများကို စက်တင်ဘာလ ၂၁-ရက်နေ့ ညပိုင်းက ယှဉ်ပြိုင်ကစားခဲ့ရာ အာဆင်နယ်က တော့တင်ဟမ်ဟော့စပါး အိမ်ကွင်း၌ လေးဂိုး- တစ်ဂိုးဖြင့် အနိုင်ရလိုက်သည်။ (အင်တာနက်)
** လီဗာပူးနည်းပြဟောင်း ဟူလီယာ အက်စ်တွန်ဗီလာနှင့် သုံးနှစ်စာချုပ် **
(လန်ဒန်၊ စက်တင်ဘာလ ၂၂-ရက်)
လီဗာပူးနည်းပြဟောင်း ဂျရတ်ဟူလီယာသည် အက်စ်တွန်ဗီလာအသင်းနှင့် သုံးနှစ်စာချုပ် ချုပ်ဆိုလိုက်သည်။ အသက် ၆၃ နှစ်အရွယ်ရှိပြီးဖြစ်သော ဂျရတ်ဟူလီယာသည် ၂၀၀၁ ခုနှစ်က လီဗာပူးအသင်းနှင့်အတူ အက်ဖ်အေဖလားနှင့် ယူအီးအက်ဖ်အေဖလားတို့ကို ရယူပေးနိုင်ခဲ့သူ ဖြစ်သည်။ (အင်တာနက်)
** စုစည်းဘာသာပြန်- မောင်မောင်မြင့်ဆွေ **
** ပေါ်တူဂီနည်းပြသစ် ဘန်တို **

No comments:
Post a Comment